အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ စုပေါင်းကုရ်ဘာနီ တွင် လူဦးရေ မည်မျှ အထိ ပါဝင်နိုင်ပါသနည်း ? ဆိုင်ရာ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
အီးဒ်ကုရ်ဘာန် တွင် (စုပေါင်း) ကုရ်ဘာနီ တစ်ခု ပြုလုပ်မှု တွင် အနည်းဆုံး လူဦးရေ မည်မျှ အထိ ပါဝင် နိုင်ပါသနည်း?
အဖြေ
သတ်မှတ်ထားခြင်းမရှိပါ။
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ်အလီ ခါမေနာအီ ၏ အမြင် တွင် လည်း အတူတူဖြစ်ပါတယ်။
အကြံပြုချက် - အထူးသတိပြုရမည့် အချက်မှာ စုပေါင်းကုရ်အာနီ ပြုသည် ဖြစ်စေ တတ်နိုင်၍ တစ်ဦး တည်း ကုရ်ဘာနီ ပြုသည် ဖြစ်စေ ဟလာလ် ငွေဖြစ်ဖို့ ပိုပြီးအရေးကြီးပါတယ်။ အကယ်၍ ဟလာလ် ငွေ မဟုတ်လျင် ကုရ်ာနီ အ ငါးကောင် ခြောက်ကောင်းလောက် လုပ်လည်း လူတွေသာ အထင်ကြီးပေမည်။ အလ္လာဟ်ဟို အရှင်မြတ်သည် လက်ခံမည် မဟုတ်ချေ။ ထိုပြင် စုပေါင်း ကုရ်ဘာနီ တွင် ဆင်းရဲသားများသည်လည်း မိမိတို့ တတ်နိုင်သလောက် ချွေးနည်းစာ နှင့် ရှာထားသည် ငွေ များ ကို ပါဝင် သင့်ပါတယ်။ ကုရ်အာနီ ပြုချိန် ကုရ်ဘာနီ ၏ ဆဝါးဗ်တွင် မိမိ ၏ သက်ရှိဖြစ်စေ ကွယ်လွန်ဖြစ်စေ မိဘ နှစ်ပါး နှင့် သားသမီးများ ၊ ခင်ပွန်း ၊ ဇနီး စသည် တို့ကိုလည်း ပါဝင်အောင် နီယသ် ပြုပေးသင့်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251