၁၉ ဧပြီ ၂၀၂၄ - ၀၇:၃၈
အီရန် နိုင်ငံ ၏ ၉ နေရာ ကို အစ္စရေး မှ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး ကိုထောက်ခံသည့် မီဒီယာများ ၏ သတင်းများ ထွက်လာပြီး နောက် ဖြစ်ရပ်မှန်ကို RazaGraphy  ပုံများ ပါ အတိုင်း အဖြေပေး ခဲ့

အီရန် နိုင်ငံ ၏ ၉ နေရာ ကို အစ္စရေး မှ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး ကိုထောက်ခံသည့် မီဒီယာများ ၏ သတင်းများ ထွက်လာပြီး နောက် ဖြစ်ရပ်မှန်ကို အိန္ဒိယ အခြေဆိုက် RazaGraphy သတင်းဌာနမှ မိမိ၏ သတင်း ဗီဒီယို ကလစ်တွင် ပုံများ ပါ အတိုင်း အဖြေပေး ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ၉ နေရာ ကို အစ္စရေး မှ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး ကိုထောက်ခံသည့် မီဒီယာများ ၏ သတင်းများ ထွက်လာပြီး နောက် ဖြစ်ရပ်မှန်ကို အိန္ဒိယ အခြေဆိုက် RazaGraphy သတင်းဌာနမှ မိမိ၏ သတင်း ဗီဒီယို ကလစ်တွင်  ပုံများ ပါ အတိုင်း အဖြေပေး ခဲ့ပါတယ်။

ပုံတွင် အီရန်မှ ဒုံး အကြီးကျယ် ဖြစ်ခဲ့ပါတယ် ၊  အစ္စရေး ကလည်း  ကလေး ကစားစရာ အရွယ် ဒုံး နဲ့ ဒရုန်း ပြန်ပစ် ခဲ့ပါတယ်။ အမှန်တကယ် အစ္စရေး ၏ ဤ တိုက်ခိုက်မှုသည်  ၂၄ နာရီ အတွင်း ၄၈ နာရီ အတွင်း ပြန်တုံ့ ပြန်မည်ဟု လေကြီးထားသည့် အတွက် မိမိ သိက္ခာ ကို လည်း ထိန်း အီရန် လည်း စိတ်မဆိုးအောင် အီရန် ၏ နေရာလွတ်များ ကို တိုက်ခိုက်ပြပြီး ထောက်လှမ်း ဒရုန်း များ ကို လွတ်ပြခဲ့ခြင်းဖြစ်ပါတယ်။

အကြောင်းမှ အီရန် ပြန် မတိုက်ရန် အမေရိကန် မှ အကြိမ် ကြိမ် သတိပေးထားပြီး တိုက်ခဲ့လျင် မိမိတို့ သာ ကူမည် မဟုတ်ကြောင်း ပြောထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ မှလည်း အပြည့်အဝ ကာကွယ် ပစ်ချပြခဲ့ပါတယ်။ ပြီးနောက် အမေရိကန် မှ အစ္စရေး ၏ အမေရိကန် မှ အစ္စရေး ၏ (အရှက်ပြေ) တိုက်ခိုက်မူအတွက်အီရန် မှ ထပ်၍ မတုံ့ပြန်ရန် တောင်းဆိုခဲ့ပါတယ်။

အီရန်  အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တရား သတင်း ဌာန မှ လည်း အစ္စရေး တို့ ၏ ဤ တိုက်ခိုက်မှု များ သည် တစ်ခု မှ မအောင်မြင်ခဲ့ကြောင်း အီရန် လေကြောင်း ခရီးစဥ်များ ပြည်တွင်း သွားလာရေး အခြေ အနေများ စသည် တို့သည် ပုံမှန် အနေအထား အတိုင်း ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေး မှလည်း အီရန် ၏ နမူနာ ပါးအချခံရပြီး နောက် အခု ထိမကျေမနပ် ဖြစ်နေပြီး သူတို့ ရဟူဒီပွဲတော် ဧပြီလ ၁၉ ၇က်နေ့ မှ ၂၃ ရက်နေ့ အထိ ရှိနေသည့် အတွက် ကြောင့် အီရန် အား ဧပြီ ၂၃ ရက်နေ့ အပြီး အဖြေပေးတုံ့ပြန်မည် ဖြစ်ကြောင်း လေလုံး ထပ်၍ ကြီးထားပါတယ်။

လတ်တလော အစ္စရေး မှ အီရန် အား အရှက် ပြေ တိုက်ခိုက်မှု လုပ်အပြီး ဒေသတွင်း ဓာတ်ဆီ စျေး သည် ၃ ဆတက်သွားကြောင်း ဝမ်းနည်း ဖွယ် သိရှိရပါတယ်။

အီရန် နှင့် အစ္စရေး စစ်ပြေငြိမ်း ဖို့  အကောင်းဆုံး နည်းလမ်း မှာ နယ်ချဲ့ အစ္စရေး ဇီယွန် အစိုးရ အနေဖြင့် အပြစ်မဲ့ ပါလက်စတိုင်းသား များ နှင့် ဂါဇာ ကမ်းမြောင် ဒေသ အပေါ် လူမျိုးတုန်း သတ်ဖြတ်နေသည့် ရာဇဝတ်မှုများကို ရပ်စဲ မှ သာလျင် ဖြစ်နိုင်မည် ဖြစ်ပါတယ်။

****************************************************************

END / 251