၁၃ မေ ၂၀၂၄ - ၂၀:၂၅
 ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ တီဟီရန်  နိုင်ငံတကာ စာအုပ်ပြပွဲ သို့ သွားရောက်

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ တီဟီရန် တွင် ကျင်းပသည့် ၃၅ ကြိမ်မြောက် နိုင်ငံတကာ စာအုပ်များ ပြပွဲသို့ သွားရောက်ခဲ့ကြောင်း သိရှိရပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထားများ အရ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ရုံး ၏ သတင်းထုတ်ပြန်ရေးစင်တာ၏ အစီရင်ခံ စာ အရ တနင်္လာနေ့ တွင် အီရန် နိုင်ငံ ၏ မြို့တော်  တီဟီရန်မြို့ရှိ  မိုဆွလာ အေ အေမာမ် ခိုမေနီ (ရ.ဟ) တွင် ကျင်းပ သည့် နိုင်ငံ တကာ စာအုပ်ပြ ပွဲ သို့  ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ သွားရောက်ခဲ့ကြောင်း စာအုပ် ပွဲတော် ၏ စီမံခန့်ခွဲမှု များ ကို အားပေး ဂုဏ်ပြု စကား မိန့်ကြားခဲ့ကြောင်း စာအုပ်များကိုလေ့လာ ကြည့်ရူ ခဲ့ကြောင်း သိရပါ တယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန်မြို့ရှိ  မိုဆွလာ အေ အေမာမ် ခိုမေနီ (ရ.ဟ) တွင် ကျင်းပ သည့် ၃၅ ကြိမ်မြောက် နိုင်ငံတကာ စာအုပ်ပြပွဲကို မေလ ၈ ရက် မှ စတင်ကာ မေလ ၁၈ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိ ရပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီသည် မိမိကိုယ်တိုင် စာအုပ်စာပေများကို အလွန် လေ့လာ လိုက်စားသူ ဖြစ်ပြီး လေ့လာ လိုက်စားရင် အားပေးသူ တစ်ဦး ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း စာအုပ်များ ရေးသားထားသည့် အာလင်မ် ကြီး ဖြစ်ပါတယ်။

.......................................................

END / 251