၃၀ မေ ၂၀၂၄ - ၂၀:၂၈
အငြိုးအတေး ၊ ရန်ငြိုးဖွဲ့ မှု ကို   ဖယ်ရှား နည်း

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အငြိုးအတေး ၊ ရန်ငြိုးဖွဲ့ မှု ကို ဖယ်ရှား နည်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါ တယ်။

الامام الصادق (عليه السلام):

تَهَادَوْا تَحَابُّوا فَإِنَّ الْهَدِيَّةَ تَذْهَبُ بِالضَّغَائِنِ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

« တစ်ဦး နှင့် တစ်ဦး အပြန်အလှန် လက်ဆောင် ပေးကြပါ။ ဤသို့ဖြင့် အသင်တို့ အကြား ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုတွေ တိုးပွားစေမည် ဖြစ်ပါသည်။ အကြောင်းသည်ကား လက်ဆောင် သည်  အငြိုးအတေး ၊ ရန် ငြိုးဖွဲ့မှု နှင့် အာဃာတ အား ချေဖျက်ပေးသည့် အတွက် ကြောင့် ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊  အတွဲ ၇၂ ၊ စာမျက်နှာ ၄၄

ရှင်းလင်းချက် အကျဥ်း  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။ လက်ဆောင်ပေးခြင်း သည် ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုတွေ တိုးပွားစေရန် သည်  အငြိုးအတေး ၊ ရန် ငြိုးဖွဲ့မှု နှင့် အာဃာတ အား ချေဖျက်ရန် အတွက် နီယသ် ရှိဖို့ လာဘ် ပေးတာမျိုးလည်း မဖြစ်ဖို့ အထူး သတိရှိရမည် ဖြစ်ပါတယ်။

****************************************************************

END / 251