၂၇ ဇွန် ၂၀၂၃ - ၀၅:၅၄
စုပေါင်း ဒိုအာယေ အရ်ဖဟ် မနက်ဖန် မအ်စူမဟ် ကွမ်း (စ.အ) ရောင်ဇာတော် တွင် ဖတ်ရွတ်မည်

ဟဇရသ်ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ကွမ်းရောင်ဇာတော် ၏ အများပြည်သူ့ ဆိုင်ရာ ဆက်သွယ်ရေး နှင့် ပြန့်ကြား ဆိုင်ရာဌာန ၏ ကြိုးပမ်း မှုဖြင့် မနက်ဖန် ဇွန်လ ၂၈ ရက်နေ့ အီရန်ဒေသစံတော်ချိန် ညနေခင်း၄ နာရီ တွင် ရောင်ဇာတော် တွင် စုပေါင်း ဒိုအာယေ အဖ်ဖသ် ဖတ်ရွတ် မည် ဖြစ်ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

H.I မဲဟ်ဒီ ဟိုစိုင်းန် ဇါဒေဟ် အနေဖြင့်  မဲဟ်ရ် သတင်းဌာန သတင်းထောက်အား မနက်ဖန် ဇွန်လ ၂၈ ရက်နေ့ အီရန်ဒေသစံတော်ချိန် ညနေခင်း၄ နာရီ တွင် ရောင်ဇာတော် တွင် စုပေါင်း  ဒိုအာယေ အဖ်ဖသ် ကျင်းပမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

ဤအခမ်းအနားတွင် ဟောင်ဇာ နှင့် တက္ကသိုလ် ဆရာ အကျော်အမော် တရားဟော ဆရာ H.I ပနာဟီးရာန်း မှ  တရားဟောကြားမည် ဖြစ်ပြီး  ဟာဂျ် ဆယက်ဒ် မဲဟ်ဒီ မီးရ်ဒါမါဒ် မှ ဒိုအာ ယေ အရ်ဖဟ် ကို ရွတ်ဖတ်မည် ဖြစ်ပါတယ်။

H.I မဲဟ်ဒီ ဟိုစိုင်းန် ဇါဒေဟ် အနေဖြင့်  ဆက်လက်ပြီး ဤအခမ်းအနား ကို အိုဖိုက်ရုပ်မြင်သံကြား ၊ ကွမ်း ရုပ်မြင်သံကြား နှင့် ကွမ်း ရေဒီယို တို့ မှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးနောက် ဤအခမ်းအနား တွင် ဟဇရသ် မွတ်စ်စလင်မ်ဘင်န်အကီးလ် (အ.စ) ၏ရှဟာဒသ် နှင့်  ရှဟီးဒ် အာယာသွလ္လာဟ် ဘေဟစ်ရှ်သီ(ရ.ဟ) နှင့် အပေါင်းအပါ ရှဟီးဒ် ၇၂ ဦး တို့၏ ရှဟာဒသ် နေ့  အတွက် အောက်မေ့ဖွယ် ဝမ်းနည်း ခြင်း အစီအစဥ် များကိုလည်း ပြုသွားမည် ဖြစ်ကြောင်း H.I မဲဟ်ဒီ ဟိုစိုင်းန် ဇါဒေဟ် မှ ပြောကြား ခဲ့ပါတယ်။

 

****************************************************************

END / 251