အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သဲဟ်ဇီးဗိုလ်အဲဟ်ကာမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
عَلَیکُم بِصَلاةِ اللَّیلِ؛ فَإِنَّها سُنَّةُ نَبِیِّکُم، و دَأبُ الصّالِحینَ قَبلَکُم، و مَطرَدَةُ الدّاءِ عَنِ أجسادِکُم.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« နမာဇ်ဇေရှက်ဗ် အား ဝတ်ပြုပါလေ။ နမာဇ်ဇေရှက်ဗ် သည် သင်တို့၏ တမန်တော်မြတ် (ဆွ) ၏ စွန္နသ်တော် ဖြစ်ပါသည်။ ထိုပြင် ဆွာလေဟီးန် (သူတော်စင် သူတော်ကောင်းများ ) ၏လမ်းစဥ် ဖြစ်ပါသည်။ နမာဇ်ဇေရှက်ဗ် သည် သင်တို့ ၏ ခန္ဓာကိုယ် မှ နာကျင်မှု နှင့် ရောဂါ ဝေဒနာများကို ဖယ်ရှား ပေးသည့် အတွက် ကြောင့် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ သဲဟ်ဇီးဗိုလ်အဲဟ်ကာမ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၂၀ ၊ ဟဒီးစ်တော်အမှတ် ၄၅၃
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျင် နမာဇ် ဇေ ရှက်ဗ် ကို ဝတ်ပြုခြင်း သည် ကိုယ်တော်မြတ် (ဆွ) ၏ စွန္နသ်တော် ဖြစ်ပြီး ဆွာလေဟီးန် (သူတော်စင် သူတော်ကောင်းများ ) ၏လမ်းစဥ် ဖြစ်ကြောင်း ထိုပြင် ဝတ်ပြုသူ၏ ခန္ဓာ ကိုယ် ၏ နာကျင်မှု နှင့် ရောဂါ ဝေဒနာ များ ကို ဖယ်ရှား ပေးကြောင်း သိရှိရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ကျွန်ုပ်တို့ အနေဖြင့် နမာဇ် ဇေ ရှက်ဗ် အား ဝတ်ပြုနိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။
****************************************************************
END / 251