အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဟောင်ဇေအေလ်မီးယေ ၏ အကြီးအကဲ နှင့် ကွမ်းမြို့၏ အလှည့်ကျ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ မှ သောကြာနမာဇ် ၏ ပထမ ခွသ်ဗဟ် တွင် ဂဒီးရ် အကြောင်း ဟောကြားရင် အီးဒ်ဒေ ဂရီးရ် ရေ ခွန်းမ် သည် အေမာမ်မသ် ၊ အစ္စလာမ် ၏ အလံ ကိုင်ဆောင်သူ အား နားလည်သိရှိစေရန် နှင့် အစ္စလာမ့် သမိုင်း ၏ အလွန်တောက်ပ ထွန်းလင်းသည့် ပွိုင့် တစ်ခု ဖြစ်ကြောင်း အီးဒ်ဒေ ဂရီးရ် ရေ ခွန်းမ် သည် ရီဝါယသ်တော်များ တွင် ကြီးမြတ်သော ဂုဏ်သိက္ခာ နှင့် အဆင့်အတန်း ဖြစ်ကြောင်း ဟောကြားခဲ့ ပါ တယ်။
ဆက်လက်ပြီး အာယာသွလ္လာဟ် မှ အီးဒ်ဒေ ဂဒီးရ်အား ကြီးမြတ်သော ကျင့်ဝတ် တန်ဖိုးများ ၏ အီးဒ် အဖြစ် မိန့်ကြားရင် အလ္လာဟ်အရှင်မြတ် ၏ ရစူလ်တမန်တော်မြတ် (ဆွ) သည် မိမိနောက် အကောင်း တကာ အကောင်းဆုံး သူ အား ဤ အွန်မသ် ၏ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ခလီဖွာ အဖြစ် လည်းကြောင်း မိတ်ဆက်ပေးတော်မူခဲ့ပါတယ်။ အီးဒ်ဒေ ဂဒီးရ် သည် ကျွန်ုပ်တို့၏ ယုံကြည်ချက် များ ၏ အရေးကြီးသည့်အခန်း တစ်ခု ဖြစ် ကြောင်း ဂဒီးရ် အား ဒါဇင်ပေါင်းများစွာ အာယသ်တော်များ ၊ မြောက်မြားစွာသော ရီဝါယသ်တော် များ တွသင် အထူးနေရာတစ်ခု အဖြစ်ဖော်ပြထားကြောင်း ဂဒီးရ် တွင် အမီးရ် ရိုလ် မိုအ်မေနီးန် (အ.စ) အား အေမာမ် အဖြစ် မိတ်ဆက်ပေးထားကြောင်း မိန့်ကြားခဲ့ပါတယ်။
သောကြာရှေ့ဆောင် ဆရာတော် မှဆက်လက်ပြီး အီးဒ်ဒေ ဂရီးဒ် သည် ရန်သူများ၏ ဖြားယောင်း သွေးဆောင်မှုများ နှင့် ကြိုးပမ်းမှုများကြားမှ ပင် ယနေ့တိုင် ရှင်သန် နေဆဲ ဖြစ်ကြောင်း အလာမဟ် အမီနီ (ရ.ဟ) သည် ကြီးမားသည့် ကျမ်း အလ်ဂဒီးရ် ကျမ်းကို ပြုစု ရေးသားရန် မိမိ၏ ဘဝ ၏ နှစ်ပေါင်းများစွာ စာကြည့် တိုက် များ ပညာရေးဆိုင်ရာ စင်တာ များ တွင် ဖြတ်သန်းခဲ့ကြောင်း အလာမဟ် အလ်ဂဒီးရ် ကျမ်းကို ပြုစု ရေးသားရန် အစ္စလာမ်မီ ဂိုဏ်းများ၏ ကျမ်းများ အားလုံး ကို လေ့လာခဲ့ကြောင်း ဂဒီးရ် သည်ကြီးမားသည့် သဝါသိုရ် အရ ခိုင်လုံ ကြောင်းမိန့်ကြားခဲ့ပါတယ်။
ထိုပြင် အလာမဟ် အမီနီ (ရ.ဟ) သည် ကြီးမားသည့် ကျမ်း အလ်ဂဒီးရ် ကျမ်း တွင် ဆွဟာဗဟ် ပေါင်း ၁၁၀ ပါး၊ ဟဒီးစ်ပါရဂူပေါင်း (မိုဟဒေစီးန်) နှင့် သာဗေအီးန် မှ ၈၀ပါး လွန်ခဲ့သည့်ရာစုနှစ်များက ပညာရှင် ၃၆၀ ပါး ထံ တို့ ထံ ဂဒီးရ် ကိစ္စ အား မိမိ ၏ကျမ်း တွင် ရေးသား ဖော်ပြထားကြောင်း ကျမ်းကိုး စာအုပ် ဒါဇင်ပေါင်းများ စွာကိုလည်း ကိုးကား ထားကြောင်း ဟဇရသ် အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ မှ မိန့်ကြားခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဟောင်ဇေအေလ်မီးယေ ၏ အကြီးအကဲ မှ ဆက်လက်ပြီး ဂရီးရ် ရေ ခွန်းမ် ကို ဘာသာစကားအမျိုးမျိုးဖြင့် ဟဒီးစ် ၊ သမိုင်း၊ ကဗျာများ နှင့် စာပေစာအုပ်များတွင် ဖော်ပြခဲ့ ပြီးဖြစ်ကြောင်း ပြီးနောက် အလာမဟ် အမီနီ (ရ.ဟ) အကောင်းတကာ အကောင်းဆုံး နည်းဖြင့် ဂဒီးရ် မိုသဝါသေရ် ဖြစ်ကြောင်း သက်သေ ထူခဲ့ကြောင်း မည်သို့မျှ သံသယ ဝင် နိုင် ရန် မဖြစ်နိုင်ကြောင်း ဟောကြားခဲ့ပါတယ်။
......................................................
END / 251