Sahar News သတင်းအထောက်အထားများ အရ ဂါဇာရှိ ပါလက်စတိုင်းအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ဂါဇာကမ်းမြောင်ဒေသကို စစ်သွေးကြွ နယ်ချဲ့ အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုအစပိုင်းမှ စတင်ကာ ယနေ့ အထိ အတန်း အသီးသီးမှ ကျောင်းတက် ကလေးငယ်ပေါင်း ၂၅၁၀ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါတယ်။
IRNA ၏ အစီရင်ခံစာအရ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက စစ်သွေးကြွ နယ်ချဲ့ အစ္စရေးအစိုးရ၏ ရန်စမှုစတင်ချိန်မှစ၍ ယခုအချိန် အထိ အစိုးကျောင်း ၈၂ ကျောင်း ပုဂ္ဂလိက ကျောင်းပေါင်းများ သည် ဗုံးကြဲဖျက်ဆီးခြင်းခံခဲ့ရသည်ါအတွက် ဖျက်ဆီး သွားပြီး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်အစိုးရ၏ စစ်လေယာဉ်များသည် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ဂါဇာ နှင့် နာဗလပ်ရှိ ကျောင်းများနှင့် ဆေးရုံအများအပြားကို လူမဆန်စွာ စစ် စည်းကမ်းကိုချိုးဖောက်ပြီး တိုက်ခိုက်ခဲ့ ကြောင်း သတိပြုသင့်ပါတယ်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သိ စစ်သွေးကြွ နယ်ချဲ့ အစ္စရေး စစ်တပ်သည် ဂါဇာရှိ ထင်ရှားသော နှစ်ခြင်း ခရစ်ယာန်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူရာနှင့်ချီ သေဆုံးခဲ့ရပါတယ်။ စစ်သွေးကြွ နယ်ချဲ့ အစ္စရေး စစ်တပ်သည် ဂါဇာကမ်းမြှောင်နှင့် အနောက်ဂျော်ဒန်ရှိ ဗလီများနှင့် ဘုရားကျောင်းများစွာကိုလည်း ပစ်မှတ် ထားတိုက်ခိုက်ခဲ့ပါတယ်။
စစ်သွေးကြွ နယ်ချဲ့ အစ္စရေး အနေဖြင့် ဟားမတ်စ် အား မနိုင်သည့် အခါ မနိုင်၊နိုင်သည့် လူမဆန်သည့် လုပ်ရပ်များ ကို မရှက်တန် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
****************************************************************
END / 251