၅ အောက်တိုဘာ ၂၀၂၃ - ၀၉:၁၀
   H.I ဟာဂျ် ဆယ်ဒ် ဂျဝါဒ် ရှဲဟ်ရေစ်သာနီ ရောဂါ ကုသမှု နောက်ဆုံး အစီရင်ခံစာ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ဘက်စုံ ခွင့်ပြုချက်ရထားသည့် ကိုယ်စားလှယ် H.I ဟာဂျ် ဆယ်ဒ် ဂျဝါဒ် ရှဲဟ်ရေစ်သာနီသည် မနေ့က အောက်တိုဘာလ ၄ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ဘက်စုံ ခွင့်ပြုချက်ရထားသည့် ကိုယ်စားလှယ် H.I ဟာဂျ် ဆယ်ဒ် ဂျဝါဒ် ရှဲဟ်ရေစ်သာနီသည် လုံးသွေးကြောဆိုင်ရာ ကိစ္စများကြောင့် ဆေးရုံတက်ခဲ့ရပြီး အောက်တိုဘာလ ၄ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက်တွင် သွေးကြောများ ပိတ်ဆို့ခြင်းကြောင့် သွေးလွတ်ကြောများ ခွဲစိတ်မှုကို  ပြုလုပ်ခဲ့ရပါတယ်။

H.I ဟာဂျ် ဆယ်ဒ် ဂျဝါဒ် ရှဲဟ်ရေစ်သာနီ ၏ဆရာဝန်များက ခွဲစိတ်ပြီးနောက် ၎င်း၏အထွေထွေအခြေအနေသည် ကျေနပ် ဖွယ်ကောင်းကြောင်း အစီရင်ခံတင်ပြခဲ့သော်လည်း သွေးတိုးခြင်း၊ ပြင်းထန်သောဆီးချိုရောဂါနှင့် အသက်အရွယ် အခြေအနေများကြောင့် ပြန်လည်ကောင်းမွန်လာချိန်တွင် ပိုမိုဂရုစိုက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

H.I ဟာဂျ် ဆယ်ဒ် ဂျဝါဒ် ရှဲဟ်ရေစ်သာနီ သည် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ၏ သားမက်လည်း ဖြစ်ပြီး  မိမိထံ အကူအညီ တောင်းသူမှန်သမျှ အား မိမိတတ်နိုင်သည့် ဘက်မှ ကူညီသည့် အာလင်မ် တစ်ပါးလည်း ဖြစ်ပါတယ်။  မိုအ်မင်များ မိုအ်မေနသ်များ ၏ ဒိုအာ H.I ဟာဂျ် ဆယ်ဒ် ဂျဝါဒ် ရှဲဟ်ရေစ်သာနီ အတွက် အထူးလိုအပ်ပါတယ်။ ဤအတွက် မိုအ်မင်များ မိုအ်မေနသ်များ အနေဖြင့် မိမိတို့ နိုင်သလောက် ဒိုအာများ ပြုပေးကြရန် မေတ္တာ ရပ်ခံအပ်ပါတယ်။

****************************************************************

END / 251