၁၉ မေ ၂၀၂၄ - ၁၅:၀၀
   အီရန် သမ္မတ လိုက်ပါ စီးနင်း လာတဲ့ ရဟတ်ယာဉ်ဟာ ခက်ခက်ခဲခဲ ဆင်းသက်ရတဲ့ မတော်တဆမှု ဖြစ်ပွား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီလိုက်ပါ စီးနင်း လာသည့် ရဟတ်ယာဉ်ဟာ ဝေရ်ဇေကာန် (Varzqan ) ဒေသမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အရှေ့အာဇာဘိုင်ဂျန် ၊ အိုရ်ဒဘိုင်းလ် နှင့် ဇန်းန်ဂျာန် တို့မှ အရေးပေါ် ကယ်ဆယ် ရေးအဖွဲ့များကို မတော်တဆမှုဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ကြောင်း သိရှိ ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီလိုက်ပါ စီးနင်း လာသည့် ရဟတ်ယာဉ်ဟာ  ဝေရ်ဇေကာန် (Varzqan ) ဒေသမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အရှေ့အာဇာဘိုင်ဂျန် ၊ အိုရ်ဒဘိုင်းလ် နှင့် ဇန်းန်ဂျာန် တို့မှ အရေးပေါ် ကယ်ဆယ် ရေးအဖွဲ့များကို မတော်တဆမှုဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ကြောင်း သိရှိ ရပါတယ်။

ရဟတ်ယာဉ် အတွင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အတူ သဗ်ရေဇ် ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာ အာယာသွလ္လာဟ် အာလေ့ ဟာရှင်မ် ၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ၊ အရှေ့အာဇာဘိုင်ဂျန် တိုင်းမှူး မာလစ်က် ရဲဟ်မသ်သီ နှင့် အခြား  အဆင့်မြင့်  အစိုးရ အရာရှိများစွာ ပါဝင် ကြောင်း သိရှိ ရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များသည် မတော်တဆမှုဖြစ်ပွားရာနေရာသို့ သွားလိုက်ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

ခက်ခဲသော ရာသီဥတုအခြေအနေနှင့် မြူထူထပ်မှုတို့သည် ကယ်ဆယ်ရေးအဖွဲ့များ၏ ကြိုးပမ်းအား ထုတ်မှုများ ကို ခက်ခဲစေကြောင်း သိရှိရပါတယ်။ မတော်တဆမှုဖြစ်ပွားပြီး တစ်နာရီခန့်အကြာတွင် ကယ်ဆယ် ရေးအဖွဲ့များ က ကြေညာထားသည့်နေရာသို့ ရောက်ရှိလာပြီး ရှာဖွေမှုများ စတင်ခဲ့ကြောင်း သိရှိရ ပါတယ်။

အဆိုပါဒေသသို့ ကယ်ဆယ်ရေးအဖွဲ့ ၂၀ စေလွှတ်ထားပြီးဖြစ်သော်လည်း ဧရိယာအတွင်း ဝင်ရောက် ရန်ခက်ခဲမှုနှင့် ရာသီဥတုအခြေအနေများ၊ အထူးသဖြင့် မြူများထူထပ်မှုကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်ရန် အချိန်ယူရဦးမည်ဖြစ် ကြောင်း သိရှိရပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ သည် အရ်စ် (Aras) နယ်စပ် မြစ်ပေါ်ရှိ ပူးတွဲ ကဇ်ကလ်အဟ်စီ (Qizqalaasi ) ရေကာတာဖွင့်ပွဲ အတွက် ယနေ့နံနက်တွင် အရှေ့အာဇာဘိုင်ဂျန်  ပြည်နယ်သို့ ခရီး ထွက်ခဲ့ ခြင်း ဖြစ်ပါတယ်။

အင်န်ရှာအလ္လာဟ် ... သတင်းအပြည့်အစုံ အား ဆက်လက် ဖော်ပြပါမည်။

.......................................................

END / 251