၇ စက်တင်ဘာ ၂၀၂၆ - ၀၉:၅၅
ဖာရစ်ပြည်နယ်တွင် တော်လှန်ရေးဆန့်ကျင်ရေးအဖွဲ့များနှင့် ဆက်နွယ်သည့် အဖွဲ့ဝင် ၈ ဦးပါ ကွန်ရက်ကို ဖော်ထုတ် ဖျက်ဆီး

ဖာရစ်ပြည်နယ်တွင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ထောက်လှမ်းရေးအဖွဲ့က တော်လှန်ရေး ဆန့်ကျင်ရေး အဖွဲ့များနှင့် ဆက်နွယ်သည်ဟု ဆိုသော အဖွဲ့ဝင် ၈ ဦးပါ ကွန်ရက်တစ်ခုကို ဖော်ထုတ်ပြီး အဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ကာ ၎င်းတို့၏ လျှို့ဝှက်စခန်းမှ လက်နက်များနှင့် ကျည်ဆန်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဖာရစ်ပြည်နယ်ရှိ IRGC ထောက်လှမ်းရေးအဖွဲ့သည် ထိုပြည်နယ်အတွင်း တော်လှန်ရေးဆန့်ကျင်ရေးအဖွဲ့များနှင့် ဆက်နွယ်သော အဖွဲ့ဝင် ၈ ဦးပါ ကွန်ရက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး အဖွဲ့ဝင်များ ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဖာရစ်ပြည်နယ်ရှိ IRGC ထောက်လှမ်းရေးအဖွဲ့၏ ပြောကြားချက်အရ ထိုကွန်ရက်၏ အဖွဲ့ဝင်များသည် ဘုရင်စနစ် ထောက်ခံသူများ၏ လမ်းညွှန်မှုအောက်တွင် ရပ်ကွက်အဆင့် လှုပ်ရှားမှုများ ပြုလုပ်နေကြပြီး လက်နက်များ ဖြန့်ဝေခြင်း အပြင် ဖြစ်နိုင်ချေရှိသော ဆန္ဒပြပွဲများအတွင်း လူများကို သတ်ဖြတ်စေရန်နှင့် လူအသေအပျောက် ဖြစ်ပေါ်စေရန် စီစဉ် ခဲ့ကြသည်ဟု ဆိုပါတယ်။

ထို “အကြမ်းဖက်ကွန်ရက်” ၏ အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ တွင်လည်း တက်ကြွစွာ ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ၎င်းတို့၏ လှုပ်ရှားမှုများတွင် မီးလောင်ဗုံးများဖြင့် နေရာအမျိုးမျိုးကို တိုက်ခိုက်ခြင်း၊ တာယာများ မီးရှို့ခြင်း၊ လမ်းများနှင့် သွားလာရေးလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ အစိုးရနှင့် အများပြည်သူပိုင်ပစ္စည်းများကို ပျက်စီးစေခြင်းတို့ ပါဝင်သည်ဟု ဆိုပါတယ်။

သတင်းအရ IRGC ၏ ထောက်လှမ်းရေးစစ်ဆင်ရေးများအတွင်း ထိုကွန်ရက်အဖွဲ့ဝင်များ၏ လျှို့ဝှက်စခန်းမှ အမြောက် အမြားသော သေနတ်လက်နက်များနှင့် သက်ဆိုင်ရာ ကျည်ဆန်ပစ္စည်းများကို ရှာဖွေတွေ့ရှိကာ သိမ်းဆည်း ခဲ့ကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha