၁၇ ဇွန် ၂၀၂၄ - ၁၉:၁၀
ကုရ်ဘာနီ အသား မည်ကဲ့သို့ ဝေငှ ရမည်နည်း ?

အဲဟ်လေ့ဘိုက် (အ.စ) ကိုအချစ်ထားသူတိုင်း မွတ်စလင်မ် တိုင်း နှင့် နောက်လိုက် ရှီအဟ်တိုင်း သည်လည်း အဲဟ်လေ့ဘိုက် (အ.စ) ကုရ်ဘာနီ သားများ ကို ဝေငှတော်မူသည့် အတိုင်း ဝေငှ ရပါမည်ဖြစ်ပါတယ်။ အဲဟ်လေ့ဘိုက် (အ.စ) မည်ကဲ့သို့ ကုရ်ဘာနီ သားအား ဝေငှခဲ့ခဲ့ ကြောင်း ဟဒီးစ်တော် တစ်ပါးကို တင်ပြပါမည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကျော်အမော် ရှီအဟ် သာသနာ့ ပညာရှင်ကြီး တစ်ပါး ဖြစ်သည့် ဆယက်ဒ် ဘင်န်သွာအူစ် (ရ.ဟ) မှ မိမိ ၏ ကျမ်း အစ်က်ဘာလ် တွင် ဟဒီးစ်တော် တစ်ပါး အား အောက်ပါအတိုင်း တင်ပြထားပါတယ်။

အေမာမ် ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။

« အေမာမ် စဂျာဒ် (အ.စ) နှင့် အေမာမ် ဘာကဲရ် (အ.စ) တို့သည် ကုရ်ဘာနီ အသား အား သုံးပုံ ၊ ပုံတော်မူခဲ့ပါသည်။ တစ်ပုံ အား အိမ်နီးနားချင်းများအား ဒုတိယ တစ်ပုံအား လိုအပ်သူများ (မရှိဆင်းရဲ သားများ) အားတတိယ တစ်ပုံအား မိမိ အိမ်သူ အိမ်သား များ အတွက် ဆိုပြီး ဝေငှတော်မူခဲ့ပါသည်။ »

ကျမ်းကိုး - سید بن طائوس ، اقبال ، ص 451

ဤ အတွက်ကြောင့် ကျွန်ုပ်တို့အနေဖြင့်  အဲဟ်လေ့ဘိုက် (အ.စ) ကိုအချစ်ထားသူမွတ်စလင်မ် တိုင်း နှင့် နောက်လိုက် ရှီအဟ်မွတ်စလင်မ်တိုင်း သည်လည်း အဲဟ်လေ့ဘိုက် (အ.စ) ကုရ်ဘာနီ သားများ ကို ဝေငှတော်မူသည့် အတိုင်း ဝေငှ ရပါမည် ဖြစ်ပါတယ်။ ပြီးနောက် သုံးပုံ ၊ပုံချိန် အညီအမျှ ဖြစ်ဖို့လည်း လိုပါတယ်။ အိမ်နီးနားချင်းကို ပေးဖို့ အသားနည်းနည်းများများ နှင့် အရိုး ၊ မရှိဆင်းရဲသားကိုကြတော့ အရိုးများများ နှင့် အသားနည်းနည်း ၊ကိုယ့် မိသားစု အတွက်ကြတော့ အသားတည်း မဝေမိဖို့ အထူး သတိပြု ကြိုးစားရပါမယ်။ စုပေါင်း ကုရ်ဘာနီ ပြုသူများ အား ဦးဆောင်သူများသည်လည်း ဝေငှချိန် မျှမျှတတဝေငှ ပေးဖို့ လိုပါတယ်။ ခင်သူ၊ကိုယ့်လူဆို အသားများများပါတာမျိုး၊ မခင်သူ၊ကိုယ်လူ မဟုတ်သူ (ဘာသာဝင်) ဆိုလျင် လည်း အရိုးများတာပေးတာ မျိုး ၊ လုံးဝ မပေးတာမျိုး ၊ မိမိတို့ အတွက် ဆို အကောင်းဆုံး အသား တွေ တည်း ဖယ်ထားတာမျိုး မလုပ်မိဖို့ အထူးသတိရှိရပါမယ်။

အာလင်မ်တစ်ပါး၏တင်ပြချက်က ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

.......................................................

END / 251