အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဤအစည်းအဝေး အား မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ ၏ တိုက်ရိုက် ဗီဒီယို မိန့်ခွန်း နှင့် အတူ ပါလက်စတိုင်း၊ ယီမင်၊ အီရတ်၊ တူရကီနှင့် အင်ဒိုနီးရှားတို့မှ အရေးကြီး ပုဂ္ဂိုလ်များ ၊အပြည်ပြည်ဆိုင်ရာ မီဒီယာ ဆိုင်ရာ တာဝန် ရှိ အကြီးအကဲများ ပါဝင်ကြမည် ဖြစ်ပါတယ်။ အစည်းအဝေး အား မနက်ဖြန် ဇန်နဝါရီလ ၁၅ ရက် တနင်္လာနေ့ အီရန် ဒေသစံတော်ချိန် ၁၂ နာရီ မိန်စ် ၂၀ တွင် တီဟီရန် မြို့တော် ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အစည်း အဝေးခန်းမ တွင် ကျင်းပမည်ဖြစ်ပါတယ်။
ဒီအခမ်းအနားတွင် « ဂါဇာကမ်းမြောင် သတင်းထောက် အာဇာနည်များ » ကို ဂုဏ်ပြုသည့် အထိမ်းအမှတ် အထူး ပိုစတာကို လည်း ထုတ်ဖော် ပြသ သွားမှာဖြစ် ပါ တယ်။
ဂါဇာတွင်နယ်ချဲ့ အစ္စရေး ဇီယွန် အစိုးရ သည် မိမိ ၏ရာဇ၀တ်မှုများ၏ အဖြစ်မှန်ကို ဖုံးကွယ်ရန်အတွက် သူတစ်ပါး ကိစ္စ တွင် လူ့အခွင့် အရေးဟု ညာသံ ပေးနေသည့် မီဒီယာများ ၏ အကူအညီဖြင့် လိမ်ညာ ဖြန့် ရုံသာမက ဂါဇာရှိသတင်းထောက်များ လုပ်ကြံသတ်ဖြတ်မှုကိုလည်း ပစ်မှတ်ထားနေကြောင်း သတိပြု သင့် ပါတယ်။
ဂါဇာကမ်းမြောင်ဒေသတွင် ဇီယွန်ဝါဒီတပ်ဖွဲ့များ၏ တိုက်ခိုက်မှုအတွင်း ဂျာနယ်လစ် (သတင်းထောက်) ၁၁၅ ဦး ထက်မနည်း အသက်ဆုံးရှုံးခဲ့ရ ကြောင်း နောက်ဆုံး ရ စာရင်းဇယားများအရ သိရပါတယ်။
****************************************************************
END / 251