အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဘေဟာရိုလ်အန်နဝါရ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول الله صلی الله علیه وآله وسلم:
مَنْ اقْرَضَ مُؤمِناً قَرْضاً ینْتَظِرُ بِهِ مَیسُورَهُ کانَ مالُهُ فی زکاةٍ وَ کانَ هُوَ فی صَلاةٍ مِنَ الْمَلائِکةِ حَتّی یؤَدّیهِ الَیهِ .
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
အကြင်မည်သူမဆို မိုအ်မင် တစ်ဦးတစ်ယောက် အား အကြွေးပေးချေး မည်။ပြီးနောက် (၎င်း အခြေအနေ အဆင်မပြေ ကြပ်တည်းမှု ကြောင့်) ၎င်းထံမှ အကြွေးပြန်လည်ရယူရန် အတွက် စောင့်ပေမည်။ (ပြီးနောက် ၎င်းအား အကြွးပြန်ဆပ်ဖို့ ဖိအားမပေးမည်။ အကြပ်မကိုင်မည်) ဆိုလျင် ပေးချေးထားသည့် ငွေ သည် (အလ္လာဟ်ဟို အရှင်မြတ် ၏အနီး) တွင် ဇကားသ် စာရင်း ဝင် သွားပေမည်။ ပြီးနောက် ၎င်း ပေးချေးထားသည့် အကြွေး အား ပြန်မဆပ်မခြင်း ကောင်ကင်တမန်များ မှ ၎င်းပေးချေးသူ အပေါ် သရူးဒ် နှင့် စလာမ် ပို့သနေမည် ဖြစ်ပါသည်။
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း / အတွဲ ၁၀၃ / စာမျက်နှာ ၁၃၉
မှတ်ချက် - အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး အကြွေးပေးချေးသူ များ သည် အကြွေးယူသွား သည့် မိမိ ၏ မိုအ်မင် မိုအ်မေနသ် အတွက်အမှန်တကယ် အခက်အခဲဖြစ်နေချိန် တွင် ထိုသူများ အကြွေးဆပ် နိုင်ရန် အချိန် ပို အခွင့်အရေး ပေးသင့်ပါတယ်။ အကြွေးဆပ်ရမည်သူများ အနေဖြင့် လည်း အမှန်တကယ် အခက်အခဲ ဖြစ်မှ သာ အခွင့်အရေး ယူသင့်ပါတယ်။ တမင် လုပ်ခြင်းမျိုး မပြုရန် သတိရှိရပါမည်။ တမင် ပြန်မဆပ်မည်ဆိုသည့် နီယသ် ဖြင့် အကြွေးယူ ခြင်းသည် ခိုးခြင်း မည် ကြောင်း အခြားဟဒီးစ် တော်တွင် လာရှိပါတယ်။
****************************************************************
END / 251