အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ အစ္စလာမ် နိုင်ငံမဟုတ်သည့် နိုင်ငံများ တွင် အသားဝယ်ယူခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
အကြင်သူတစ်ဦး တစ်ယောက်သည် အစ္စလာမ် နိုင်ငံ မဟုတ်သည့် နိုင်ငံ တွင် ဘဝ တည်ဆောက်ပါတယ်။ ၎င်းအနေဖြင့် တရားတော်နှင့် အညီ သတ်ထားခြင်း ကို မသိဘဲ မွတ်စလင်ဆိုင်ရှင် ထံ ဝယ်လို့ ရပါသလား ?
အဖြေ
အကယ်၍ အသား ရောင်းသူများ သည် မွတ်စလင်မ် များ ဖြစ်မည်။ ပြီးနောက် ရှရီအီတရားတော် နှင့်အညီ သတ် တာလည်း ဖြစ်နိုင်ချေရှိသည် ဆိုလျင် ထို မွတ်စလင်မ် များထံ မှ အသားဝယ်ယူ ခြင်း စားသောက်ခြင်းတွင် မည်သည့် ပြဿနာ မှ မရှိချေ။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
မှတ်ချက် - ဟလာလ် အသားများ ၊ ရှရီအီ တရားတော် နှင့်အညီ သတ်ထားသည့် အသားများ ကိုသာ ဝယ်ယူ စားသုံး နိုင်ဖို့ ကြိုးစားရမည် ဖြစ်ပါတယ်။
****************************************************************
END / 251