အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ၏ ဟဂျ် မိန့်ခွန်း အပြည့်အစုံ အား ရဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော် နှင့် အီရန် ဟာဂျီများ အား ခေါင်းဆောင် မှ အရ်ဖာသ် ကွင်းပြင် တွင် မွတ်ရှ်များ အား « ဘရာအသ် » ပြုသည့် အစီအစဥ် တွင် ဖတ်ကြပြီးထုတ်ဝေခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ သည် ၁၉၈၃ခုနှစ် မှ စ၍ ယခုနှစ်တိုင်း ဟဂ်ျရာသီအခါသမယ တွင် နှစ်စဉ်နှစ်တိုင်း ဟဂျ်အခြေအနေ နှင့် အစ္စလာမ့် လူ့အဖွဲ့ အစည်းဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ မွတ်စလင်မ် များ၏ တာဝန် ဝတ္တရား အချို့ကို မိန့်ကြားခဲ့ကြောင်း မိန့်ကြားနေကြောင်း မှတ်သား ထိုက်ပါတယ်။
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ ဘိုက်သိုလ္လာဟ်ဟေလ်ဟရာမ် ၏ ဟာဂျီများ ထံ သို့ ပေးပို့ သည့် သဝဏ်လွှာ မှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်။
بسم اللّه الرّحمن الرّحیم
و الحمد للّه ربّ العالمین و الصّلاة و السّلام علی خیر البریّة سیّدنا محمّدٍ المصطفی و آله الطّیّبین و صحبه المنتجبین و من تبعهم باحسان الی یوم الدّین.
ဟဂျ်ရာသီအတွင်း သက်ရှိအလွှာပေါင်းစုံမှ လူသားအားလုံးကို ကအ်ဗဟ်ဝတ်ကျောင်းတော် သို့ ခေါ်ဝေါ်သည့် ကြည်နူး ငြိမ့်ညောင်းသည့် အီဗရာဟီမီသံစဥ် သည် ယခုနှစ် ဟဂျ် ရာသီတွင်လည်း ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မ် များစွာ၏ နှလုံးသားကို သောင်ဟီးဒ် နှင့် စည်းလုံးညီညွတ်မှု ၏ ကြီးကျယ်ခမ်းနားသော ဗဟိုချက်အဖြစ် ဘက်သို့ ဆွဲဆောင်ခဲ့ပါသည်။ မတူကွဲပြားသော စုစည်းမှုဖြင့် အစ္စလာမ်၏ လူသားအရင်းအမြစ် အတိုင်းအတာနှင့် ၎င်းတို့၏ နာမ်ပိုင်း ဆိုင်ရာ အစွမ်းသတ္တိကို ၎င်းတို့နှင့် အခြားသူများ ရှေ့မှောက်တွင် မီးမောင်းထိုးပြထား ပါ သည်။
ဟဂျ် ၏ ကြီးကျယ်ခမ်းနားသော စုဝေးမှုနှင့် ၎င်း၏ အသေးစိတ်သည့် ကျင့်စဥ် များကို သမ္မာသတိရှုထောင့်မှ ရှုမြင်သည့်အခါတိုင်း၊ မွတ်စလင်များအတွက် နှလုံးသားခွန်အား နှင့် ယုံကြည် စိတ်ချရသည့် အရင်းအမြစ် တစ်ခုကိုဖြစ်စေပြီး ရန်သူများ နှင့် မလိုလားသူများအတွက် ကြောက်ရွံ့ထိတ်လန့်မှု အရင်းအမြစ် တစ်ခုဖြစ် စေ ပါသည်။
မွတ်စလင်မ် အွန်မသ် ၏ ရန်သူများ နှင့် မလိုလားသူများသည် ဟဂျ် ၏ ဤရှုထောင့်နှစ်ခုကို ပုံဖျက်ပြီး သံသဖြစ်အောင် ပြုပြီး ဘာသာရေး နှင့် နိုင်ငံရေး ကွဲပြားမှုများကို ချဲ့ကားခြင်းဖြင့် လည်းကောင်း သို့မဟုတ် ၎င်း၏ မြင့်မြတ်သော နာမ်ပိုင်း ဆိုင်ရာ ရှုထောင့်များကို လျော့ပါးသွားအောင်ပြုလုပ်ခြင့် ဖြင့် လည်းကောင်း ပြုနေခြင်းမှာ အံ့သြစရာမရှိချေ။
ကျမ်းမြတ်ကုရ်အာန်တွင် ဟဂျ် အား (အလ္လာဟ့်၏) အစေခံ ဖြစ်စေခြင်း ၊ အောက်မေ့ခြင်း နှင့် နှိမ့်ချခြင်း၏ ကြေးမုံပြင်၊ လူသားများ၏ တန်းတူရည်တူဂုဏ်သိက္ခာကို ထင်ရှားစေခြင်း၊ လူသားများ၏ ရုပ်ဝတ္ထု နှင့် နာမ်ပိုင်းဆိုင်ရာ ဘဝ၏ သုခချမ်းသာစံပြ ဖြစ်ခြင်း ၊ ကောင်းချီးမင်္ဂလာ နှင့် လမ်းညွှန်မှုသင်္ကေတ၊ ကိုယ်ကျင့် စာရိတ္တ ၏ ငြိမ်းချမ်းခြင်း၊ ညီအကိုများနှင့် ရန်သူများကြားတွင် လက်တွေ့ကျသော စည်းလုံးညီညွတ်မှု၏ သာဓကများ ၊ ရန်သူများ နှင့် ရင်ဆိုင် ရန် ဘရာအသ် နှင့် (၎င်းရန်သူများအား ) စက်ဆုတ်ခြင်း ၊ ရန်သူများကို အင်အားကြီးစွာ တွန်းလှန်ခြင်း အဖြစ် မိတ်ဆက်ပေးထားပါသည်။
ဟဂျ်နှင့်ပတ်သက်သည့် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ ကို တွေးတောဆင်ခြင်ခြင်း နှင့် ဤအနှိုင်းမဲ့ တာဝန်၏ လုပ်ဆောင်ချက်များနှင့် ကျင့်စဉ်လာများတွင် တွေးတောဆင်ခြင်ခြင်းဖြင့် ဤအရာများနှင့် ဟဂျ် ၏ အသေးစိတ် ကျင့်စဥ်များ၏ အပြန်အလှန်ဖွဲ့စည်းမှုဆိုင်ရာ အခြားအလားတူသင်္ကေတများကို ကျွန်ုပ်တို့ အား ရှင်းလင်းဖော်ပြနေပါသည်။
ဟဂျ်ပြုလုပ်နေကြသည် ညီအကို မောင်နှမများ သည်ဤအချိန်အခါ တွင် ဤအဆင့်မြင့်ပြီး စည်းနှောင်ထားသော အချက်အလက်များနှင့် သွန်သင်ချက်များကို လေ့ကျင့်သည့် နယ်ပယ်တွင် တည်ရှိနေပါသည်။ လူကြီးမင်းတို့ ၏ တွေးခေါ်မှုနှင့် လူကြီးမင်း တို့၏လုပ်ဆောင်မှုများ ကို ၎င်းနှင့် ပိုမိုနီး ကပ်စွာယူ ဆောင်ကာ၊ ဤမြင့်မားသော အယူအဆ များနှင့် အံ့သြဖွယ်ကောင်းသောအမြင်များဖြင့် တန်ဆာဆင် ထားသည့် အထောက်အထား အသစ် ဖြင့် အိမ်သို့ပြန်ကြရန် ဖြစ်ပါသည်။ဤသည် လူကြီးမင်း တို့၏ ဟဂျ် ခရီးစဥ် ၏ အဖိုးတန်ပြီး တကယ့် အမှတ် တရ ဖြစ်ပါသည်။
ဤနှစ် ၏ ဘရာအသ် ကိစ္စသည် အတိတ်ကထက်ပိုမိုပြီး ထင်ရှားနေပါသည်။ ကျွန်ုပ်တို့၏ ခေတ်ပြိုင်သမိုင်းတွင် ထူးခြားသည့် ဂါဇာ၏အဖြစ်ဆိုးများ၊ ရက်စက်ကြမ်းကြုတ်သောအစိုးရ၏ မောက်မာမှုနှင့် ရက်စက် ကြမ်းကြုတ်မှုများ ၏ သရုပ်သဏ္ဍာန်နှင့် ဇီယွန်ဝါဒ ကျဆင်းမှုသည် မည်သည့်ပုဂ္ဂိုလ် ၊ အဖွဲ့အစည်း ၊ အစိုးရ၊ သို့မဟုတ် မွတ်စလင်မ် ဂိုဏ်း များ အတွက် မည်သို့မျှ ထည့်သွင်း စဉ်းစားရန် နှင့် စိတ်ကျေနပ်မှုပေးရန် နေရာမကျန်ခဲ့တော့ချေ။
ယခုနှစ် ဘရာ အသ် အား ဟဂျ် ရာသီ နှင့် မီကာသ် များ ကို ကျော်လွန်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မ် နိုင်ငံများ နှင့် မြို့ကြီးများ အားလုံးတွင် ပျံ့နှံ့သွား သင့်ပါသည်။ ဟာဂျီများ အထိမဟုတ်ဘဲ (မွတ်စလင်မ်) ယောက်တိုင်း အထိ လည်း ပျံ့နှံ့သွား သင့်ပါသည်။
ဇီယွန်ဝါဒီ အစိုးရ နှင့် ၎င်းအား ထောက်ခံသူများ အထူးသဖြင့် အမေရိကန်အစိုးရအား ဘရာအသ် ပြုခြင်း နှင့် စက်ဆုတ် ခြင်း အား လူမျိုးစုများ နှင့် အစိုးရများ ၏ ပြောရပ်နှင့် လုပ်ရပ်များ တွင် မြင်တွေ့ သင့်ပါသည်။ ဤဘရာအသ် ဖြင့် ကွပ်မျက်သူများ၏ သက်တမ်းကို တိုစေ အောင် ပြုသင့်ပါသည်။
ပါလက်စတိုင်း နှင့် ဂါဇာရှိ အဖိနှိပ်ခံပြည်သူများ သည် စိတ်ရှည်သည်းခံမှုနှင့် ကြံ့ကြံ့ခံ ခုခံမှု ဇွဲလုံ့လရှိကြ ပါသည်။ ဤအတွက်ကြောင့် ကမ္ဘာ အား ၎င်းတို့ကို ချီးမြှောက် လေးစားကြည်ညိုရန် တွန်းအားပေးခဲ့ပါသည်။ ၎င်းတို့အား ဘက်ပေါင်းစုံမှ ထောင့်စုံ မှ ထောက်ခံ အားပေး သင့်ပါ သည်။
ကျွန်ုပ်အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ် ထံ ၎င်းတို့ အတွက် ပြီးပြည့်စုံ ပြီး ချက်ချင်းအောင်မြင်မှု အတွက် ဆုတောင်းအပ်ပါသည်။ ပြီးနောက် လူကြီးမင်း ဟာဂျီများ အတွက် ဟဂျ်ကဘူလ်ဖြစ်ရန် ဟဇရသ် ဗကီး ယသွလ္လာဟ် (အ.ဂျ) ကဘူလ်ဖြစ်သည့် တောင်းဆုတော် (ဒိုအာ) သည် လူကြီးမင်းတို့အား ကျောထောက်နောက်ခံ ပြုပေးပါစေရန် ဆုတောင်း လိုက်ပါသည်။
ဆယက်ဒ်အလီ ခါမေနာအီ
ဟီဂျရီ ၁၄၄၅ ခုနှစ် ဇေလ်ဟဂျ်ဂျဟ်လမြတ် ၄ ရက်နေ့
အီရန်သက္ကရာဇ် ၁၄၀၃ခုနှစ် ခိုရ်ဒါဒ်လ ၂၂ ရက်နေ့
ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ဇွန်လ ၁၁ရက်နေ့
.......................................................
END / 251