၂၈ ဒီဇင်ဘာ ၂၀၂၃ - ၁၃:၁၇
ဇီယွန်ဝါဒီများ၏ အခြေစိုက်စခန်းများအား  အီရတ် အစ္စလာမ်မစ် ခုခံရေးတပ်မှ  တိုက်ခိုက်

သိမ်းပိုက်ထားသော ပါလက်စတိုင်းတောင်ပိုင်းဒေသကို ယနေ့နံနက်ပိုင်းတွင် အီရတ်အစ္စလာမ်မစ် ခုခံရေး တပ်မှ တိုက်ခိုက်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ အထောက်အထားများအရ သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းတောင်ပိုင်းရှိ အလ်ယါဒ်အား  ဇီယွန်ဝါဒီ တိုက်ခန်းများ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရတ်အစ္စလာမ်မစ် ခုခံရေး တပ်မှ ကြေညာခဲ့ပါ တယ်။ ဤကိစ္စ နှင့်ပတ်သက်၍ ဇီယွန်နစ် မီဒီယာက သိမ်းပိုက်ထားသော ဂျောင်လန် တောင်ပိုင်းရှိ အဆောက် အအုံတစ်ခုအား အသေခံ မောင်းသူမဲ့ လေယာဉ် ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ပါလက်စတိုင်း ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့ မနက်က အေရ်ဘီးလ် အရှေ့မြောက်ပိုင်းက ဇီယွန်အစိုးရရဲ့ သူလျှိုဗဟိုဌာနကို ပစ်မှတ်ထားတယ်လို့ အီရတ်အစ္စလာမ်မစ် ခုခံရေး တပ်မှ ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် အီရတ်လုံခြုံရေးတပ်ဖွဲ့များသည် အီရတ်ရှိ အေရ်ဘီးလ် လေဆိပ်အနီးရှိ အမေရိကန်စစ် စခန်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ အီရတ်နိုင်ငံ မြောက်ပိုင်း အေရ်ဘီးလ် ပြည်နယ် ဟရီးရ် ဒေသရှိ အမေရိကန် စစ်အခြေစိုက် စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တနင်္လာနေ့ညတွင် အီရတ်အစ္စလာမ်မစ် ခုခံရေး တပ်မှ ကြေညာခဲ့ပါတယ်။

****************************************************************

END / 251