ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါ တယ်။
الامام الصادق (عليه السلام):
تَهَادَوْا تَحَابُّوا فَإِنَّ الْهَدِيَّةَ تَذْهَبُ بِالضَّغَائِنِ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« တစ်ဦး နှင့် တစ်ဦး အပြန်အလှန် လက်ဆောင် ပေးကြပါ။ ဤသို့ဖြင့် အသင်တို့ အကြား ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုတွေ တိုးပွားစေမည် ဖြစ်ပါသည်။ အကြောင်းသည်ကား လက်ဆောင် သည် အငြိုးအတေး ၊ ရန် ငြိုးဖွဲ့မှု နှင့် အာဃာတ အား ချေဖျက်ပေးသည့် အတွက် ကြောင့် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၇၂ ၊ စာမျက်နှာ ၄၄
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ လက်ဆောင်ပေးခြင်း သည် ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုတွေ တိုးပွားစေရန် သည် အငြိုးအတေး ၊ ရန် ငြိုးဖွဲ့မှု နှင့် အာဃာတ အား ချေဖျက်ရန် အတွက် နီယသ် ရှိဖို့ လာဘ် ပေးတာမျိုးလည်း မဖြစ်ဖို့ အထူး သတိရှိရမည် ဖြစ်ပါတယ်။
****************************************************************
END / 251