အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အောက်တိုဘာလ ၁၁ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် ဗုဒ္ဓဟူးနေ့တွင် နိုင်ဂျီးရီးယား အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ အတွင်းရေးမှူးချုပ် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် အီရန်နိုင်ငံ အေမာမ် ခိုမေနီ (ရ.ဟ) လေဆိပ်သို့ ရောက်ရှိခဲ့ပြီး လူအများအပြား မှ လှိုက်လှိုက် လှဲလှဲ နွေးထွေး စွာ ကြိုဆို ဂုဏ်ပြုခဲ့ ကြပါတယ်။
အေမာမ် ခိုမေနီ (ရ.ဟ) လေဆိပ် ၏ အခြေအနေ နှင့်ပတ်သက်ပြီး အဗ်နာ သတင်းထောက်၏ အစီရင်ခံချက်အရ နံနက် ၉နာရီခွဲ အချိန် တွင် မိုဂျာဟစ်ဒ် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် လေဆိပ်၏ ပင်မခန်းမ ဆောင်တွင် ရောက်ရှိ ခဲ့ကြောင်း လူများစွာသည် နံနက် ၇ နာရီတွင် လေဆိပ်၏ ပင်မဂိတ်ပေါက်တွင် စောင့်ဆိုင်းနေကြ ကြောင်း ဖြစ်ပါတယ်။
နံနက် ၉နာရီခွဲ အချိန် အာဖရိက တိုက်၏ အစ္စလာမ်မစ်တော်လှန်ရေး ခေါင်းဆောင် ရှီအဟ် မဗ်ဟဗ် သာသနာပြုဆရာတော် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် အေမာမ် ခိုမေနီ (ရ.ဟ) လေဆိပ်၏ အထူးနေရာ မှ ထွက်ခွာမည်ဖြစ်ကြောင်း ကြေငြာလိုက်ရာ စောင့်မျှော်နေကြသည့် လူအုပ်ကြီးမှ လေဆိပ်၏ အပြင်ဘက်သို့ ထွက်ခွာသွားကာ အထူးကြိုဆိုသည့်အနေဖြင့် လေဆိပ်၏ အထူးအခန်းရှေ့တွင် စောင့်ဆိုင်းနေကြကြောင်း သိရှိရပါတယ်။
ရာသီဥတု ပူပြင်းနေပြီး
စောင့်ဆိုင်း ကြိုဆိုသူများတွင် အီရန်နိုင်ငံသားများ နှင့် ပါကစ္စတန်၊ အဇာဘိုင်ဂျန်၊
အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယားနှင့် အခြားနိုင်ငံများမှ အသက်အရယ်ပေါင်းစုံ၊ယောက်ကျား၊မိန်းမ၊ကလေးများ နှင့် လူရွယ်၊ လူရွယ်များ
ပါဝင်ကြကြောင်း သိရှိရပါတယ်။
ခေတ္တရပ်ပြီးနောက်၊ ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ စီးနင်း ကားသည် ၎င်း ကိုကြိုဆိုရန် လာနေသော လူအုပ်ကြီးရှေ့တွင် ရပ်တန့်သွားပြီး ကားပေါ်မှ ထောင်ကျခံ အနှိပ်စက်အညှဥ်းပန်း ခံထားရ၍ ကျန်းမာရေး သိပ်မကောင်း ကိုယ်ခန္ဓာ လှုပ်ရှားမှု ပြုရန် သိပ် အဆင်မပြေဖြစ်နေသည့် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် ကားပေါ်မှ ဆင်းလာပြီး မိမိအား ကြိုဆိုနေသည့် လူအများ၏ ချစ်ခင်ကြင်နာမှုကို တုံ့ပြန်ခဲ့ ကြောင်း သိရှိရ ပါ တယ်။
လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုအတွက် လူအများကို ကျေးဇူးတင်ကြောင်း မိန့်ခွန်းတိုလေးတွင် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ မှ ပြောကြားခဲ့ပြီး - ကျနော်တို့ တို့အားလုံးဟာ အရေးကြီးသော စာမေးပွဲတစ်ခုအတွက် ဤလောကသို့ ရောက်ရှိလာခဲ့ပြီး၊ ကျနော် အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် စစ်သည့် စာမေးပွဲအား ၈ နှစ်တိုင်တိုင် ဖြေဆိုခဲ့ရကြောင်း ဟဇရသ် အေမာမ် မဲဟ်ဒီ (အ.ဂျ) ဇဟူးရ် (ပွင့်ပေါ်လာခြင်း) သည်ကျနော်တို့၏ လှုပ်ရှား ကြိုးပမ်းမှုများ အားလုံး ကြောင့် ဖြစ် လိမ့်မည်ဟု မျှော်လင့် ကြောင်း မိန့်ကြားခဲ့ပါတယ်။
နိုင်ဂျီးရီးယား အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ အတွင်းရေးမှူးချုပ် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ မှ မိမိအား အခုလို ချစ်ခင် ကြင်နာ တဲ့ အပြုအမူ တွေကို တုံ့ပြန်ရန် အတွက် ကျေးဇူးတင် စရာမှအပ ဘာမှ ပြောစရာမရှိကြောင်း ပြောကြား ခဲ့ပြီး ကြံ့ကြံ့ခံ ခုခံ ရေး လှုပ်ရှားမှု ကို ထောက်ခံ အားပေးတဲ့ လူအုပ်ကြီး ကိုလည်း ဒီနေရာ မှာ ရှိနေတာ တွေ့ရလို့ အလွန် ဝမ်းသာ မိကြောင်း မိန့်ကြားခဲ့ပါတယ်။
အင်န်ရှာအလ္လာဟ် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် အမေရိက၊ ဥရောပနှင့် အခြားနိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင် အစ္စလာမ်မစ် တော်လှန်ရေး အသွင်ကူးပြောင်းရေးကို ဖန်တီး နိုင်မည် ဖြစ် ကြောင်း အေမာမ် ဇမာန်း(အ.ဂ) ဇဟူးရ် ဖြစ်လာရန် အခြေအနေများ ကို ဖန်တီး နိုင်မည် ဖြစ်ကြောင်း ကိုလည်း မိန့်ကြားခဲ့ပါတယ်။
ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် နိုင်ဂျီးရီးယားရှိ အဲဟ်လေ့စွန္နသ် ဂိုဏ်းဝင် မာလစ်က်ကီ မဇ်ဟဗ် သမား တစ်ဦး ဖြစ်ပြီး အီရန် အစ္စလာမ့်တော်လှန်ရေး အောင်ပွဲ ၏ ပထမနှစ်ပတ်လည်နေ့တွင် အီရန်နိုင်ငံသို့ သွားရောက်ကာ တော်လှန် ရေး အောင်ပွဲများ ကျင်းပရာတွင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် အေမာမ် ခိုမေနီ (ရ.ဟ) နှင့်
တွေ့ဆုံပြီးနောက်
ရှီအဟ် ဖြစ်လာပြီး အေမာမ်
ခိုမေနီ (ရ.ဟ) ထံမှ လက်ဆောင်အဖြစ် ကျမ်းတော်မြတ် ကုရ်အာန်ကျမ်းကို
လက်ခံရရှိခဲ့သူ ဖြစ်ပါတယ်။ ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ အား အေမာမ်
ခိုမေနီ (ရ.ဟ) မှ ကျမ်းတော်မြတ် ကုရ်အာန် လက်ဆောင်ပေးပြီးနောက် “ မင်း ဒီကုရ်အာန် ကျမ်းတော်မြတ်
နှင့် နိုင်ဂျီးရီးယား သို့သွားပြီး ပြည်သူများ ကို အစ္စလာမ် ဘာသာဘက်သို့ ဖိတ်ခေါ်ပါ
”ဟု မိန့်ကြားခဲ့ပါတယ်။ ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ မှလည်း အေမာမ် ခိုမေနီ (ရ.ဟ) ၏
မိန့်မှာ ချက်ကို နားထောင်ပြီး နိုင်ဂျီးရီးယား နိုင်ငံ တွင် အစ္စလာမ် ဘာသာဘက်သို့
ဖိတ်ခေါ် မှု အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကျောင်းတော် (ရှီအဟ် ) ဘက်သို့ ဖိတ်ခေါ် မှု
ကို စတင်ခဲ့ပါတယ်။ ၎င်းသည် ယနေ့ အာဖရိကတိုက် တွင်ရှီအဟ် အများဆုံးရှိသည့် နိုင်ငံ အဖြစ်
နိုင်ဂျီးရီးယား နိုင်ငံ ကို ပြုပြင် ဖန်တီး နိုင်ခဲ့သူ ဖြစ်ပါတယ်။
လက်ရှိတွင် အာဖရိက တွင် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ ကြိုးပမ်းအားထုတ်မှုနှင့် အနစ်နာခံမှုများကြောင့် လူသန်းပေါင်းများစွာသည် ရှီအဟ် မွတ်စလင်မ်များ ဖြစ်လာခဲ့ကြပါတယ်။ နိုင်ဂျီးရီးယား တစ်နိုင်ငံ တည်းတွင် ရှီအဟ် သိန်း ၂၀ ကျော် ရှိနေပြီး ဖြစ်ပါတယ်။
ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ ဦးဆောင်မှု ဖြင့် နိုင်ဂျီးရီးယား ရှီအဟ် မွတ်စလင်မ်များသည် ၂၀၁၄ ခုနှစ် ကမ္ဘာ့ကွတ်ဒ်စ်နေ့ တွင် စစ်သွေးကြွ အစ္စရေး ဇီယွန်ဝါဒီ အစိုးရ၏ ရာဇ၀တ်မှုများကို ရှုတ်ချသည့် ဆန္ဒပြ ချီတက်ပွဲ ကို ပြုလုပ်ခဲ့ပါတယ်။ ထိုဆန္ဒပြပွဲ အား စစ်သွေးကြွ အစ္စရေး ဇီယွန်ဝါဒီသူလျှိုဝန်ဆောင်မှု၏ လမ်းညွှန်မှုအောက်တွင် အကြမ်းဖက် ဘိုကိုဟာရမ်တပ်ဖွဲ့ မှ သေနတ်များ နှင့်ပစ်ခဲ့ပြီး ရက်စက်ခဲ့ ကြပါတယ်။ ဤဆန္ဒ ပြ ချီတက်ပွဲ တွင် အများစု မှာ အမျိုးသမီးများ နှင့် ကလေးငယ်များ ပါဝင်ခဲ့ပြီး အကြမ်းဖက် ဘိုကိုဟာရမ်တပ်ဖွဲ့ သေနတ်များ နှင့်ပစ်ခတ်ခဲ့မှုကြောင့် အများအပြား ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။
အကြမ်းဖက်ဘိုကိုဟာရမ် ဆန္ဒပြပွဲတွင် ပါဝင် သူအချို့ ကို ဖမ်းဆီးခဲ့ပြီး အချို့ကို ညှဉ်းပန်းနှိပ်စက်ရန် ခေါ်ဆောင် သွားခဲ့ကြပါတယ်။ ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သားနှစ်ဦး လည်း အဖမ်းခံရသူများတွင် ပါဝင်ခဲ့ပြီး အကြမ်းဖက်ဘိုကိုဟာရမ်၏ လူမဆန်စွာ ရုပ်ဖျက်ဆင်းဖျက်ဖြစ်အောင် ရက်စက်ယုတ်မာ ကြောင့် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။
ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ တတိယ မြောက်သား လည်း ဒဏ်ရာများ ကြောင့် ကုသရန် ဆေးရုံသို့ ခေါ်ယူသွားနေစဥ် လမ်း၌ အကြမ်းဖက်ဘိုကိုဟာရမ် မှပစ်သတ်ခဲ့သည့် အတွက်ကြောင့် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်တွင် လည်း နိုင်ဂျီးရီးယား စစ်တပ် မှ ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ အိမ် အား မတရားဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ အား ဒဏ်ရာရအောင်ပြလုပ်၍ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပါတယ်။ နိုင်ဂျီးရီးယား စစ်တပ် ၏ ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ အိမ် အတွင်း လူမဆန် သည့် တိုက်ခိုက်မှု ကြောင့် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ နောက်ထပ် သား ၃ ဦး နှင့် ညီမ ရှဟီးဒ် ဖြစ် ခဲ့ရပါတယ်။
ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ ရှီအဟ် ဖြစ်ပြီးနောက် ဘဝသမိုင်း ကို လေ့လာခြင်းဖြင့် ရှီအဟ် ခေါင်းဆောင် တစ်ဦး ဖြစ်ဖို့ ရှီအဟ် တစ်ဦး ဖြစ်ဖို့ မည်မျှ ဒုက္ခခံ ယုတ်စွ အသက်များပါ စတေးခဲ့ကြ ကြောင်းကို လေ့လာ တွေ့ရှိ နိုင်မှာဖြစ်ပါတယ်။ ငွေကြောင့် ယောက်ကျားကြောင့် မိန်းမကြောင့် စသည်တို့ကြောင့် ရှီအဟ် မဇ်ဟဗ် ကို စွန့်ပြီး အခြား မဇ်ဟဗ် ဖြစ်သွားသူများ အခြားဘာသာသို့ကူးသွားသူများ နှင့် အခြားရှီအဟ်များ အနေဖြင့် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ဘဝကို သေချာလေ့လာပြီး သံဝေဂများ သင်ခန်း စာများရယူ နိုင်ပါတယ်။
****************************************************************
END / 251