အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ်မကာရေမိုရှီးရာဇီး အနေဖြင့် « အဲဟ်သေကာဒ် မါ » စာအုပ် အားရေးသား သီးကုံးရခြင်း၏ ရည်ရွယ် ချက် နှင့် မှတ်တမ်း အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ကျွန်ုပ်တို့ အနေဖြင့် လက်ရှိခေတ်ကာလအချိန်အခါ တွင်ကြီးမား သည့် ပြောင်းလဲမှု ကိုရှုမြင်နေရ ပါသည်။ ဤပြောင်း လဲမှု၏ အဓိက အခြေခံ အချက်မှာ ကောင်းကင်ကျ သာသနာ တော်ကြီးမှ တစ်ခုဖြစ် သည့် « အစ္စလာမ် သာသနာ တော် » ကြောင့် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ခေတ်ကာလ တွင် အစ္စလာမ် သာသနာသည် ဘဝအသစ် တစ်ခုကို ဆွတ်ခူးလိုက်ပါပြီ။ ကမ္ဘာ့ မွတ်စလင်မ်များ နိုးထနေပြီ ဖြစ်ပါသည်။ ပြီးနောက် မိမိတို့၏ အခြေခံ စစ် အခြေခံ မှန်ဖက်သို့ ပြန်လှည့်ပါပြီ။ မိမိတို့၏ အခက်အခဲပြဿနာ များကို ဖြေရှင်း ဖို့ မည်သည့်နေရာမှ ရှာတွေ့ နိုင်ခြင်းကို အစ္စလာမ် သာသနာတော်၏ သွန်သင်ဆုံးမမှုများ နှင့် အူစူလ်(သာသနာ့ အခြေခံ ရေသောက်မြစ်များ) နှင့် ဖရူးအ် (သာသနာ့ အခြေခံ ရေသောက် မြစ်များ ) တို့တွင် ရှာဖွေနိုင်ဖို့ ကြိုးစား အားထုတ်နေပြီ ဖြစ်ပါသည်။
ဤပြောင်းလဲမှု၏ အကြောင်းခံသက်သေမှာအဘယ်အရာ ဖြစ်ပါ သနည်း? ဆွေးနွေးရမည့် သီးသန့် ခေါင်းစဥ် တစ်ခုဖြစ်ပါ သည်။သိ ထာရမည် အရေးကြီးအချက်မှာ ဤကြီးမားလှသည့် ပြောင်းလဲမှု ၏ အာနိသင် များကို အစ္စလာမ် နိုင်ငံများအားလုံး နှင့် ယုတ်စွ အဆုံး အစ္စလာမ် နိုင်ငံ မဟုတ်သည့် နိုင်ငံများတွင် ထင်ရှားစွာ တွေ့မြင်နိုင် ပါ သည်။
ဤ သက်သေ အထောက်အထား အတွက်ကြောင့်လည်း ကမ္ဘာ လူသား အများစုမှ အစ္စလာမ် ဘာတွေ သွန်သင် ပြောဆို ထားလဲ ? ဆိုတာ သိရှိလိုနေကြပါသည်။ ကမ္ဘာ့လူသားတွေအတွက် ဘယ်လို သတင်း မှတ်တမ်း အသစ်တွေရှိနေလဲဆိုတာ ? သိလိုနေ ကြပါ သည်။
အခုလိုအထိအခိုက်မခံ သည့် အခြေအနေမျိုး တွင် ကျွန်ုပ်တို့၏ သမိုင်းပေးတာဝန်ရှိပါသည်။ အစ္စလာမ် သာသနာ တော်ကို မိတ်ဆက် ပေးရာတွင် (နဂိုမူလ) အရှိအတိုင်း မိမိဖက်မှ မည်သည့် အပို(အလို) များထည့် သွင်း ခြင်းမရှိဘဲ ပြတ်သားစွာ အများနားလည် သဘော ပေါက်နိုင်အောင် ရှင်းလင်း တင်ပြနိုင်ရမည် ဖြစ်ပါသည်။ အစ္စလာမ်နှင့် အစ္စလာမ်မီ ဖေရ်ကာများ အကြောင်း ကို သိရှိနားလည် လိုသည့်သူများ ပို၍လိုအားတောင့်တနေသူများကို အမှန်တရား အစစ်အမှန် ကိုပြသပေး ရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့နေရာမှ အခြား (အစ္စလာမ်မဟုတ်သူများ) ဝင်ရောက် ပြောဆို တင်ပြမှု ၊ ကျွန်ုပ်တို့ နေရာမှလာရောက် ပြီး ဆုံးဖြတ်မှု ကို မပြုနိုင်အောင် အခွင့်အလမ်း မပေးဖို့ လိုပါသည်။
၂။ အစ္စလာမ် သာသနာတွင် အခြားသာသနာများကဲ့သို့ ဖေရ်ကာများ (ဂိုဏ်းကွဲများ)ရှိနေသည်ဆိုသည့် အချက်ကို ငြင်းမရ ချေ။ ဖေရ်ကာတိုင်းတွင် သက်ဝင် ယုံကြည်မှု ဆိုင်ရာ ကိစ္စများ ၊ ကျင့်သုံးမှု ဆိုင်ရာ ကဏ္ဍများတွင် သီးသန့် အနေအထား များရှိ နေပါ သည်။
သို့သော် ဤအမြင်မတူမှုများ၊လုပ်ပုံကိုင်ပုံ မတူညီမှု၊ ကွဲလွဲ မှုများ ဟာဖေရ်ကာတစ်ခု နှင့် တစ်ခု ၏ နောက်လိုက်များ အကြား အတူ တကွပေါင်းစည်း စုစည်းနေထိုင်မှု အတွက် တားဆီး ပိတ်ပင် မှုမျိုး ကိုလုံးဝ မဖြစ်ပေ။
တစ်နည်းအားဖြင့် ဤဖေရ်ကာ (ဂိုဏ်းကွဲ) များသည် တစ်ဂိုဏ်း နှင့် တစ်ဂိုဏ်း အတူ လက်တွဲ နေထိုင်ပြီး စုစည်းပြီး ၊ အနောက်တိုင်း ၊ အရှေ့တိုင်း (အစ္စလာမ်ရန်သူများ ) ဘက်မှ တိုက် ခတ် လာမည့် မုန်တိုင်း ဒဏ် ကို ရင်ဆိုင်ပြီး၊ မိမိတို့ ကိုယ်ကို ကာကွယ် ထိန်းသိမ်း နိုင်ပါသည်။ မိမိတို့၏ ရန်သူများ ကို၎င်း တို့ အစီအစဥ် များအတိုင်း လက်တြွေ မကျင့်သုံးနိုင်အောင် ကာကွယ် ရမည် ဖြစ်ပါသည်။
ဤအတူပေါင်း စည်းနေထိုင်ဖို့ ဆိုလိုချက် အဓိပ္ပာယ်ကို နားလည် သဘောပေါက်ဖို့ ၊ခိုင်မာခိုင်ခံ့ဖို့ လေးနက် ဖို့ (မလွဲမသွေ) လိုက်နာ ဆောင်ရွက် ရမည့် အခြေခံများ စည်းမျဉ်းစည်းကမ်းရှိတာ အသေအချာ ဖြစ်ပါသည်။
ဤအခြေခံစည်းမျဉ်းစည်းကမ်းများအားလုံးတွင် အလွန်တရ အရေးအကြီးဆုံးအချက်မှာ အစ္စလာမ်မီဖေရ်ကာများ တစ်ခုနှင့် တစ်ခု အပြန်အလှန်ကောင်းမွန်စွာနားလည်သိထားရန် လိုအပ်ပါသည်။ ဖေရ်ကာ တစ်ခု နှင့် တစ်ခု ၏ သီးသန့် အချက်အလက်များ (ကဏ္ဍများ) ကို အပြန်အလှန် ရှင်းလင်းနေဖို့ လိုပေသည်။
အကြောင်းမှာ ဖေရ်ကာတစ်ခု နှင့် တစ်ခု အပြန်အလှန်ကောင်း မွန်စွာ သိထားလျင် အမြင်မှားမှုများကို တားဆီးနိုင်ပြီး စုပေါင်းညီညွတ်စွာ နေထိုင်ရမည် ဖြစ်ပါသည်။
ဖေရ်ကာတစ်ခု နှင့် တစ်ခု အပြန်အလှန် ကောင်းမွန်စွာ နားလည် သဘောပေါက်ရန် အကောင်းတကာ့ အကောင်းဆုံးနည်းလမ်းမှာ ဖေရ်ကာ တိုင်း ၏သက်ဝင် ယုံကြည်မှုများ (အကါယဒ်) ၊ အူစူလ်၊ဖရူးအ် အား ၎င်း ဖေရ်ကာ၏ အကျော်အမော် သာသနာ့ ပညာရှင်များ ထံ မှ ရယူ ရမည် ဖြစ်ပါသည်။
အကြောင်းမှာ အကယ်၍ အသေအချာမသိသူများထံ သွား ရောက်မည် (သို့မဟုတ်) မတော်တဆ ဖေရ်ကာတစ်ခု ၏ အကီဒါ (သက်ဝင် ယုံကြည်မှုများ) နှင့်ပတ်သက်ပြီး ၎င်းဖေရ်ကာ၏ ရန်သူများထံ မေးမြန်း မိလျင် နှစ်မြို့မှု ၊ မနှစ်မြို့ မှုကို အခြေခံပြီး မိမိ ရည်မှန်း ချက်ပန်းတိုင် လွဲသွားမည် ဖြစ်ပါသည်။အတူစည်းလုံးစွာ ပေါင်းသင်း နေထိုင်ဖို့ ကနေ အယုံအကြည်မဲ့ခြင်း နှင့် တစ်ဦး နှင် တစ်ဦး ၊တစ်ဂိုဏ်း နှင့် တစ်ဂိုဏ်း ဝေး ကွာရခြင်းအဖြစ်သို့ရောက်သွားပေမည်။
၃။ အထက်ဖော်ပြပါ အချက်နှစ်ချက် ကို ထောက်ရှုပြီး ကျွန်ုပ် အနေဖြင့် အစ္စလာမ်မီ အူစူလ် နှင့် ဖရူးအ် သက်ဝင်ယုံကြည်မှုများ၊ နောက်ဆက်တွဲ အဖြစ် ရှီအဟ်ဖေရ်ကာ သီးသန့် (အမြင်များ) ကိုဤစာအုပ်ငယ် လေး အတွင်း အကျဉ်း သဘော ၊ အနှစ်ချုပ်သဘောတင်ပြရန် အဓိဋ္ဌာန်ပြုခဲ့ပါ သည်။ပြီးနောက် အောက်ဖော်ပြပါ အင်ဂါရပ်များ နှင့် လည်းညီအောင် ရေးသားသီးကုံးမှု စီစဥ်ခဲ့ပါသည်။
(၁) လိုအပ်သော အကြောင်းအရာအားလုံး၏ အတိုချုပ်နှင့် ကောက်နုတ် ချက်များကို ဤစာအုပ် တွင် ထင်ဟပ်စေပြီး ရှာဖွေဖတ်ရှုသူများ၏ ပခုံးပေါ်မှ စာအုပ်များစွာကို ဖတ်ရှုရသည့် အခက် အခဲကို ဖယ်ရှားပေး ထားပါသည်။
(၂) အကြောင်းအရာများ ရှင်းလင်းပြတ်သား ပြီး မရှင်းလင်းမှုများမှန်သမျှ မှကင်းရှင်းရမည် ဖြစ်ပါသည်။ ယုတ်စွ အဆုံးပညာရပ်ဆိုင်ရာအသိုင်း အဝိုင်း နှင့် ဟောင်ဇဟ်များ တွင်သုံးစွဲသည့် ပညာရပ်ဆိုင်ရာ အခေါ်အဝေါ် အသုံးအနှုန်းများကို လည်းသုံးစွဲခြင်းမှ ရှောင်ကြဉ်ထားပါသည်။ဤကဲ့သို့ သုံးစွဲခြင်းကြောင့် အကြောင်းအရာများ၏ လေးနက်မှုလျော့သွားမှု မရှိ အောင် လည်း ဆောင်ရွက်ထားပါသည်။
(၃) ဤစာအုပ်ငယ်တွင် ကျွန်ုပ်ရေးသားတင်ပြမှုမှာ သက်ဝင်ယုံကြည်မှုများ သာ ဖြစ်ပါသည်။ ၎င်းယုံကြည်မှုများ အတွက်သက်သေ အထောက် အထား များ မဟုတ်ချေ။ သို့သော် အထိအခိုက်မခံသည့် နေရာများတွင် သဘာဝ အရ အကျဉ်းချုပ်၊ အနှစ်ချုပ် ရေးသားခွင့်ပေးသည့်နေရာများ၊ အကြောင်း အရာများကို ကျမ်းတော်မြတ် ကုရ်အာန် ၊ စွန္နသ်တော် နှင့် အသိဥာဏ် ဆိုင်ရာ အထောက်အထား သက်သေများ အဖြစ် တင်ပြထား ပါသည်။
(၄)နဂိုပကတိအရှိအတိုင်း အမှန်တရားအတိုင်း သိရှိနားလည်နိုင်ရန် ဘက်စုံ ထောင့်စုံ မှ မချေမခံပြုခြင်း ေ၊ရှေ့အပြေးပြောခြင်း တို့မှ ရှောင်ကြဉ် ထားပါသည်။
(၅) (အစ္စလာမ်မီ) ဖေရ်ကာအားလုံးကို ရိုသေလေးစားပြီး ကလောင်၏ သိက္ခာ ၊သန့်စင်မှု အကြောင်း အရာများအားလုံးကို တင်ပြ ရာတွင် ထ်န်းသိမ်းထားပါသည်။
လူကြီးမင်း၏ လက်ဝယ်ရှိ ဤစာအုပ်ငယ်လေးသည် အထက်ဖော်ပြပါ အချက်အလက် များ ကို ရှေးရှုပြီး အလ္လာဟ့် အိမ်တော်ဘက်သို့ ခရီးသွားစဥ် နမာမ် နှင့် နှလုံးသားသန့်ရှင်းစင်ကြယ်နေချိန် တွင် ရေးသား သီးကုံး ခဲ့ခြင်း ဖြစ်ပါသည်။
ပြီးနောက် သာသနာ့ပညာရှင်များ နှင့် အကြိမ်ကြိမ် ထိုင်ပြီး ဆွေးနွေး နှီးနှောကာ အတိအကျ အလေးအနက် စိစစ် မှုကို ပြုခဲ့ ပြီး ဤစာအုပ် ငယ် အား အဆုံးသတ်ခဲ့ခြင်းဖြစ်ပါသည်။
အထက်ဖော်ပြပါ ရည်ရွယ် ချက်များကို ဆည်းပူးနိုင်ရန် ဤစာအုပ် သည် အသုံးဝင် တန်ဖိုးရှိမည် ဟု မျှော်လင့်မိပါသည်။ လော ကုတ္တရာ အတွက် လည်းလုံခြုံ စွာ သိုလှောင်ထားသည့် ရိက္ခာ တစ်ခုလည်း ဖြစ်ပါ သည်။
ကျွန်ုပ်အနေဖြင့် ဤနေရာတွင် အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် ထံ တွင် လက်ဖြန့်ပြီး ဒိုအာ ပြုပါသည်။
رَبَّنا انَّنا سَمِعْنا مُنادياً يُنادى لِلايمان أنْ آمِنُوا بِرَبِّكُمْ فَآمَنَّا رَبَّنا فَاغْفِرْلَنا ذُنُوبَنا وَ كَفِّرْ عَنّا سِيِئاتِنا وَ تَوَفَّنا مَعَ الابْرار.[1]
နာစေရ်မကာရေမိုရှီးရာဇီး
မဒဲရ်စေယေ အမီးရိုလ်မိုအ်မေနီးန်(အ.စ) ၊ မုဟော်ရမ်လ
ဟီဂျရီသက္ကရာဇ် ၁၄၁၇ ခုနှစ်
.......................................................
END / 251
[1] စူရဟ် အာလေအင်န်မရာန် ၊ အာယသ်တော် အမှတ် ၁၉၃