၇ နိုဝင်ဘာ ၂၀၂၃ - ၁၈:၃၇
အစ္စ‌ရေး အနေဖြင့် ပွင့်လင်းစွာ အဏုမြူဗုံး ပိုင်ဆိုင်ကြောင်း ဝန်ခံထားရာ အဏုမြူစွမ်း အေဂျင်စီ ဘာလုပ်နေပါသလဲ / ရုရှား

ဂါဇာကမ်းမြောင်ဒေသတွင် အဏုမြူဗုံးများအသုံးပြုမှုနှင့်ပတ်သက်ပြီး ဇီယွန်ဝါဒီဝန်ကြီး၏ လူသိရှင်ကြား ထုတ်ပြန်ချက်များသည် မေးခွန်းများစွာကို ဖြစ်ပေါ်စေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်သွေးကြွ ဇီယွန် အစ္စရေး ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ ဝန်ကြီး အမီဂျာအလ်ယာဟူ ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မါရီယာ ဇာခါရိုဗာ က အစ္စရေး ဂါဇာကမ်းမြောင်ဒေသကို နျူကလီယားဗုံးများအသုံးပြုရန်ကိစ္စ များ နှင့် ပတ်သက်ပြီး မေးခွန်းများစွာ ထွက် ပေါ်လာကြောင်း ပြောကြားခဲ့ပါတယ်။

မာရီယာ ဇာခါရိုဗာက မှ ဆက်လက်ပြီး ဤထုတ်ပြန်ချက်သည် မေးခွန်းများစွာကို ဖြစ်ပေါ်စေခဲ့ပြီး အစ္စရေးသည် ၎င်း၏ နျူကလီးယား လက်နက်ရှိကြောင်း ဝန်ခံခဲ့သည်မှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေး ဆိုခွင့်ရှိသူ ဆက်လက်ပြီး ပထမမေးခွန်းမှာ ကျွန်ုပ်တို့သည် နျူကလီးယားလက်နက်များ တည်ရှိမှုနှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက်များ ရှိပါသလား? သို့ဆိုလျှင် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ နှင့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီတို့ ဘယ်တွေ ရောက်နေပါသလဲ ? ဆိုဖြစ်ကြောင်း ပြာကြား ခဲ့ပါတယ်။

ဇီယွန်ဝါဒီအစိုးရသည် အကြီးစားနျူကလီးယားလက်နက်များ ပိုင်ဆိုင်ကြောင်း လူသိရှင်ကြား ဝန်မခံသော်လည်း တဲလ်အဗစ် တွင် နျူကလီးယား လက်နက် ၉၀ ခန့်ရှိသည်ဟု အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်က ခန့်မှန်းထား ပါတယ်။

အမီဂျာအလ်ယာဟူ ၏ ထုတ်ပြန်ချက်အပြီးတွင် ဇီယွန်အစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးများတွင် သူရောက်ရှိ နေခြင်း လျက် တစ်ကမ္ဘာလုံးမှ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများရှိနေသည့် အတွက်ကြောင့် သူရောက်ရှိ နေခြင်းကို ဆိုင်းငံ့ထားကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေး၏ ပင်မမီဒီယာကို အရှုပ်တော်ပုံနှင့် “မုန်းတီးဖွယ်” ဟု အမေရိကန် အရာရှိတစ်ဦးကလည်း ပြောဆိုခဲ့ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံမှ လည်း နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ချက်ချင်းတုံ့ပြန်ရန် တောင်းဆိုခဲ့ကြပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ် ဒွလ္လာဟ်ဟီးရန်း က အဏုမြူဗုံးအသုံးပြုမှုနှင့် ပတ်သက်၍ အစ္စရေးအစိုးရ၏ ၀န်ကြီး၏ ပြောကြားချက်များသည် အစ္စရေး တို့ ကျရှုံး မှု အတွက် ညွှန်ပြနေသည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီတို့သည် ဤရက်စက်ကြမ်းကြုတ်ပြီး လူမျိုးရေးခွဲခြားသည့် အစိုးရကို လက်နက်ဖြုတ်သိမ်းရန် ချက်ခြင်း အနှောက်အယှက်ကင်းစွာ လုပ်ဆောင် ရမည်ဖြစ်ပါတယ်။ ဤလူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်တစ်ခုလုံးမှာ အိမ်ဖြူတော်တွင် တည်ရှိပါတယ်။

နျူကလီးယားလက်နက် အစ္စရေး ပိုင်ဆိုင်ထားတော့ အမေရိကန် နိုင်ငံ နှင့် အနောက်နိုင်ငံ များမဟာမိတ်များ သည် မည်သည့် ပိတ်ဆို့ မှုမှ မပြုကြသည် ကို ကြည့်၍ တရား မမျှတကြောင်း မိမိတို့ ဗိုလ်ကျ၍ မနေထိုင်ရမည် ကို စိုးရိမ် နေကြကြောင်း သိသာ ထင်ရှား နေပါတယ်။

အစ္စရေး နှင့် ပါလက်စတိုင်း စစ်ပွဲ ၊ ရုရှား နှင့် ယူကရိန်း စစ်ပွဲ ကြောင့် ကမ္ဘာ ပေါ်တွင် လူအများ စု သည် ဘက်လိုက်ကြောင်း မတရားကြကြောင်း သစ္စာဖောက်များ ၊ များ ကြောင်း ကို ထင်ရှား စွာတြွေမင်နေရပြီး ဖြစ်ပါ တယ်။

 

****************************************************************

END / 251