အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းအထောက်အထားများ နှင့် Al Jazeera ၏အစီရင်ခံစာအရ ကာတာနိုင်ငံခြားရေးဝန်ကြီး အဗ်ဒိုရ်ရဲဟ်မန် အာလေ့ စာနီ မှ အကျဉ်းသားလဲလှယ်ရေးနှင့်ပတ်သက်၍ ဟားမတ်စ်နှင့် နယ်ချဲ့ ဇီယွန်ဝါဒီ အစိုးရတို့ကြား ဆွေးနွေးပွဲတွင် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့ပြီး ဂါဇာတွင် အမြဲတမ်း အပစ် အခတ်ရပ်စဲ ရေး ကို ထူထောင်နိုင်မည်ဟု ပြောကြားခဲ့ ပါတယ်။
၎င်းမှဆက်လက်ပြီး ဂါဇာ စစ်ပွဲ အပစ်အခတ် ရပ်စဲရေး အတွက် နှစ်ဘက်လုံး မှ ကြိုးပမ်းရန် ကိုလည်း ပန်ကြားခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
ကာတာနိုင်ငံခြားရေးဝန်ကြီး အဗ်ဒိုရ်ရဲဟ်မန် အာလေ့ စာနီ မှ ဟားမတ်စ်နှင့် ဇီယွန်ဝါဒီအစိုးရတို့ကြား အကျဉ်းသားများ လဲလှယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အကျဉ်းသားများ လဲလှယ်ခြင်းနှင့် အပစ်အခတ် ရပ်စဲရေး ချက်ခြင်း အကောင်အထည် ဖော် အတိအကျ မပြောနိုင်သေးကြောင်း သို့သော်လည်း ဂါဇာပဋိပက္ခတွင် နှစ်ဖက်စလုံးက တင်ပြထားသည့် အဆိုပြုချက်များကို ထည့်သွင်းစဉ်းစားလိမ့်မည်ဟု မျှော်လင့်ရ ကြောင်း ပြောကြားခဲ့ပါတယ်။
ကာတာသည် အကျဉ်းသားများ လဲလှယ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် အထောက်အကူပြုဝန်ထမ်း အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး အပစ်အခတ်ရပ်စဲရေးနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ဆက်လက်ဖြစ်ပွား နေသော ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ကာတာနိုင်ငံခြား ရေးဝန်ကြီး အဗ်ဒိုရ်ရဲဟ်မန် အာလေ့ စာနီ မှ ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251