အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကျွန်ုပ်တို့ သက်ဝင်ယုံကြည်သည်မှာ - အလ္လာဟ်ဟို အရှင်မြတ် ၏သန့်ရှင်း စင်ကြယ်တော်မူသော ဇာတိတော် သည် ဘက်စုံ အပြစ် အနာဆာများ ၊ ချွတ်ယွင်း မှုများမှ ကင်းတော်မူပေသည်။ အစစ အရာရာ ပြီးပြည့်စုံမှုရှိပြီး တစ်နည်းအား ဖြင့် ဆိုရလျင် ပြီးပြည့်စုံမှု ၏ လုံးဝ အကြွင်းမဲ့ ပကတိ အရှင် ဖြစ်တော်မူသည်။ တစ်နည်း အားဖြင့် ဤ အနန္တ စကြဝဠာ အတွင်း တည်ရှိ နေသော အလှအပ တရားတိုင်း ၏ ပြီးပြည့် စုံ မှု ဟူသမျှသည် အလ္လာဟ် ဟို အရှင်မြတ်၏ သန့်ရှင်း စင်ကြယ် တော်မူ သော ဇာတိတော်မှ ချီးမြှင့် ပေးသနား ထားခြင်းခံထားခြင်း ဖြစ်ပါ တယ်။
هُوَ اللَّهُ الَّذى لا الهَ الّا هُوَ الْمَلِكُ الْقُدُّوسُ السَّلامُ الْمُؤمِنُ الْمُهَيْمِنُ الْعَزيزُ الْجَبّارُ الْمُتَكَبِّرُ سُبْحانَ اللَّهِ عَمّا يُشْرِكُونَ* هُوَ اللَّهُ الْخالِقُ الْبارِىءُ الْمُصَوِّرُ لَهُ الاسْماءُ الْحُسْنى يُسَبِّحُ له ما فِى السَّمواتِ وَ الارْضِ وَ هُوَ العَزيزُ الْحكيم .
« ထိုအရှင်မြတ်သည် တစ်ပါးတည်း အနှိုင်းမဲ တော်မူသော အရှင်မြတ် ဖြစ်တော်မူသည်။ စိုးမိုးအုပ်ချုပ်တော်မူသော ဘုရင် နှင့် အရှင် သခင် အစစ်ဖြစ်တော်မူပါသည်။ မြတ်အလ္လာဟ်၏ သန့်ရှင်းစင်ကြယ် တော်မူ သော ဇာတိတော် သည် အပြစ်အနာအဆာ အဘက်ဘက်၊ ချွတ်ယွင်း မှု အမျိုးမျိုးမှ ကင်းတော်မူပါသည်။ မည်သူ တစ်ဦးတစ်ယောက် အပေါ် နှိပ်စက် ညှဉ်းပန်း မှုပြုခြင်း မရှိတော်မူချေ။ငြိမ်းချမ်းသာယာမှုကို ပေး သနား တော်မူသော အရှင်မြတ် ဖြစ်ပါတယ်။
အရာခပ်သိမ်း ကို ဂရုပြု စောင့်ရှောက်တော်မူသည့် အရှင်မြတ် ဖြစ်ပါသည်။ စွမ်းအား တန်ခိုးရှင် နှင့် မည်သူမျှ ယှဥ်ပြိုင်မရသော အရှင်ဖြစ်တော်မူပေသည်။ မိမိ ၏ သတ်မှတ် ရဉ်ရွယ်ချက် (များ) ဖြင့် အမိန့် တော် တိုင်း ကို ပြုပြင် နိုင်စွမ်း ရှိတော်မူပေသည်။ ကြီးကျယ် မြင့်မြတ်သော ဂုဏ်သိက္ခာ အရှင်ဖြစ်တော်မူ ပါသည်။ (မွတ်ရှ်ရေကင်းန်များ ) ပြောဆို စွပ်စွဲမှူ အပေါင်း မှ သန့်ရှင် စင်ကြယ်တော်မူသော အရှင်ဖြစ်ပါသည်။ အတွေ့ အကြုံ မလိုဘဲ ပြုစု ဖန်တီးရှင် ၊ အနိုင်းမဲ့ပုံဖော်တော်မူသော အရှင် ဖြစ်ပေ၏။ ထိုအရှင်မြတ် အတွက် ကောငးမြတ် သောနာမတော် များ နှင့် (ပြီးပြည့်စုံ တော်မူသော ဂုဏ်ပုဒ်များ ) ပိုင်ဆိုင်ထားပါသည်။ မိုးကောင်းကင် များနှင့် ပထဝီ မြေ အတွင်း ရှိ အရာခပ်သိမ်း တို့သည် ထို အရှင်မြတ် အား အောက်မေ့တမ်းတ သတိရကြပေသည်။ ထိုအရှင်မြတ် သည် ကြီးကျယ် မြင့်မြတ် တော်မူသော ဂုဏ်တော် ပိုင်ရှင် နှင့် ဆင်ခြင်တုံ တရား ရှိတော်မူ သည့် အရှင်သခင် ပင်ဖြစ်ပါတယ်။ »[1]
ဤသည် အလ္လာဟ် ဟို အရှင်မြတ်သခင်ကြီး ၏ ဂျမားလ် နှင့် ဂျလားလ် ဂုဏ်တော်များ မှ နမူနာ အချို့ ဖြစ်ပါတယ်။
.......................................................
END / 251
[1] စူရဟ်ဟရှ်ရ် ၊ အာယသ်တော်အမှတ် ၂၃ နှင့် ၂၄