အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ ဆော်ဒီ အာရေးဗီးယား နိုင်ငံခြားရေးဝန်ကြီး ဇိုင်ဇဲလ်ဘင်န်ဖရ် ဟန် ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်း တွင် အီရန် သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီနှင့် တွေ့ဆုံ ပြီး အမျိုးမျိုး သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။
တွေ့ဆုံသည့် အခါသမယတွင် ဆော်ဒီ အာရေးဗီးယား နိုင်ငံခြားရေးဝန်ကြီး ဇိုင်ဇဲလ်ဘင်န်ဖရ် ဟန် ဆော်ဒီ ဘုရင်ထံ မှ အီရန်သမ္မတထံသို့ တရားဝင် လာရောက် လည်ပတ်ရန် ဖိတ်ကြား သည့် သတင်းကို ပြောကြားခဲ့ပါတယ်။
မှတ်သားသင့်သည်မှာ ၇ နှစ်အကြာတွင် ဆော်ဒီနိုင်ငံရေးခေါင်းဆောင်မှ တီဟီရန်သို့ ပထမဆုံး လာရောက် လည်ပတ်ခြင်းလည်းဖြစ်ပါတယ်။
ဆော်ဒီ အာရေးဗီးယားနိုင်ငံခြားရေးဝန်ကြီးက တီဟီရန်သို့လာရောက်လည်ပတ်မှုအပေါ် ကျေနပ် ပျော်ရွှင်မှု ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မကြာမီ တီဟီရန်ရှိ ကျွန်ုပ်တို့၏သံရုံးကို ပြန်လည် ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက ကြားဝင်ဖျန်ဖြေပေးသော ဆော်ဒီ-အီရန် ဆက်ဆံရေး ပြန်လည်ထူထောင်ပြီး လအနည်း အချိန် အတွင်း အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတ နိုင်ငံ မှ ရေရာဇ် နှင့် ဂျစ်ဒဟ်မြို့ များတွင် မိမိ၏ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများကို ဖွင့်လှစ်ထားပြီးဖြစ်တယ်။
****************************************************************
END / 251