၃၀ မေ ၂၀၂၄ - ၂၀:၂၄
 ချစ်ခင်ရပါသော အမေရိကရှိ တက္ကသိုလ် ကျောင်းသားလူငယ်များ၊ သင် တို့ဟာ အခု မှန်ကန်သည့် သမိုင်း ဘက် ခြမ်းမှာ ရပ်တည်နေပြီး ဖြစ်ပါတယ်  / ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ

လေးစားအပ်ပါသော အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ် ကျောင်းသားလူငယ်များ။ ဤသည်မှာ ကျွန်ုပ်တို့၏ စာနာမှုနှင့် စည်းလုံးညီညွတ်မှုဆိုင်ရာ သတင်းစကားဖြစ်ပါတယ်။ သင်တို့ ဟာ အခု မှန်ကန်သည့် သမိုင်း ဖက်ခြမ်း မှာ ရပ်တည် နေပြီး ဖြစ်ပါတယ် ။ မှန်ကန်သည့် သမိုင်း စာမျက်နှာ ကို တစ်ရွက်ခြင်းစီ ပြောင်းနေပြီး ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ     သည် အမေရိကန် တက္ကသိုလ်များရှိ ပါလက်စတိုင်းပြည်သူများအား အသိစိတ်ရှိရှိ ထောက်ခံအားပေးသည့် တက္ကသိုလ် ကျောင်းသားများအား ပေးပို့သည့် စာတွင် ဇီယွန်ဝါဒီဆန့်ကျင်ရေးဆန္ဒပြမှုများအပေါ် စာနာစိတ်နှင့် စည်းလုံး ညီညွတ်မှုဖြင့် ထုတ်ဖော်ပြောဆိုကာ ၎င်းတို့အား ခုခံမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အာရှတိုက် ၏ အကဲဆတ်သော ဒေသ၏ အခြေအနေနှင့် ကံကြမ္မာ အပြောင်းအလဲကို ရည်ညွှန်းပြီး ကမ္ဘာ့သမိုင်း ၏ လှည့်ပတ်မှုကို အလေးပေးခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ     ၏ ပေးစာ မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

မပြတ်မစဲသနားကြင်နာတော်မူသည့် မဟာ ဂရုဏာတော် ရှင်၊ မြတ်အလ္လာဟ် ၏ နာမတော် ဖြင့် အစ ပြုပါ၏။

ဂါဇာ ကမ်းမြောင်ဒေသရှိ အဖိနှိပ်ခံကလေးများနှင့် အမျိုးသမီးများအား ခုခံကာကွယ်ရန် နိုးကြား သည့် သြတ္တပ္ပစိတ် ကို လှုံ့ဆော်ပေးသည့် လူငယ်များထံ ဤစာကို ကျွန်ုပ်ရေးခြင်း ဖြစ်ပါတယ်။

လေးစားအပ်ပါသော အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ် ကျောင်းသားလူငယ်များ ခင်ဗျား၊ ဤသည်မှာ ကျွန်ုပ်တို့၏ စာနာမှုနှင့် စည်းလုံးညီညွတ်မှုဆိုင်ရာ သတင်းစကားဖြစ်ပါတယ်။  သင်တို့ ဟာ အခု မှန်ကန်သည့် သမိုင်း ဖက်ခြမ်းမှာ ရပ်တည် နေပြီး ဖြစ်ပါတယ် ။ မှန်ကန်သည့် သမိုင်း စာမျက်နှာ ကို တစ်ရွက်ခြင်းစီ ပြောင်း နေပြီး ဖြစ်ပါတယ်။

သင်တို့ဟာအခု နယ်ချဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် ဇီယွန်ဝါဒီအစိုးရကို ပွင့်ပွင့်လင်းလင်း ခုခံကာကွယ်သည့် သင်တို့ အစိုးရ၏ ရက်စက်ကြမ်းကြုတ်သည့်  ဖိအားအောက်တွင် သင်တို့ သည် ခုခံရေး ရှေ့တန်း၏ တစ်စိတ် တစ်ပိုင်းကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

ဝေးကွာသောအရပ်မှ ကြံ့ကြံ့ခံ ခုခံမှုကြီးသည် ယနေ့သင်တို့ ၏တူညီသော ခံယူချက်နှင့် ခံစားချက်များဖြင့် နှစ်ပေါင်း များစွာ တိုက်ပွဲဝင်နေပါတယ်။ ဤတိုက်ပွဲ၏ ရည်ရွယ်ချက်မှာ လွန်ခဲ့သည့်နှစ်များက ပါလက်စတိုင်း နိုင်ငံအား ဇီယွန်ဝါဒီများဟု အမည်ပေးထားသော အကြမ်းဖက်နှင့် ရက်စက်ကြမ်းကြုတ်သော ကွန်ရက်တစ်ခုက ဖိနှိပ်မှုကို ရပ်တန့်ရန်နှင့် ၎င်းတို့နိုင်ငံကို သိမ်းပိုက်ပြီးနောက် အပြင်းထန်ဆုံး ဖိအားများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ကို ရပ်တန့်ရန် ဖြစ်ပါတယ်။ ဇီယွန်ဝါဒီ လူမျိုးရေးခွဲခြားမှု အစိုးရ၏ ယနေ့ လူမျိုးတုံးသတ်ဖြတ်မှုသည် လွန်ခဲ့ သော ဆယ်စုနှစ်များအတွင်း အလွန်ရက်စက်ကြမ်းကြုတ်သော အပြုအမူများ ဆက်လက်ဖြစ် ပေါ်နေ ပါတယ်။

ပါလက်စတိုင်းသည် မွတ်စလင်မ် များ၊ ခရစ်ယာန်များနှင့် ဂျူးလူမျိုးများဖြင့် ဖွဲ့စည်းထားသည့် လွတ်လပ်သည့် နိုင်ငံဖြစ်ပြီး ရှည်လျားသောသမိုင်းကြောင်းရှိပါတယ်။ ကမ္ဘာစစ်အပြီးတွင် ဗြိတိသျှ အစိုးရ၏ အကူအညီဖြင့် ဇီယွန်နစ်ကွန်ရက်၏ အရင်းရှင်များသည် အကြမ်းဖက်သမား ထောင်ပေါင်းများစွာကို ဤမြေထဲသို့ တဖြည်းဖြည်း ခေါ်ဆောင်လာခဲ့ပါတယ်။ မြို့ရွာတို့ကို ကျူးကျော်ပြီး လူထောင်ပေါင်းများစွာ အသတ်ခံ ရခြင်း သို့မဟုတ် အိမ်နီးချင်းနိုင်ငံများသို့ မောင်းထုတ်ခံရခြင်း၊ အိမ်များ၊ ဈေးများ၊ လယ်များကို သူတို့ လက်ထဲကနေ လုယူပြီး ပါလက်စတိုင်းကို သိမ်းပိုက်ထားတဲ့ အစ္စရေးလို့ ခေါ်တဲ့ အစိုးရတစ်ရပ်ကို ထူထောင်ခဲ့ ကြပါတယ်။

ဗြိတိသျှအကူအညီပြီးနောက် နယ်ချဲ့ အစ္စရေး အစိုးရ၏ အကြီးမားဆုံး ထောက်ခံသူမှာ အမေရိကန် ပြည်ထောင်စု ၏ အစိုးရဖြစ်ပြီး ၎င်းအစိုးရအား နိုင်ငံရေး၊ စီးပွားရေးနှင့် လက်နက်များကို ဆက်လက်ပံ့ပိုးပေးကာ ခွင့်မလွှတ်နိုင်သော ပေါ့လျော့သည့် ကိစ္စ ဖြစ်သည့် နျူကလီယား လက်နက်များ ထုတ်လုပ်ရန် လမ်းဖွင့် ပေးထားပါတယ်။ ဤ နည်းဖြင့် ကူညီပေးခဲ့ ကြပါတယ်။

ပထမနေ့မှစ၍ ဇီယွန်ဝါဒီအစိုးရသည် ပါလက်စတိုင်း၏ အကာအကွယ်မဲ့သော ပါလက်စတိုင်းပြည်သူများအား သံလက်သီး ဖြင့်ထိုးသည့် မူဝါဒကို အသုံးပြုခဲ့ပြီး အသိစိတ်၊ လူသားနှင့်ဘာသာရေးတန်ဖိုးများ၊ ရက်စက် ကြမ်းကြုတ်မှု၊ ကြောက်ရွံ့မှုနှင့် ဖိနှိပ်မှုများကို တနေ့တခြား တိုးပွားလာစေခဲ့ပါတယ်။

အမေရိကန် အစိုးရနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် ဤနိုင်ငံတော် အကြမ်းဖက်ဝါဒနှင့် စဉ်ဆက်မပြတ် ဖိနှိပ်မှုများကို မျက်မှောင်ကြုတ်ခြင်းပင် မရှိခဲ့ကြပေ။ ယနေ့ခေတ်တွင်ပင် ဂါဇာတွင် ဆိုးရွား သောရာဇ၀တ်မှုများ နှင့်ပတ်သက်၍ အမေရိကန်အစိုးရ၏ထုတ်ပြန်ချက်အချို့သည် အစစ်အမှန်ထက် အရေခြုံထားခြင်းသာ ဖြစ်ပါ တယ်။

"ကြံ့ကြံ့ခံခုခံ တော်လှန်ရေးတပ်ဦး" သည် ဤမှောင်မိုက်ပြီး စိတ်ပျက်အားငယ်ဖွယ်လေထု၏ နှလုံးသား မှထမြောက်လာပြီး အီရန်နိုင်ငံ ရှိ "အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ" အစိုးရဖွဲ့စည်းခြင်းအား ချဲ့ထွင်ပြီး စွမ်းအား ပေးခဲ့ပါတယ်။

 

နိုင်ငံတကာ ဇီယွန်ဝါဒ၏ ခေါင်းဆောင်များ၊ အမေရိကနှင့် ဥရောပရှိ မီဒီယာကုမ္ပဏီများ အများစုသည် ၎င်းတို့ပိုင် သို့မဟုတ် ၎င်းတို့၏ ငွေကြေးနှင့် လာဘ်စားမှုများ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေကြပြီး ဤလူသားဆန်ပြီး ရဲရင့်သော ခုခံမှုကို အကြမ်းဖက်ဝါဒအဖြစ် မိတ်ဆက်ခဲ့ကြပါတယ်။ နယ်ချဲ့ ဇီယွန်ဝါဒီများ၏ ရာဇ၀တ်မှုများကို ခုခံကာကွယ်နေသည့် နိုင်ငံသည် အကြမ်းဖက်သမားဖြစ်ပါသလား? ဤနိုင်ငံအပေါ်  လူသား ချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ၎င်းတို့အတွက် လက်နက်များ ခိုင်မာစေရေးသည် အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးနေခြင်း ဖြစ်ပါ သလား?

 

ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှု၏ ခေါင်းဆောင်များသည် လူသားတို့၏ အယူအဆများကိုပင် ကရုဏာမရှိကြတောချေ။ အစ္စရေး၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်အစိုးရသည် ၎င်းတို့ကိုယ်ကို ကာကွယ် နေသည်ဟု ဟန်ဆောင်ကာ ပါလက်စတိုင်း တို့၏  လွတ်လပ်မှု လုံခြုံရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ကိုယ်တိုင် ကာကွယ် နေသူများ ကို “အကြမ်းဖက်သမားများ” ဟု ခေါ်ဆိုကြပါတယ်။

ယနေ့ အခြေအနေတွေ ပြောင်းလဲနေပြီဆိုတာ အာမခံချင်ပါတယ်။ အနောက်အာရှ၏ ထိလွယ်ရှလွယ်သည့်  ဒေသကို နောက်ထပ်ကံကြမ္မာက စောင့်မျှော်နေပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဩတ္တပ္ပစိတ်များစွာ နိုးကြားလာခဲ့ပြီး အမှန်တရားကို ထုတ်ဖော်လျက်ရှိပါတယ်၊ ကြံ့ကြံ့ခံ ခုခံမှု ရှေ့တန်းက ပိုအားကောင်းလာမည် ဖြစ်ပြီး  သမိုင်းမှာလည်း ပြောင်းလဲမည် ဖြစ်ပါတယ်။

သင်တို့ အပြင် အမေရိကန်ပြည်ထောင်စုရှိ ဒါဇင်ပေါင်းများစွာသော တက္ကသိုလ်များ၊ တက္ကသိုလ်များနှင့် အခြားနိုင်ငံများရှိ ကျောင်းသားများလည်း ရပ်တည်ခဲ့ကြပါတယ်။ ကျောင်းသားများအတွက် တက္ကသိုလ် ပါမောက္ခများ ပါ၀င်ကူညီပံ့ပိုးပေးခြင်းသည် အရေးကြီးပြီး ထိရောက်သော ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။  အစိုးရ၏ ရဲတပ်ဖွဲ့၏ ပြင်းထန်သော လုပ်ဆောင်ချက်နှင့် သင့်အပေါ် ဖိအားများ ပေးဆောင်လာမှုတို့ ရင်ဆိုင်ရချိန်တွင် ၎င်းသည် အနည်းငယ် သက်သာရာရနိုင်ပါတယ်။ သင်တို့ လူငယ်တွေကိုလည်း ကိုယ်ချင်းစာပြီး သင်တို့ ၏ ရပ်တည်မှုကို လေးစားပါတယ်။

ကျွန်ုပ်တို့အတွက် ကုရ်အာန်၏သင်ခန်းစာသည် မွတ်စလင်များနှင့် ကမ္ဘာပေါ်ရှိလူသားအားလုံးအတွက် မှန်ကန်သည့် တရားလမ်းကြောင်းပေါ်တွင် ရပ်တည်ရန်ဖြစ်ပါတယ်။ فَاستَقِم کَما اُمِرت  (၁) လူသား ဆက်ဆံရေးနှင့်ပတ်သက်သော ကုရ်အာန်ကျမ်းမြတ် ၏သင်ခန်းစာမှာ- နှိပ်စက်ညှဉ်းပန်းခြင်း မပြုပါနှင့် ဖြစ်ပါတယ်။ لا تَظلِمونَ وَ لا تُظلَمون.(၂) ကြံ့ကြံ့ ခုခံရေးတပ်သည် ဤပညတ်တော်များကို သင်ယူပြီး ရာနှင့်ချီသော အလားတူသွန်သင်ချက်များကို လိုက်နာခြင်းဖြင့် ရှေ့သို့ချီတက်ကာ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် အောင်ပွဲခံမည်ဖြစ်ပါတယ်။

ကုရ်အာန်ကျမ်းတော် မြတ် နှင့်  ရင်းနှီးဖို့ အကြံပြုလိုပါတယ်။

(၁) စူရဟ် ဟူဒ် ၏ အာယသ်တော် အမှတ် ၁၁၂ ၏ အစိတ်အပိုင်း တစ်ခု « ဒါဆိလျင် သင်တို့ အမိန့် ရထားသည့် အတိုင်း ကြံကြံ့ခံ ရပ်တည်ပါလေ။  »

(၂) စူရဟ် ဘကရဟ် ၏ အာယသ်တော် ၂၇၉ ၏ အစိတ်အပိုင်း တစ်ခု

ဆယက်ဒ် အလီ ခါမေနာအီ

မေလ ၂၅ရက်နေ့ ၊၂၀၂၄ခုနှစ်

.......................................................

END / 251