၁၄ ဇွန် ၂၀၂၄ - ၂၁:၅၂
ကုရ်ဘာနီ ပြုရန် မြင့်မြတ်သည့် အချိန်အခါ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကုရ်ဘာနီ ပြုရန် မြင့်မြတ်သည့် အချိန်အခါ နှင့် ပတ်သက်သည့် ရှရီအီ အမြင်ကို တင်ပြထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Burrak Organization ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကုရ်ဘာနီ ပြုရန် မြင့်မြတ်သည့် အချိန်အခါ ဆိုင်ရာ ရှရီအီ အမြင်ကို တင်ပြ ထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ၏ ရှရီအီ အမြင်ကို  မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကုရ်ဘာနီ ပြုရန် အမြင့်မြတ်ဆုံးအချိန်အခါ မှာ အီးဒ်နေ့ (ဇေလ်ဟဂျ်ဂျဟ်လ ၁၀ရက်နေ့) နေထွက်ပြီးနောက် နမာဇ်အီးဒ်ဖတ်ရန်ကုန်ချိန် အထိ ဖြစ်ပါသည်။ မီနာ တွင် လေးရက်တိုင် ကုရ်ဘာနီ ပြုနိုင်ပါသည်။ အခြား နေရာများတွင် သုံးရက် တိုင် ပြုနိုင်ပါသည်။ သို့သော် မီနာ တွင် သုံးရက်အတွင်း ကုရ်ဘာနီ လုပ်ခြင်းသည် မြင့်မြတ် ပါသည်။ မီနာ အပြင် အခြား နေရာများအား လုံးတွင်ဇေလ်ဟဂျ်ဂျဟ်လ ၁၀ရက်နေ့ ကို ကုရ်ဘာနီ ပြုခြင်းသည် မြင့်မြတ်ဖြစ်ပါသည်။

အကြံပြုချက် -  အာယာသွလ္လာဟ် စစ်သာနီ ၏ တင်ပြချက်ကို လေ့လာ ၍ မည်သည့် နေ့ မည်သည့် အချိန် တွင် ကုရ်ဘာနီ ပြုခြင်းသည် မြင့်မြတ်ကြောင်း ထင်ရှား စွာ သိရှိရမည် ဖြစ်ပါတယ်။ ထိုကြောင့် တစ်နှစ် တွင် တစ်ချိန် ဖြစ်သည့် ကုရ်ဘာနီ အီးဒ် ၌ ကုရ်ဘာနီ သားကောင် အား အီးဒ်နေ့ တွင် ကုရ်ဘာနီ  ပြုနိုင် အထူး ကြိုးစားရမည် ဖြစ်ပါတယ်။ ကုရ်ဘာနီ ပြုချိန် လိုက်နာ ရမည့် ရှရီအီ စည်းမျဥ်းစည်းကမ်းများ ကိုလည်း လေ့လာထားပြီးနောက် လက်တွေ့ ဆောင်ရွက် နိုင်အောင်   ကြိုးပမ်းရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251