အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဇရသ်ဖွာတွေမဟ် (စ.အ) ၏ မိုင်ယသ် အတွင်း အေမာမ် အလီ (အ.စ) ၏ ခွသ်ဗဟ် ဆိုသည်မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) မိုင်ယသ် အတွင်း အေမာမ် အလီ (အ.စ) အနေဖြင့် တမန်တော်မြတ်(ဆွ) အား ရည်ညွှန်းပြီး ဝမ်းနည်း ဖွယ် စကား ပြောဆို မှု ကိုခေါ်ဆိုခြင်း ဖြစ်ပါတယ် ။ ဤစကားလုံးများကို နဲဟ်ဂျိုလ်ဘလာဂါဟ် ကျမ်းတွင် ဖော်ပြထားပါ သည်။ ဤစကားတွင် အေမာမ် (အ.စ) သည် ဟဇရသ် ဖွာတွေမဟ် (စ.အ) ရှဟာဒသ် ဖြစ်သည့် အချိန် တွင် မိမိ ၏ ဝမ်းနည်းပူဆွေးမှုကြေကွဲမှု ဟာ အမြဲဖြစ်နေမည့် အကြောင်းကို မိန့်တော်မူ ပြီး တမန်တော်မြတ်(ဆွ) အား ဟဇရသ် ဖွာတွေမဟ် (စ.အ) ထံ သခင်မကြီး ၏ အပေါ် ကျရောက်ခဲ့သည့် ဒုက္ခဆင်းရဲ မှု များ ကို မေးမြန်းရန် မိန့်တော်မူခဲ့ပါသည်။ နဲဟ်ဂျိုလ်ဘလာဂဟ် ကျမ်း အား အကျယ်ဖွင့်ဆိုရေးသားသူ ပညာရှင်များ သည် ဟဇရသ် အလီ (အ.စ) ၏ "ဖွာသွေမဟ် (စ.အ) အားမေးမြန်းပေးပါ " ဆိုသည့် အထွေထွေဝါကျတစ်ခုတည်း တွင် အချို့ အဖြစ် အပျက်များ ကို ဖော်ပြ ထားခြင်းဖြစ်ကြောင်း ပမာအားဖြင့် ဖဒက်(ခြံ) သိမ်းပိုက်ခံရမှု ၊ သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ အိမ်အား တိုက်ခိုက်ခြင်း နှင့် မော်ဟ်စင် ၏ ကိုယ်ဝန် ပျက်ကျခြင်းကဲ့သို့သော ဖြစ်ရပ်များကို ရည်ညွှန်းသည်ဟု ယုံကြည်ကြပါသည်။ ထို့ပြင် ဤခွသ်ဗဟ်တွင် တမန်တော်မြတ် (ဆွ) ၏ ဂူဗိမာန် အနီးတွင် သခင်မကြီး ဖွာတွေမဟ် (စ.အ) အား ဒဖ်နာ (သင်္ဂြိုဟ်ခြင်း) ကဲ့သို့ သော အခြားဖြစ်ရပ် အချို့ ဘက် သို့လည်း ရည်ညွှန်း ပြထားပါ တယ်။
ဤခွသ်ဗဟ် (စကားလုံးများ) ကို ရှီအဟ် ၏ ဟဒီးစ်တော်ကျမ်းများ ပမာအားဖြင့် အလ်ကာဖီ ကျမ်း၊ အလ်အမာလီ ရှိက်ခ်သူစီ ကျမ်း နှင့် သဇ်ကေရာသိုလ်ခဝါဆ် ကဲ့သို့သောစွန်နီ ကျမ်းစာအုပ်များ တွင် ဖော်ပြ ထား ပါ တယ်။
ခွသ်ဗဟ်နောက်ခံ နှင့် အရေးပါမှု လေ့လာမည်ဆိုလျှင်
ဟဇရသ် ဖွာတွေမဟ် (စ.အ) ကို ဒဖ်နာ (သင်္ဂြိုဟ်) သည့်အခါ တွင် တမန်တော်မြတ်(ဆွ)အား အေမာမ် အလီ (အ.စ) လျှောက်ထားသည့် စကားများသည် မိမိ ၏ ဇနီးသည် နှင့် ခွဲခွာခြင်းတွင် ဝမ်းနည်းကြေကွဲမှုကို ညွှန်ပြပြီး ဟဇရသ် ဖွာသွေမဟ် (စ.အ) ၏ ကြီးမြတ်မှုကို ဖော်ပြသည်ဟု ပညာရှင်များ က ဆိုထားပါသည်။(1) အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီး ၏ နဲဟ်ဂျိုလ်ဘလာဂါ အကျယ်ဖွင့်ဆိုသည့် ကျမ်း တွင် ဤခွသ်ဗဟ် စကားများသည် သွယ်ဝိုက်၍သော်လည်းကောင်း အစ္စလာမ့်အစ၏ အရေးကြီးသော သမိုင်းဝင် အချက်အလက်များ၏ တစ်စိတ်တစ်ပိုင်းကို ရှင်းရှင်းလင်းလင်းနှင့် အဓိပ္ပါယ်ရှိစွာ ထင်ဟပ်စေပါဟုဆိုထားပါ တယ်။
ဤခွသ်ဗဟ် တရားဒေသနာအောက်တွင် နဲဟ်ဂျိုလ်ဘလာဂဟ်၏ အကျယ်ဖွင့်ဆရာများ ဋီကာဆရာများသည် ဖဒက် (ခြံ) ဖြစ်ရပ် ၊ ခေလာဖသ် ကို သိမ်းယူခြင်း၊သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ကဗဲရ် ဂူဗိမာန် ကို ဝှက်ထားရသည့် အကြောင်းရင်း ၊ သခင်၏မကြီး(စ.အ)၏ ရှဟာဒသ် (အာဇာနည်) ကာလ ၊သခင်မကြီး (စ.အ) ၏ ဘဝ သက်တမ်း နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ဘွဲ့ တော်များ အကြောင်း ကို တင်ပြ ထားပါ တယ်။
ပါဝင် သည့် အကြောင်းအရာများကိုလေ့လာသည့်အခါ
ဟဇရသ် ဖွာတွေမဟ် (စ.အ) ဒဖ်နာ( သင်္ဂြိုဟ်) စဉ်အတွင်း အေမာမ် အလီ (အ.စ) ၏ ခွသ်ဗဟ် သည် တမန်တော်မြတ်(ဆွ) အား နာကျင်စေမှု နှင့် သခင်မကြီး ဖွာတွေမဟ် (စ.အ) နှင့် ခွဲခွာခြင်းတွင် မိမိ ဝေဒနာများ အကြောင်း ပါဝင်သည်။ (6) ဤခွသ် ဗဟ် ၌ ဖွာတွေမဟ် (စ.အ) ၏ ရှဟာဒသ် (အာဇာနည်) နေ့တွင် ဝမ်းနည်းပူဆွေးမှုကြေကွဲမှု ဟာ အမြဲဖြစ်နေမည့် အကြောင်းကို မိန့်ကြား ထားပါ တယ်။ သည်းခံတရားခန္တီး တရား အတွက် အလ္လာဟ် ဟို အရှင်မြတ်ထံ တောင်းဆို လျှောက်ထားခဲ့ပါ သည်။ အေမာမ် အလီ (အ.စ) သည် တမန် တော်မြတ် (ဆွ)အား သခင်မကြီး ဖွာတွေမဟ် (စ.အ) ရှဟီးဒ် ဖြစ်ပြီးနောက် အဖြစ် အပျက်များ အကြောင်း မေးမြန်းရန် လျှောက်ထားတော်မူခဲ့ပါသည်။ ဤခွသ်ဗဟ် တွင် မိမိ သည် ဖွာတွေမဟ် (စ.အ) အမာနသ် တစ်ခု အဖြစ်နားလည် သဘောပေါက်ထားပြီး တမန်တော်မြတ် (ဆွ) အား ပြန် အပ်နှံနေသည်ဟု လျှောက်ထားပါ တယ်။
ပါဝင် သည့် အကြောင်းအရာများ မှ ကောက်နုတ်ချက်များလေ့လာကြည့်မည်ဆိုလျှင်
ဤခွသ်ဗဟ် ပတ်သက်ပြီး နဲဟ်ဂျိုလ်ဘလာဂဟ် ကျမ်း အကျယ်ဖွင့် ပညာရှင်များ မှ ကောက်နုတ်ချက်များ ကိုတင်ပြ ခဲ့ကြပါသည်။ အချို့ ကောက်နုတ် ချက်များ အောက်ပါအတိုင်း ဖြစ်ပါ တယ်။
*အေမာမ်အလီ (အ.စ) နှင့်ဟဇရသ် ဖွာတွေမဟ် (စ.အ) အကြား အဆုံး မရှိသည့် ချစ်ခြင်းမေတ္တာ နှင့် စိတ် ခံစားမှု ဆိုင်ရာ ဆက်စပ်မှု - နဲဟ်ဂျိုလ်ဘလာဂဟ် အကျယ်ဖွင့်ဆိုသူ ပညာရှင် အချို့ အနေဖြင့် ဤ ဝါကျတော် «أَمَّا حُزْنِی فَسَرْمَدٌ وَ أَمَّا لَیلِی فَمُسَهَّدٌ » ( အဓိပ္ပာယ် - အခု ကျွန်ုပ် ၏ ဝမ်းနည်း ကြေကွဲမှု သည်အမြဲ ဖြစ်ပါသည်။ ပြီးနောက် ကျွန်ုပ်၏ ညများ ဟာလည်း နိုးထမှု နှင့်အတူ ဖြစ်နေပါသည်။ (အိပ်မပျော်တော့ချေ။) )မှ ဤကဲ့သို့ ရလာဒ် ကောက်နှုတ်ချက်ကိုတင်ပြကြပါသည်။ ထိုကောက်နှုတ်ချက်မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ရှဟာဒသ် အပေါ် အေမာမ် အလီ (အ.စ) ၏ ဤမျှအထိ ဝမ်းနည်း ကြေကွဲ မှုကို ဖော်ပြခြင်းသည် ဟဇရသ် အလီ (အ.စ) နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) နှစ်ဦးကြားတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာနှင့် စိတ်ခံ စားမှု ဆိုင်ရာ ဆက်နွယ်မှုရှိကြောင်းဖော်ညွှန်းနေပါသည်။ အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီး ၏ အဆို အရ ဟဇရသ် အလီ (အ.စ) ၏ ကဗျာ ဆိုပြီး ကဗျာ တစ်ပုဒ် လာရှိကြောင်း ၎င်းကဗျာ ၏ အဓိပ္ပာယ် ဆိုလို ချက်သည်လည်း ဤ အဓိပ္ပာယ်ဆိုလိုချက် နှင့်တူသောသဘောကို ဆောင် နေကြောင်း ဖြစ်ပါ တယ်။
*ဖွာတွေမဟ် (စ.အ) ၏ ဂူဗိမာန် သည် တမန်တော်မြတ် (ဆွ) ၏ ဂူဗိမာန် အနီး တွင် ရှိခြင်း - အချို့ နဲဟ်ဂျိုလ်ဘလာဂဟ် အကျယ် ဖွင့် ရေးသားသူ အာလင်မ်များ အနေဖြင့် «النَّازِلَةِ فِي جِوَارِكَ » ( အဓိပ္ပာယ် ကိုယ်တော်(ဆွ) ၏ သမီးတော် ကိုယ်တော် ၏ ဂူဗိမာန် အနီးတွင် ကြွမြန်းလာနေပါပြီး။) ဆိုသည့် ဝါကျ မှ ဤကဲ့သို့ ရလာဒ် ကောက်နှုတ်ချက်ကိုတင်ပြကြပါသည်။ ထိုကောက်နှုတ်ချက်မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ဒဖ်နာ ( သင်္ဂြိုဟ်) သည့် နေရာသည် ကိုယ်တော်မြတ် (ဆွ) ၏ ဂူဗိမာန် အနီး တွင် ဖြစ်ပါ တယ်။ အာယာ သွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီး ၏ အဆိုအရ ဤဝါကျသည် သခင်မကြီး ဖွာတွေ မဟ်(စ.အ) အား မိမိ၏ နေအိမ် အတွင်း တွင် ဒဖ်နာ ထားသည့် ဟု ဆိုသူများ ၏ အဆို ကို ထောက်ခံ နေပါ တယ်။
* ဟဇရသ် ဖွာတွေမဟ် (စ.အ) သခင်မသည် ညှဉ်းဆဲခြင်းခံခဲ့ရသည် အစ်ဗ်နေ မိုင်းစန်မ် ဘဲဟ်ရာနီ (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၆၇၉ သို့မဟုတ် ၆၉၉ ဟီဂျရီ) မှ - အဆိုပါဝါကျ - " فَأَحْفِهَا السُّؤَالَ " ( အဓိပ္ပာယ် ကိုယ်တော်(ဆွ)ကိုယ်တိုင် သူမ(ဖွာတွေမဟ်(စ.အ) ထံ အသေးစိတ်မေးခွန်းများမေးပါ။) ဆိုသည့် အချက်မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) သည် ဖိနှိပ်ခံရပြီး ဟဇရသ် အလီ (အ.စ) သည် သခင်မကြီး အဖိနှိပ်ခံ ရမှု နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေကြောင်း ကို ကိုယ်တော် မြတ် (ဆွ) အား တိုင်ကြားနေကြောင်း ဖော်ပြ နေပါသည်။(11) အာယာ သွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီး အနေဖြင့်လည်း ဤ အထွေထွေဝါကျ တစ်ခုတည်း တွင် အဖြစ် အပျက်မျိုးစုံ ကို ဖော်ပြ ထားခြင်းဖြစ်ကြောင်း ပမာအားဖြင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ အိမ်တော် အားတိုက်ခိုက်ခြင်း ၊ မိခင်၏ ဝမ်းဗိုက်တွင် မော်ဟ်စင် ၏ ရှဟာဒသ်၊ အဘူဘကဲရ် ထံ ဘိုင်အသ် ယူရန် (သစ္စာခံရန်) ဟဇရသ် အလီ (အ.စ) အား ဗလီ ဝတ်ကျောင်း တော် သို့ အတင်း အကြပ် ဆွဲခေါ် သွားသည့် တို့ ဖြစ်ကြောင်း ဖြစ်ပါသည်။ (12) ဖိုင်းဇ် ဇိုလ်အစ္စလာမ် ၏ နဲဟ်ဂျိုလ်ဘလာဂဟ် သာသာပြန် တွင်လည်း ဤစာသားသည် ဖဒက် (ခြံ) အား မတရားသိမ်းယူမှု ၊ သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ ရပိုင်ခွင့် များ ကို မသိနားမလည် မှု နှင့် သခင်မကြီး ၏ နံရိုး ကျိုးသွားတော် မူရခြင်းဘက်သို့ ရည်ညွှန်း ဖော်ပြ ထား ပါ တယ်။
*ဟဇရသ် ဖွာတွေမဟ် (စ.အ) သခင်မ ကို ညှဉ်းဆဲရန် အားလုံးစုရုံးခဲ့ကြသည် - ဤဝါကျ သည် ခွသ်ဗဟ် ၏ ဤ «بِتَضَافُرِ أُمَّتِکَ عَلَی هَضْمِهَا » (အဓိပ္ပာယ် မည်သူမည်ပုံ ကိုယ်တော်မြတ် (ဆွ) ၏ အွန်မသ် (နောက်လိုက်များ) သည် သူမ (သခင်မဖွာတွေမဟ်(စ.အ) ) အပေါ် ဖိနှိပ်ညှဥ်းပန်း ရက်စက်ခဲ့ကြပါသည်။ ) ဆိုသည့် အစိတ်အပိုင်း မှ ယူထားပါသည်။ "تضافر" ဟူသော စကားလုံး ၏ အဓိပ္ပာယ် မှာ တစ်ယောက် နှင့် တစ်ယောက် ကူညီ ဖေးမခြင်း ဖြစ်ပါသည်။ အကြောင်းမှာ တမန်တော်မြတ် (ဆွ)၏ အွန်မသ် (နောက်လိုက်နောက်သားများ ) အများစုသည် ဤကိစ္စတွင် နှုတ်ဆိတ်နေသောကြောင့် ဤလုပ်ရပ်သည် အွန်မသ် တစ်ခုလုံးနှင့် သက်ဆိုင်ပါသည်ဟု ဆိုလိုခြင်း ဖြစ်ပါ တယ်။
*ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ရှဟာဒသ် နှင့် ကိုယ်တော်မြတ် (ဆွ) ၏ဝဖါးသ် ၏ နီးကပ်မှု - အချို့ နဲဟ်ဂျိုလ်ဘလာဂဟ် အကျယ် ဖွင့် ရေးသားသူ အာလင်မ်များ အနေဖြင့် « السَّرِيعَةِ اللَّحَاقِ بِكَ» ( အဓိပ္ပာယ် (ကိုယ်တော်(ဆွ) ၏ သမီးတော်) သည်မကြာမီ အမြန် ကိုယ်တော် ထံ ကြွမြန်းလာတာ့မည်။) ဆိုသည့် ဝါကျ မှ ဤကဲ့သို့ ရလာဒ် ကောက်နှုတ်ချက်ကိုတင်ပြကြပါသည်။ ထိုကောက်နှုတ်ချက်မှာ တမန်တော်မြတ် (ဆွ) ၏ ဝဖါးသ်နေ့ နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ရှဟာဒသ် နေ့ သည့် နီးကပ်သည်ဟုဖြစ်ပါသည်။ (15) သို့သော် အချို့ ပညာရှင်များ ၏ အမြင် တွင် ဤ ဝါကျ၏ အဓိပ္ပာယ် မှာ ဟဇရသ် ဖွာတွေမဟ် (စ.အ) အပေါ် ဆင်းရဲ ဒုက္ခ အမြောက်အများ ရောက်ရှိလာပြီး ၎င်း ဒဏ်ကြောင့် လူငယ်လူရွယ် ဘဝ တွင် ပက် ရှဟီးဒ် ဖြစ်တော် မူခဲ့ရ ကြောင်း အတွက် ဟု ဖြစ်ပါ တယ်။
ခွသ်ဗဟ် ၏ အထောက်အထား များ ကိုလေ့လာ ကြည့်မည်ဆိုလျှင်
နဲဟ်ဂျိုလ်ဘလာဂဟ် ကျမ်း ၏ မတူညီသည့် ပုံနှိပ်မှု အသီးသီး တွင် မတူညီသည့် ခွသ်ဗဟ် နံပါတ်များ
ပုံနှိပ်ထားသည့် အမည်များ နှင့် ခွသ်ဗဟ် နံပါတ်များ
المُعْجَم المفهرس لالفاظ نهجالبلاغه ၂၀၂
تصحیح نهجالبلاغه اثر صبحی صالح ၂၀၂
ترجمه و شرح نهج البلاغه فیضالاسلام ၁၉၃
مصباح السالکین اثر ابنمیثم ၁၉၃
مِنْهاجُ البَراعه اثر حبیبالله خویی ၂၀၁
شرح نهج البلاغه اثر ملاصالح قزوینی ၂၀၁
شرح نهج البلاغه اثرابنابیالحدید ၁၉၅
شرح نهجالبلاغه محمد عَبدُه ၁၉၅
تنبیه الغافلین ملا فتحالله کاشانی ၂၃၀
فی ظلال نهج البلاغه اثر محمدجواد مَغنیه ၂၀၀ (17)
"မဆာဒီရို နဲဟ်ဂျိုလ်ဘလာဂဟ် ဝ အစာနီဒိုဟို (အရဘီ - مصادرُ نَهجِ البلاغه و اَسانیدُه ) " စာအုပ်၏ ပြန်လည်သုံးသပ်ချက်အရ အေမာမ် အလီ (အ.စ) သည် ဟဇရသ် ဖွာတွေမဟ် (စ.အ) အား ဒဖ်နာ ( သင်္ဂြိုဟ် ) သည့် စျာပနာ အချိန်အခါ တွင် တမန်တော်မြတ် (ဆွ) အားတိုင်တည်၍ လျှောက်ထားချက်ဖြစ်ပြီး စကားလုံး အနည်းငယ်ကွဲလွဲမှု နှင့် အတူ အခြားစာအုပ်များတွင် ကိုးကား လာ ရှိပါသည်။ပမာအားဖြင့် မိုဟမ္မဒ်ဘင်န် ယအ်ကူးဗ် ကိုလိုင်းနီ ( ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၃၂၇ ခုနှစ်) အနေဖြင့် အလ်ကာဖီး ကျမ်း တွင် ဤ ခွသ်ဗဟ် အား အေမာမ် ဟိုစိုင်းန် (အ.စ) မှ တဆင့် ၊ ဆင့်ပြန် ထားပါသည်။(18) မိုဟမ္မဒ် ဘင်န် ဂျရီးရ် သွဗရီဆဂီဂရ် အနေဖြင့် မိမိ၏ ကျမ်း "ဒလာအေလိုလ် အေမာမ်မဟ် (အရဘီ - دلائل الامامة ) " တွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မှ တဆင့် ၊ ဆင့်ပြန် ထားပါသည်။ (19) ရှိက်ခ် သူစီ အနေဖြင့် မိမိ၏ ကျမ်း "အလ်မာလီယို ရှိက်ခ် သူစီ (အရဘီ - الامالی شیخ طوسی ) " (ရေးသား - ဟီဂျရီ သက္ကရာဇ် ၄၅၈ ခုနှစ် ) တွင် အေမာမ် ဟိုစိုင်းန် (အ.စ) မှ တဆင့် ၊ ဆင့်ပြန် ထားပါသည်။ (20) ထိုနည်းတူစွာ စစ်ဘ်သွေဘင်န် ဂျောင်ဇီ ဟနဖီ (ကွယ်လွန် - ဟီဂျရီ သက္ကရာဇ် ၆၅၄ ခုနှစ် ) အနေဖြင့် မိမိ၏ ကျမ်း "သဇ်ကေရာသိုလ်ခဝါဆ် မင်န် နလ် အွန်မဟ် ဖိ ဇေက်ရ်ရေ ခဆွာအေဆိုလ်အအေမဟ် (အရဘီ - تذکرة الخواص من الامة فی ذکر خصائص الائمة ) တွင် ဖော်ပြထားပါ တယ်။
ဤခွသ်ဗဟ် သည် နဲဟ်ဂျိုလ်ဘလာဂဟ် ကျမ်းတွင်လည်း ဖော်ပြထားပါ တယ်။ သို့ရာတွင် နဲဟ်ဂျိုလ် ဘလာဂဟ် ကျမ်း မှုများ အရ ခွသ်ဗဟ် နံပါတ်များ ကွဲပြားပါ တယ်။
ရေးသားထားသည့် စာအုပ်များ ကို လေ့လာ ကြည့်မည်ဆိုလျှင်
ကမာလွတ်ဒ်ဒီးန် အေမာဒီ စာရ်ဝီ အနေဖြင့် နဲဟ်ဂျိုလ်ဘလာဂဟ် ခွသ်ဗဟ် နံပါတ် ၂၀၂ ၏ အကျယ် ဖွင့်ဆို မှု တွင် "ဟေဇ်န် စရ်မဒ် " ခေါင်းစဥ် ဖြင့် စာအုပ်ရေးသားသီးကုံးခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ဖေက်ရသ် ပုံနှိပ်တိုက် မှ ဤ စာအုပ်အား " ဖရ်အီ စိုဂ်နာမေဟ် အမီးရိုလ် မိုအ်မေနန် အလီ (အ.စ) ဘရ် မဇါရ် ရေ ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) - ပါရှန်း : فرعی سوگنامہ امیرمؤمنان علیؑ بر مزار حضرت فاطمہ زہرا(س)" ခေါင်းစဥ် ဖြင့် ပုံနှိပ် ထုတ်ဝေခခဲ့ပါ တယ်။
ခွသ်ဗဟ် ၏ စာသား နှင့် အဓိပ္ပာယ် ကို လေ့လာကြည့်မည်ဆိုလျှင်
စာသား
وَ مِنْ كَلَامٍ لَهُ رُوِيَ عَنْهُ أَنَّهُ قَالَهُ عِنْدَ دَفْنِ سَيِّدَةِ النِّسَاءِ فَاطِمَةَ كَالْمُنَاجِي بِهِ رَسُولَ اللَّهِ عِنْدَ قَبْرِهِ:
السَّلَامُ عَلَيْكَ يَا رَسُولَ اللَّهِ عَنِّي وَ عَنِ ابْنَتِكَ النَّازِلَةِ فِي جِوَارِكَ وَ السَّرِيعَةِ اللَّحَاقِ بِكَ. قَلَّ يَا رَسُولَ اللَّهِ عَنْ صَفِيَّتِكَ صَبْرِي وَ رَقَ عَنْهَا تَجَلُّدِي، إِلَّا أَنَّ فِي التَّأَسِّي لِي بِعَظِيمِ فُرْقَتِكَ وَ فَادِحِ مُصِيبَتِكَ مَوْضِعَ تَعَزٍّ، فَلَقَدْ وَسَّدْتُكَ فِي مَلْحُودَةِ قَبْرِكَ وَ فَاضَتْ بَيْنَ نَحْرِي وَ صَدْرِي نَفْسُكَ، فَإِنَّا لِلَّهِ وَ إِنَّا إِلَيْهِ راجِعُونَ. فَلَقَدِ اسْتُرْجِعَتِ الْوَدِيعَةُ وَ أُخِذَتِ الرَّهِينَةُ، أَمَّا حُزْنِي فَسَرْمَدٌ وَ أَمَّا لَيْلِي فَمُسَهَّدٌ، إِلَى أَنْ يَخْتَارَ اللَّهُ لِي دَارَكَ الَّتِي أَنْتَ بِهَا مُقِيمٌ. وَ سَتُنَبِّئُكَ ابْنَتُكَ بِتَضَافُرِ أُمَّتِكَ عَلَى هَضْمِهَا، فَأَحْفِهَا السُّؤَالَ وَ اسْتَخْبِرْهَا الْحَالَ، هَذَا وَ لَمْ يَطُلِ الْعَهْدُ وَ لَمْ يَخْلُ مِنْكَ الذِّكْرُ. وَالسَّلَامُ عَلَيْكُمَا سَلَامَ مُوَدِّعٍ، لَا قَالٍ وَ لَا سَئِمٍ، فَإِنْ أَنْصَرِفْ فَلَا عَنْ مَلَالَةٍ، وَ إِنْ أُقِمْ فَلَا عَنْ سُوءِ ظَنٍّ بِمَا وَعَدَ اللَّهُ الصَّابِرِينَ.
အဓိပ္ပာယ်
ကမ္ဘာအမျိုးသမီးများ ၏ခေါင်းဆောင် ဟဇရသ် ဖွာတွေမဟ် (စ.အ) အား ဒဖ်နာ (သင်္ဂြိုဟ်) ချိန်တွင်ဤ ခွသ်ဗဟ် အား ဟဇရသ် အလီ (အ.စ) မှ ပေးခဲ့ခြင်းဖြစ်ပါသည်။တစ်နည်းအားဖြင့် တမန်တော်မြတ် (ဆွ) ၏ ဂူဗိမာန် တွင် ကိုယ်တော်မြတ် (ဆွ) ထံ နာကျင်စွာခံစားရမှုကို တင်ပြခြင်း ဖြစ်ပါသည်။
အိုအလ္လာဟ် အရှင်မြတ် ၏ တမန်တော်မြတ်(ဆွ) ၊ ကျနော် နှင့် ကိုယ်တော်၏ အနီးသို့ ကြွမြန်း လာမည့် ကိုယ်တော်နှင့် အလျင်အမြန် တွေ့ဆုံ တော့မည့် ကိုယ်တော် ၏ သမီးတော် ဘက်မှ ကိုယ်တော်ပေါ်သို့ စလာမ် (ငြိမ်းချမ်းခြင်းမင်္ဒလာ အဖြာဖြာ ) ကျရောက် ပါစေ ။အိုမှန်ကန်သည့် တမန်တော်မြတ်(ဆွ) ၊ ကိုယ်တော်၏ ရွေးချယ်ထားသော သမီးတော်၏ အကွာအဝေးကြောင့် ကျွန်ုပ်၏ စိတ်ရှည်သည်းခံမှု လျော့နည်းသွားပါပြီ။ ခွန်အားလည်း ကုန်သွားပါပြီ။ ကျနော်ဆီမှာ ကိုယ်တော် (ဆွ) နှင့်ကြီးမားသည့် ခွဲခွာရခြင်း နှင့် လေးလံသည့် ဆင်းရဲဒုက္ခ နှစ်သိမ့်ရမည့်နေရာ ( ဖွာတွေမဟ် (စ.အ) ဆင်းရဲဒုက္ခ ) မှအပ ကျန်မရှိပါ။အကြောင်းကတော့ ကျနော် ကိုယ်တိုင် မိမိ၏လက်ဖြင့် ကိုယ်တော်ကို မြေကြီး၏ ရင်ခွင့်အတွင်းထည့်ပေးခဲ့တာ ဖြစ်ပါသည်။ ကိုယ်တော်၏ ဖြူစင်သည့် ရူဟ် (ဝိညာဥ်) ထွက်တော်မည်သည့် အချိန် ကိုယ် တော်မြတ် ၏ ခေါင်းတော် သည် ကျနော်၏ ရင်ခွင့် မှာ ရှိနေခဲ့ပါသည်။ကျနော်တို့ဟာ အလ္လာဟ် ဟိုအရှင်မြတ် ထံတော် မှ ဖြစ်ကြပြီး အလ္လာဟ် ဟို အရှင်မြတ် ထံသို့ ပြန်လှည့် ကြရမည် ဖြစ်ပါသည်။အမှန်တကယ် အမာနသ် (လွဲအပ်ထား သည့် ဖွာတွေမဟ် (စ.အ) ) အားပြန်အပ်ခဲ့ပြီး ဖြစ်ပါသည်။ ပြီးတော့ ဓားစာခံလည်း ခံရသည်။ ကျွန်ုပ်၏ ဝမ်းနည်းပူဆွေးမှုသည် ထာဝရဖြစ်ပြီး၊ ကျွန်ုပ်၏ညသည် ကိုယ်တော် နေထိုင်ရာနေရာကို အလ္လာဟ် ဟို အရှင်မြတ် ကျွန်ုပ်အတွက် ရွေးချယ်ပေးသည့်အချိန်အထိ(အသက်နုတ်မည့်အချိန်ထိ) နိုးထလာ သကဲ့သို့ ပင်ဖြစ် နေပါမည်။ မကြာခင် ကိုယ်တော်၏ သမီးက သူ့မကို ဖိနှိပ်ရက်စက် ကြ ဖို့ အွန်မသ် နောက်လိုက်တွေ ဘယ်လို စုစည်းသွားကြတာကို ပြောပြလိမ့်မည်။သူမ (ဖွာတွေမဟ်(စ.အ) )ကိုတွန်းအား ပေးပြီး မေးကြည့်ပါ။ အခြေအနေ သတင်း ကို တောင်းခံပါ။ အမှန်တကယ် ကိုယ်တော် နှင့် ကျနော်တို့ ကြား မှာ အကွာအဝေး ဟာ အများ ကြီး မရှိသေးပါဘူး။ အချိန်ကို မေ့ထားလို့မရပေမယ့် ဤ မတရား မှုတွေအားလုံးက ကျနော် တို့အတွက် ဖြစ်ခဲ့ပါသည်။ကိုယ်တော် တို့ နှစ်ပါးစလုံး ကို စလာမ် (ကောင်းချီးမင်္ဒလာ အဖြာဖြာ) ပို့သပါသည်။ နှုတ်ဆက် မည်သူ၏ စလာမ်ပါ ။ နှလုံးသားနာကျင်ပြီးကြေကွဲနေသူ၏ စလာမ်ပါ။ အကယ်၍ ကျနော် အနေဖြင့် ကိုယ်တော်၏ ဂူဗိမာန် ဘေးမှ ထွက်သွားလျှင် ပျင်းလာသည့် အတွက်ကြောင့် မဟုတ်ပါ။ အကယ်၍ နေခဲ့လျှင်လည်း အလ္လာဟ် ဟို အရှင်မြတ် သည် သည်းခံသူများ အား ကတိပြုထားသည့် ကတိကို သံသယ ဖြစ်သည့် အတွက်ကြောင့် မဟုတ်ပါ။
ရည်ညွှန်းများ
အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။
1. Nahj al-Balagha, corrected by Sobhi Saleh, Qom, Dar al-Hijrah, 1414 AH.
2. Diwan al-Imam Ali, research by Abdul Moneim Khafaji, Diwan al-Imam Ali, Dar Ibn Zaidoon, B.
3. Ibn Abi al-Hadid, Izz al-Din Abu Hamid, Commentary on Nahj al-Balagha, Qom, Ayatollah Murashi Najafi Public Library, 1404 AH.
4. Ibn Jozi, Yusuf bin Ghazaughli, Tazkira al-Khawas min umma, mentioning the characteristics of the Imams, Qom, Al-Majjam al-Alami, Lahl al-Bayt, peace be upon them, 1426 AH.
5. Ibn Maitham Bahrani, Maitham bin Ali, Ikht Misbah al-Salkin; Commentary on Nahj al-Balagha al-Wasit, research by Mohammad Hadi Amini, Mashhad, Astan Quds Razavi Islamic Research Foundation, 1366.
6. Hosseini Khatib, Seyyed Abdul Zahra, Sources of Nahj al-Balagha and Asanideh, Beirut, Dar al-Azwa, 1985.
7. Khoei, Abolqasem, Minhaj al-Baraa', Tehran, Islamic school, 1358.
8. Dashti, Mohammad, and Kazem Mohammadi, Al-Mujajm Al-Mufars for Al-Faz Nahj al-Balaghah, Qom, Amirul Mominin Cultural Research Institute, 1375.
9. Tabari Amoli Saghir, Muhammad bin Jarir bin Rostam, Dalai al-Umamah, Qom, Ba'ath, 1413 AH.
10. Tusi, Muhammad bin Hassan, al-Mali, Qom, Dar al-Thaqaft, 1414 AH.
11. Abdo, Muhammad, Commentary on Nahj al-Balagha, Cairo, Al-Istiqama Press, Beta. Faizul-Islam, Ali Naqi, translation and description of Nahjul-Balagha, Tehran, Faizul-Islam Publications, 1371.
12. Kilini, Muhammad bin Yaqub, Al-Kafi, Tehran, Dar al-Kitab al-Islamiya, 1407 AH.
13. Makarem Shirazi, Nasser, Message of Imam Amir al-Mominin, Tehran, Dar al-Kitab al-Islamiya, 1386.
**************************************************************
END / 251