အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ ဆော်ဒီ အာရေးဗီးယား ၏ တရားဝင် သတင်း အေဂျင်စီ ၏အဆိုအရ OIC ၏ အကြီးအကဲအဖြစ် ဆော်ဒီ အာရေးဗီးယား နိုင်ငံ သည် ဆွီဒင်နိုင်ငံရှိ ကျမ်းတော်မြတ်ကုရ်အာန်အား စော်ကား ခြင်းအား ဆန့်ကျင် သည့် အနေဖြင့် OIC ၏ အစိုးရကြားဖြတ် အုပ်ချုပ်မှုကော်မတီ အစည်းအဝေးကို ခေါ်ယူခဲ့ပါတယ်။
အသေးစိတ် အချက်အလက်များအရ OIC အစည်းအဝေးကို ဆွီဒင်နိုင်ငံ၏ မြို့တော် စတော့ဟုမ်းမြို့ရှိ ဗလီ အပြင် ဘက်တွင် ကုရ်ဘာနီ အီးဒ် နေ့ တွင် ကျမ်းတော်မြတ်ကုရ်အာန်အား စော်ကား ခဲ့သည့် ရှက်ဖွယ်လုပ်ရပ် နှင့်ပတ်သက်ပြီး ဂျစ်ဒဟ် မြို့ ရှိ အဖွဲ့အစည်းရုံးချုပ်တွင် ဆွေးနွေး ပွဲ ကို ကျင်းပသွားမည်ဖြစ်ပါတယ်။
အစည်း အဝေး တွင် အတွင်း ဘုံရပ်တည်ချက်နှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်သည့် အဆင့်များ ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဗ်ဒိုလ္လာဟ်ဟီရာန်း နှင့် OIC အထွေထွေအတွင်းရေးမှူး ဟိုစိုင်းန် အီဗရာဟီးမ်သွာဟာ တို့အကြား တယ်လီဖုန်းပြောဆိုမှုအပြီးတွင် အီရန်နိုင်ငံ ခြား ရေးဝန်ကြီးက အစ္စလာမ် နိုင်ငံ များ ၏ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေး ခေါ်ယူရန် အကြံ ပြုခဲ့ ပါတယ်။
အစောပိုင်းတွင် အီရန် သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် ရအီစီ မှ အဆိုပါဖြစ်ရပ်ကို လက်ခံ နိုင်ဖွယ်မရှိဟု ကြေငြာခဲ့ပြီး အနောက်နိုင်ငံများတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အမည်ဖြင့် မွတ်စလင်မ် များ၏ အလေးအမြတ် အထွတ်အထိတ် ထားသည့်အရာများကို စော်ကားခြင်းသည် လက်ခံ မည် မဟုတ် ကြောင်း ပြောကြားခဲ့ပါတယ်။
မွတ်စ်လင်မ်တို့၏ ကျမ်းမြတ်ကုရ်အာန်ကျမ်းကို နိုင်ငံတော်၏ပံ့ပိုးမှုဖြင့် ဆွီဒင်နိုင်ငံ၏မြို့တော်တွင် စော်ကား သည်ကို သတိရသင့်ပါတယ်။ ဆွီဒင် တရားရုံး ၏ခွင့်ပြုချက်အရ၊ ဗုဒ္ဓဟူးနေ့က စတော့ဟုမ်းမြို့လယ် ဗလီအပြင် ဘက်တွင် အစွန်းရောက် လူယုတ်မာ သူနှစ်ဦးက ကျမ်းတော်မြတ်ကုရ်အာန်စာမျက်နှာများကို မီးရှို့ စော်ကားခဲ့ပါ တယ်။
ဒီအဖြစ်အပျက်ဟာ မွတ်စလင်မ်များ ၏ ကုရ်ဘာနီ အီးဒ်နေ့ တွင် စော်ကားခဲ့ခြင်း ဖြစ်ပါတယ် ။ ဤအချိန်ကာလ ဟာ သန်းနဲ့ချီသည့် မွတ်စလင်မ်များ ဟဂျ် တာဝန် ကို ထမ်းဆောင် ရန် မက္ကာဟ် ရွှေမြို့တော် သို့ သွားရောက် သည့် အချိန်အခါ ဖြစ်ပါတယ်။
****************************************************************
END / 251