အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Burrak Organization ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကိုယ်စား ဟဂျ်ပြုပေးသူသည်မည်သူ၏ သက္က်လီးဒ် အရ ဟဂျ်ပြုရမည် နည်း ? ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ တယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
အဲဟ်လေကေသာဗ် ( ခရစ်ယာန် ၊ ဂျူး ) တို့ ဇစ်ဗ် (လည်လှီးထား) သည့် နွား၊ သိုး ၊ ဆိတ် ၏ အသားကို စားလို့ရပါသလား?
အဖြေ
စားပိုင်ခွင့် မရှိပါ။ အဲဟ်လေ့ကေသာဗ် အနေဖြင့် အလ္လာဟ် အမည် တပြီး လည်လှီးထားသည်ဖြစ် အဲဟ်သေ ယာသွ် ဝါဂျစ်ဗ် အရ စား၍ မရချေ။
မှတ်သားရန် - အမိမြန်မာ အနေအထား အရ သားသတ်သမားများ တွင် အဲဟ်လေကေသာဗ် ( ခရစ်ယာန် ၊ ဂျူး ) မရှိသလောက်ပင် ။ သို့သော် အဲဟ်ကာမ် ကို သိထားလျင် ပို၍ ကောင်းပါတယ်။ ထိုပြင် စားစရာ နှင့် ပတ်သက်၍ အဲဟ်လေကေသာဗ် ( ခရစ်ယာန် ၊ ဂျူး ) တို့လက် မှ ခြောက်သွေ့ သည့် အရာများ ကို သာ သုံးဆောင် ရန် ကျမ်းတော်မြတ် ကုရ်အာန် တွင် လာရှိပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251