အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ သည် ကင်ညာ နိုင်ငံ ခရီးစဥ် တွင် မြို့တော် နိုင်ရိုဘီရှိ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ သံရုံး ရှိ အီရန်နှင့် ကင်ညာ ဆိုင်ရာအီရန် သံအမတ်ကြီး ဒေါက်တာ ဂျအ်ဖရ် ဘရ်မကီ နှင့် ကင်ညာနိုင်ငံ ရှိ ယဉ်ကျေးမှုနှင့် ဘာသာရေး ဆိုင်ရာ အရေးပါအရောက် ပုဂ္ဂိုလ်များက အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီအားလှိုက်လှဲစွာ ကြိုဆို ဂုဏ်ပြုခဲ့ကြ ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ သံရုံး ရှိ အီရန်နှင့် ကင်ညာ ဆိုင်ရာအီရန် သံအမတ်ကြီး ဒေါက်တာ ဂျအ်ဖရ် ဘရ်မကီ မှ အီရန်နိုင်ငံ ကွမ်းမြို့ ရှိ ဂျာမေအသိုလ်မွတ်စ်သဖွာ(ဆွ) တွင် ပညာသင်ယူ ဆည်းပူးနေသည့် ကင်ညာ လူငယ်အများ အပြားဘက်သို့ ရည်ညွှန်း ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) တက္ကသိုလ် မှလည်း အာဖရိက ကျောင်းသား များအား နေရာပေးနိုင်ပြီး ကင်ညာ ရှိ လူငယ်များ ကိုခေါ်ယူဖို့ အခွင့်ကောင်း ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ ၏ ကင်ညာ ခရီးစဉ်အတွင်း အစီအစဉ်များ တွင် ယဉ်ကျေးမှု နှင့် ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ် များနှင့် တွေ့ဆုံခြင်း ထိုအပြင် ကင်ညာနိုင်ငံရှိ ဘာသာရေး စင်တာ အချို့ ကို သွားရောက် လေ့လာ ခဲ့ပြီး မွတ်စလင်မ် လူငယ် ညီလာခံ ကို တက်ရောက် ခဲ့သည် ဟု သိရှိရပါတယ်။ထိုညီလာခံ တွင် အီမာန် ၊ နည်းပညာ၊ ပညာ ၊ အာဖရိက၏ အနာဂတ် စသည့်ခေါင်းစဥ်များပါဝင်ပြီးကင်ညာ ၊ တန်ဇန်းနီးယား၊ အီသီယိုးပီးယား၊ ကင်ညာ၊ ယူဂန်ဒါ၊ မာလာဝီ၊ ကွန်ဂို၊ ကင်ရှာဆာ နှင့် ဘူရွန်ဒီစသည့် နိုင်ငံအသီးသီးမှ ရှီအဟ် လူငယ်များ တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။
END / 251