၃၀ မေ ၂၀၂၄ - ၁၉:၀၀
 ကြံ့ကြံ့ခံ ခုခံမှုသည် ဆီးရီးယား နိုင်ငံ ထူးချွန် သည့် လက္ခဏာ ဖြစ်ပါတယ်။ ဤ အရေးကြီးသည့် အင်္ဂါရပ်ကို မလွဲမသွေ ထိန်းသိမ်းထားသင့်ကြောင်းမိန့်ကြား

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် အာဂါဘေ ဗရှားအစဒ် ၏ ခိုင်မာသော ရပ်တည်မှုကို ချီးကျူးပြီး လူတိုင်းသည် ဆီးရီးယား အစိုးရ၏ ထူးချွန် သည့် အထူးဖြစ်သည့် တစ်နည်းအားဖြင့် ကြံကြံခံ ခုခံမှုကို မိမိ တို့၏ မျက်စိရှေ့တွင် ကြည့်နိုင် ကြောင်း မိန့်ကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ  သည်  ကြာသပ တေးနေ့ တွင် ဆီးရီးယား  သမ္မတ ဗရှားအစဒ်  နှင့် ၎င်း၏ အဖွဲ့ နှင့် တွေ့ဆုံစဉ်    ကြံ့ကြံ့ခံ ခုခံမှုသည် ဆီးရီးယား နိုင်ငံ ထူးချွန် သည့် လက္ခဏာ ဖြစ်ကြောင်း သတ်မှတ် မိန့်ကြား ပြောကြား ပြီး ဤ ထူးခြားသည့် လက္ခဏာ ကြောင့်  ဆီးရီးယား နိုင်ငံ သည် ဒေသ အတွင်း  ထူးချွန် ပြီး ဤ အရေးကြီးသည့် အင်္ဂါရပ်ကို မလွဲမသွေ ထိန်းသိမ်း ထား ရမည် ဖြစ် ကြောင်းမိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် အီရန်ပြည်သူများအား ဝမ်းနည်းကြောင်းဖော်ပြရန် တီဟီရန်တွင် ရောက်ရှိနေသည့် အာဂါယေ ဗရှားအစဒ် အား ကျေးဇူးတင်ရှိကြောင်းနှင့် အီရန် နှင့် ဆီးရီးယား ဆက်ဆံရေး ခိုင်မာစေရေးအတွက် အာဂါယေ ရအီစီ ၏ ထင်ရှားသော အခန်းကဏ္ဍကို ထောက်ပြပြီး ဒေါက်တာ အမီးရ် အဗ်ဒွ လ္လာဟ် ဟီရန်း(န)  ကိုလည်း အထူးဂရုစိုက် ရမည်ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် ဆက်လက်ပြီး အီရန်နှင့် ဆီးရီးယားကြား ဆက်ဆံရေး ခိုင်မာလာရေးသည် အရေးကြီးကြောင်း အကဲဖြတ်ရာတွင် နှစ်နိုင်ငံ ခုခံရေး ဝင်ရိုး၏ မဏ္ဍိုင်များ ဖြစ်ကြကြောင်း နှင့် ဆီးရီးယား၏ ထူးချွန်သည့်  လက္ခဏာဖြစ်သည့်  ကြံကြံခံ ခုခံ မှု ဖြစ်ကြောင်း မရ်ဟွန်မ် ဟာဖစ်ဇ် အစက်ဒ် ၏ နှောင်းပိုင်း တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း  "ခုခံရေးနှင့် ခုခံရေးတပ်ဦး" ကို ထူထောင်ခြင်းဖြင့် ဤအမှတ်အသားသည် ဆီးရီးယားနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးကို အမြဲတမ်း အထောက် အကူဖြစ် စေခဲ့ ကြောင်း မိန့် ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ ဆက်လက်ပြီး ဤလက္ခဏာကို ထိန်းသိမ်းထားရန် လိုအပ်ကြောင်း အလေးပေးဖော်ပြခဲ့ပြီး ဒေသတွင်းရှိ အနောက်တိုင်းသားများနှင့် ၎င်းတို့၏ နောက်လိုက်များသည် ဆီးရီးယားကို တိုက်ခိုက်ခြင်းဖြင့် ဒေသတွင်း မှ ဆီးရီးယားကို ဖယ်ရှားရန် စီစဉ်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း အနောက်တိုင်းသားများ သည် မည်သည့်အခါမျှ ဖြည့်ဆည်းပေးမည်မဟုတ်သော ကတိများအပါအဝင် ဆီးရီးယား   ကို ဒေသတွင်း မှ ဖယ်ရှားရန် ကြိုးပမ်းနေကြကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် အာဂါဘေ ဗရှားအစဒ် ၏ ခိုင်မာသော ရပ်တည်မှုကို ချီးကျူးပြီး လူတိုင်းသည် ဆီးရီးယား အစိုးရ၏  ထူးချွန် သည့် အထူးဖြစ်သည့်  တစ်နည်းအားဖြင့် ကြံကြံခံ ခုခံမှုကို မိမိ တို့၏ မျက်စိရှေ့တွင် ကြည့်နိုင် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ခါမေနာအီ မှ  အီရန်နှင့် ဆီးရီးယားတို့အပေါ် အမေရိကန်နှင့် ဥရောပတို့၏ နိုင်ငံရေးနှင့် စီးပွားရေး ဖိအားများကို ထောက်ပြခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ဤအခြေအနေများကို ကျော်လွှားရမည်ဖြစ်ကြောင်းမိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး မရ်ဟွန်မ် သမ္မတ ရအီစီ အနေဖြင့် အီရန်နှင့် ဆီးရီးယားကြား နယ်ပယ်အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး ယခုအခါ အာဂါယေ မွတ်ခ်ဗရ် သည် သမ္မတ၏ သြဇာအာဏာရှိနေပြီဖြစ်ပြီး ၎င်းအနေဖြင့် အလားတူအပြုအမူများကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ပြီး ကိစ္စရပ်များအားလုံး ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှဆက်လက်ပြီး ဂါဇာကမ်းမြောင်ဒေသရှိ နိုင်ငံအချို့၏ ရပ်တည်ချက်နှင့် ပျက်ကွက်မှုအပေါ် မနာမာတွင် မကြာသေးမီက ပြုလုပ်ခဲ့သော အာရပ်ခေါင်းဆောင်များ အစည်းအဝေးတွင် ပါလက်စတိုင်းနှင့် ဂါဇာဆိုင်ရာ ချို့ယွင်းချက်များစွာကို ထုတ်ဖော်ပြောကြားခဲ့သော်လည်း အချို့နိုင်ငံများတွင် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ထောက်ပြမိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ခါမေနာအီ က အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံ ၏ အနာဂတ် မျှော်မှန်းချက် သည် အပြုသဘော ဆောင်ပြီး တောက်ပ နေပြီး ကျွန်ုပ်တို့ အားလုံး ၏ တာဝန် ကို ထမ်းဆောင် ခြင်းဖြင့် ဤ တောက်ပ သော အနာဂတ် ကို ရောက်ရှိ နိုင် မည်ဟု မျှော်လင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ ဆီးရီးယားသမ္မတ ဗရှားအစဒ် မှ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၊အီရန်အစိုးရနှင့် နိုင်ငံခေါင်းဆောင်တွေကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အီရန်နှင့်  ဆီးရီးယားကြား မဟာဗျူဟာမြောက် ဆက်ဆံရေးဟာ မင်းရဲ့ လမ်းညွှန်မှုနဲ့ မင်းရဲ့ ညွှန်ကြားချက်တွေကို အကောင် အထည်ဖော် ဆောင်ရွက်နေတာဖြစ်ကြောင်း သမ္မတ ရအီစီ နှင့် ဒေါက်တာ အမီးရ် အဗ်ဒွ လ္လာဟ် ဟီရန်း(န)  တီု့သည်လည်း လူကြီးမင်း ၏ မိန့်မှာချက်ကို အကောင် အထည် ဖော်ရန် ကြိုးပမ်း ခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

ဆီးရီးယားသမ္မတ ဗရှားအစဒ် သည် သမ္မတရအီစီ ၏ ကျိုးနွံ မှု ၊ ဉာဏ်ပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြခဲ့ပြီး ၎င်းအား အစ္စလာမ့်တော်လှန်ရေး၏ ထင်ရှားသော စံနမူနာပြအဖြစ် ခေါ်ဝေါ်ကာ သမ္မတ ရအီစီ သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ စရိုက်လက္ခဏာအပေါ် သိသိသာသာ သက်ရောက်မှုရှိကြောင်း ဒေသတွင်းနှင့် ပါလက်စတိုင်းအရေးတို့ နှင့်အတူ အီရန်နှင့် ဆီးရီးယားကြား ဆက်ဆံ ရေးကို လွန်ခဲ့သည့် သုံးနှစ်အတွင်း ပိုမိုခိုင်မာစေခဲ့ ကြောင်း  ပြောကြားခဲ့ပါတယ်။

ဆီးရီးယားသမ္မတ ဗရှားအစဒ် မှ ဆက်လက်ပြီး ဒေသတွင်း ကြံ့ကြံ့ခံ ခုခံမှု ပြဿနာကို ထောက်ပြခဲ့ပြီး နှစ် ၅၀ ကျော်ကြာပြီးနောက် ဒေသတွင်း ကြံ့ကြံ့ခံ ခုခံမှု အားကောင်းလာကာ ယခုအခါ ၎င်းသည် ဘာသာရေးနှင့် နိုင်ငံရေး ရှုထောင့်ပုံစံသို့ ပြောင်းလဲသွားကြောင်း ပြောကြားခဲ့ပါတယ်။

အနောက်နိုင်ငံများနှင့် ယှဉ်လျှင်ပင် ဆုတ်ယုတ်မှု မှန်သမျှသည် ၎င်းတို့၏ တိုးတက်မှုကို ဖြစ်ပေါ်စေမည် ဟူသော ကျွန်ုပ်တို့၏ ရပ်တည်ချက်မှာ အမြဲတမ်း ရှိနေကြောင်း ဆီးရီးယား သမ္မတ အလေးပေး ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆီးရီးယား သမ်၎တ မှ ကြံ့ကြံ့ခံ ခုခံမှု စျေးနှုန်းသည် အလျှော့အတင်း (အနောက်နိုင်ငံများမှ အသိအမှတ်ပြုမှု) စျေးနှုန်းထက် လျော့နည်းကြောင်း လွန်ခဲ့သော နှစ်အနည်းငယ်က မိမိ အနေ ဖြင့် ကြေညာခဲ့ပြီး ယခုပြဿနာသည် ဆီးရီးယားပြည်သူများအတွက် ရှင်းရှင်းလင်းလင်းဖြစ်လာပြီးဖြစ်ကြောင်း ဂါဇာရှိ မကြာသေးမီက ဖြစ်ရပ်များနှင့် ခုခံမှု အောင်ပွဲများကို ဖြစ်စေခဲ့ကြောင်း ထို့ကြောင့် ဤပြဿနာကို ပိုမိုရှင်းလင်းပြီး ကြံ့ကြံ့ ခုခံမှုမှာ အလေးပြုသည့်နိယာမဖြစ်ကြောင်း သက်သေပြခဲ့ ပြီး ဖြစ်ပါတယ်။

ဆီးရီးယားသမ္မတမှ  ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ အား ဒေသတွင်း ခုခံမှုကို ပံ့ပိုးပေးပြီး နယ်ပယ်စုံတွင် ဆီးရီးယားကို ပံ့ပိုးကူညီရာတွင် ထင်ရှားပြီး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါတယ်။

ဤအချိန်အခါ တွင် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ ဆီးရီးယားသမ္မတ အနေဖြင့် အရေးကြီး ပွိုင့် တစ်ခု ကတင်ပြခဲ့ကြောင်း သို့သော် အလွန် အရေးကြီး ပွိုင့် တစ်ချက် ရှိကြောင်း ထိုပွိုင့် အား အလေးပေးတိုက်တွန်း ပြီး "ကျွန်ုပ်တို့ ထိုင်လေလေ ရန်သူက တိုးလေလေ" ဟူ၍ဖြစ်ကြောင်း ဤ အတွက် သံသယဖြစ်စရာမရှိကြောင်း ရန်သူနှင့် အပေးအယူလုပ်မည့်အစား ကြံ့ကြံ့ခံ ခုခံရေးလမ်းကြောင်းကို လျှောက်လှမ်းရန် လွန်ခဲ့သော အနှစ် ၄၀ အတွင်း ကျွန်ုပ်တို့၏ဆောင်ပုဒ်နှင့် အတွေ့အကြုံတစ်ခုဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251