Sahar News သတင်းအထောက်များ အရ ဂါဇာကို သိမ်းပိုက်ထားတဲ့ စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီ အစိုးရ၏ တိုက်ခိုက်မှုတွေ စတင်ကတည်းက ပါလက်စတိုင်း အာဇာနည်ဦးရေ (ရှဟီးဒ် ဦးရေ) ၂၀,၀၀၃၁ ဦး ရှိခဲ့ပြီး ဖြစ်ကြောင်း ဤ လူ့အခွင့်အရေး အဖွဲ့အ စည်းက ကြေညာထားပါတယ်။
အဆိုပါ အာဇာနည်များထဲတွင် ကလေးပေါင်း ရှစ်ထောင်တစ်ရာ့ ခုနစ်ဆယ့်လေးဦး ပါဝင်ကြောင်း ယင်းအဖွဲ့ အစည်းက ဆက်လက်ပြောကြားခဲ့ပြီူ ကျွန်ုပ်တို့ အဖွဲ့သည် လွန်ခဲ့သည့် နာရီ အနည်းငယ်က ပါလက်စတိုင်း အာဇာနည်များ ၏ နောက်ဆုံးထွက်စာရင်းများကို ထုတ်ပြန်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ဗုံးကြဲခံထားရသည့် အဆောက်အဦး အပျက်အစီး များအောက်တွင် နစ်မြုပ်နေပြီး အသက်ရှင်ကျန်ရစ်ရန် မျှော်လင့် ချက်မရှိသူများလည်း ပါဝင်ပါ တယ်။ အလ်ရှဖာ ဆေးရုံမှ အကြီးတန်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ကို ပြန်ပေးဆွဲခြင်းအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိလျက် သို့မဟုတ် မသိလိုက်ဘဲ ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း ဖော်ပြသည့် အစီရင်ခံစာအတွက် ဤလူ့အခွင့်အရေးအဖွဲ့အစည်းမှ ကျွန်ုပ်တို့ အထူး စိုးရိမ် မိကြောင်း ကြေငြာခဲ့ပါတယ်။
Euro-Mediterranean လူ့အခွင့်အရေးအဖွဲ့သည် ဂါဇာကမ်းမြှောင်ဒေသကို စစ်သွေးကြွ နယ်ချဲ့ အစ္စရေး အစိုးရ ၏ အလုံးစုံ တိုက်ခိုက် မှုများ နှင့် အသေ အပျောက် အရေအတွက် အသေးစိတ်ကို ထပ်မံကြေညာခြင်း မရှိ ကြောင်း သိရှိရပါ တယ်။
****************************************************************
END / 251