၁၀ ဇန်နဝါရီ ၂၀၂၃ - ၂၀:၂၃
အသက်ရှည်စေသည့် နည်းလမ်း

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် အသက်ရှည်စေသည့် နည်းလမ်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဒအ်ဝါသ် သွန်ရ် ရဝါဒီ ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

امام جعفر صادق علیه السلام:

يَعيشُ النّاسُ بِاِحْسانِهِمْ اَكْثَرَ مِمّا يَعيشونَ بِاَعْمارِهِمْ وَ يَموتون بِذُنوبِهِمْ اَكْثَرَ مِمّا يَموتونَ بِآجالِهِمْ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။

လူများသည် မိမိတို့၏ ကောင်းမှုကုသိုလ်များကြောင့် အသက်ရှည်ကြပြီး သဘာဝ အရ သေခြင်း (အလ္လာဟ်သတ်မှတ်ထားသည့်ရက်အတိုင်း သေခြင်း) ထက် မိမိတို့၏ ဂိုနဟ်(ခ) အပြစ်များ ကြောင့် သေကြပါသည်။ (ဆိုလိုသည်မှာ လူများသည် ကောင်းမှုကုသိုလ်ကြောင့် အသက်ရှည်ကြပြီး ၊ မကောင်းမှု ဂိုနဟ် (ခ)အပြစ်များ ကြောင့် အသက်တို ကြပါသည်။ )

ကျမ်းကိုး ။ ။ ဒအ်ဝါသ် သွန်ရ် ရဝါဒီ  ကျမ်း ၊ စာမျက်နှာ ၂၉၁ ၊ ဟဒီးစ်တော် ၃၃

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အသက်ရှည်အောင် ပါတွေလုပ်သင့် လုပ်ထိုက်ကြောင်း ထင်ရှား စွာ သိရှိမည် ဖြစ်ပါတယ်။

****************************************************************

END / 251