၁၄ ဇွန် ၂၀၂၄ - ၂၀:၁၅
ပေးကမ်းသူ နှင့် တောင်းခံသူ လုပ်ရမည့် အလုပ်

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ပေးကမ်းသူ နှင့် တောင်းခံသူ လုပ်ရမည့် အလုပ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الباقر علیه السلام:

يَا مُحَمَّدُ لَوْ يَعْلَمُ‏ السَّائِلُ‏ مَا فِي الْمَسْأَلَةِ مَا سَأَلَ أَحَدٌ أَحَداً وَ لَوْ يَعْلَمُ الْمُعْطِي مَا فِي الْعَطِيَّةِ مَا رَدَّ أَحَدٌ أَحَداً.

 

အေမာမ် မိုဟမ္မဒ် ဘာကဲရ်    (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  အိုမိုဟမ္မဒ် (ဘင်န်မွစလင်မ်) အကယ်၍ တောင်းခံသူ (တောင်းရမ်းသူ) ကို လူတွေထံ လက်ဖြန့် တောင်းခံခြင်း သည် မည်မျှ ဆိုးရွားကြောင်း သိရှိမည်ဆိုလျင် မည်သည့် (တောင်းရမ်းသူ) မှ မည်သူထံ တွင် လက်ဖြန့် တောင်းခံမည် မဟုတ်ချေ။ ထိုပြင် အကယ်၍ ပေးသည့်သူများ ကို (လှူဒါန်းသူများ) ကို အခြားသူများကို ပေးကမ်းခြင်း (လှူဒါန်းခြင်း) ကြောင့် ရရှိမည့် အရာများ (အကျိုးကျေးဇူးများ) ကို သိရှိမည်ဆိုလျင် ပေးကမ်း သူမည် သူမျှ (လိုအပ်သူ) မည်သူကိုမှလက်ဗလာ ပြန်လွတ်မည် မဟုတ်ချေ။  »

ကျမ်းကိုး ။ ။ ကာဖီ ကျမ်း ၊ အတွဲ ၄ ၊ စာမျက်နှာ ၂၀

ရှင်းလင်းချက် အကျဥ်း  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  အေမာမ် မိန့်ထားသည့် တောင်းခံသူ နှင့် ပေးကမ်းသူ၏ လုပ်ဆောင်ရမည့် လုပ်ရပ် တာဝန်ကို ထင်ရှားစွာ သိရှိရမည် ဖြစ်ပါတယ်။ အေမာမ် ကို ချစ်သည့် သူသည် သူတစ်ပါး ထံ အခြားသူများ ထံ အထူးသဖြင့် မထိုက်တန်သူများထံ လက်မဖြန့်  ဖြစ်အောင် ထိန်းထိန်းသိမ်း သိမ်း စောင့်ရှောက်ပြီးနေရန် ကြိုးစားရပါမည်။ လိုအပ်လာလျင် နမာဇ်ဟာဂျသ် ၂ရကတ် ဝတ်ပြု၍ အလ္လာဟ်ထံ တောင်းခံသင့်ပေသည်။ ပေးကမ်းသူများ အနေဖြင့် လည်း ကွက်ကြား ပေးကမ်းခြင်းမျိုး မလုပ်ဘဲ အမှန်တကယ် လိုအပ်သူ မိုအ်မင် ၊မိုအ်မေနသ် မှန် သမျှကို ၎င်းတို့ မတောင်းခံမည့် အလျင် ပေးကမ်း နိုင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251