အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဲဟ်ကာကိုလ်ဟက် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام قالت فاطمۃ سلام الله علیها:
إذا حُشِرتُ یَومَ القِیامَةِ أشفَعُ عُصاةَ اُمَّةِ النَّبِیّصلی الله علیه وآله.
ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စလာမွန်လ်လ္လာဟ်အလိုင်းဟာ ) မိန့်တော် မူ၏။
“ ကေယာမသ်နေ့တွင် ကျမအား (မြတ်အလ္လာဟ် ) ပြန်လည် ရှင်သန် ထမြောက်စေသည့်အခါတွင် တမန်တော်မြတ် (ဆွ) ၏ အွန်မသ် (နောက်လိုက်နောက်သားများ ) ၏ အပြစ် သမားများ အတွက် ရှဖာအသ် (အလ္လာဟ်ထံ အသနားခံ လျှောက်ထားခြင်း ) ကိုပြုပေးပါမည်။ ”
ကျမ်းကိုး ။ ။ အဲဟ်ကာကိုလ်ဟက် ကျမ်း ၊ အတွဲ ၁၉ ၊ စာမျက်နှာ ၁၂၉