အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် မီဒီယာသတင်းရင်းမြစ်များ၏ အဆိုအရ လာဟိုရ် မြို့မြို့ ရှိ ပါတီအဖွဲ့ ဝင်များအား မိန့်ခွန်းပြောကြားစဉ် နဝါဇ်ရှရီးဖ် မှ ပါတီများနှင့်တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ၏လုပ်ပိုင်ခွင့်များ ကိုလေးစား ကြောင်း ပါကစ္စတန် နိုင်ငံအား အခက်အခဲ ပြဿနာများ နာ မှလွတ်မြောက်ရန် ကျွန်ုပ်တို့ နှင့် အတူထိုင်ပါ ဟုပြောကြားခဲ့တယ်။
ပါကစ္စတန်နိုင်ငံအား အခက်အခဲတွေကနေ လွတ်မြောက်အောင် အင်စတီကျူးရှင်းအားလုံးက အပြု သဘော ဆောင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်သင့်တယ်လို့ နိုင်ငံရေးသမားများ လွတ်တော် ပါကစ္စတန်တပ်ဖွဲ့တွေနဲ့ မီဒီယာတွေက အတူတကွ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့ နဝါဇ်ရှရီးဖ် မှ ပြောပါတယ်။
ပါကစ္စတန် မွတ်စလင်မ်လင်းက် (န) သည် နိုင်ငံ၏ အကြီးဆုံး ပါတီ အဖြစ် ပေါ်ထွက် လာခဲ့ပြီး နိုင်ငံကို ရေလှိုင်း မှ ရုန်းထွက် ရန် ဗျူဟာ တစ်ရပ် ချမှတ် ရမည် ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။
ရှဟ်ဗာဇ် ရှရီးဖ် သည် ယနေ့တွင် နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံရန် အခွင့်အာဏာ ပေးအပ်ထားပြီး အာဆေဖ် ဇရ်ဒါရီ ဖွဇ်ရိုရ်ရဲဟ်မန် နှင့် ခါလစ်ဒ် မတ်က်ဘူလ်ဆစ်ဒ်တို့လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ထပ်လောင်းပြောခဲ့တယ်။
နဝါဇ်ရှရီးဖ် မှ နိုင်ငံတည်ငြိမ်ရေးအတွက် အနည်းဆုံး ဆယ်နှစ် လိုအပ်ပြီး နိုင်ငံ အတွက် အလင်းရောင်များ ပြန်တက်လာပြီး မငြိမ်မသက်မှုများနှင့် အလုပ်လက်မဲ့များ ကုန်ဆုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251