၂၅ ဇွန် ၂၀၂၄ - ၀၈:၀၇
မအ်စူမ်မီးန် (အ.စ)၏ ဟဒီးစ်တော်များ အရ အီးဒ်‌ဒေ ဂဒီးရ်  (သို့မဟုတ်) ဂဒီးရ်နေ့ ၏ ကြီးကျယ် မြင့်မြတ်မှု

မအ်စူမ်မီးန် (အ.စ) ၏ ဟဒီးစ်တော်များ အရ အီးဒ်‌ဒေ ဂဒီးရ် (သို့မဟုတ်) ဂဒီးရ်နေ့ ၏ ကြီးကျယ် မြင့်မြတ်မှု အမှန်တရားကို လေ့လာ လိုက်စားသူများ နှင့် လက်တွေ့ ကျင့်သုံး သူများ အတွက် တင်ပြ အပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူသည်။

« ဂဒီးရ် ရေ ခွမ်း နေ့ သည် ကျွန်ုပ်၏ အွန်မသ် (နောက်လိုက်နောက်သားများ ) အတွက် အကောင်းတကာ အကောင်းဆုံး အီးဒ် များ မှ အီးဒ် တစ်ခု ဖြစ်ပါသည်။ ထိုနေ့ (ဂဒီးရ်နေ့) တွင်  အလ္လာဟ်ဟို အရှင်မြတ်သည် သာသနာ အား ပြီးပြည့်စုံ စေခဲ့ပါသည်။ နေအ်မသ်တော်(များ) ကို ကျွန်ုပ်၏ အွန်မသ် တော် အပေါ်  ပြည့်စုံ စေခဲ့သည့်နေ့ (လည်း)  ဖြစ်ပါသည်။ ပြီးနောက် အစ္စလာမ် အား ၎င်းတို့ အတွက် သာသနာတော် အဖြစ် နှစ်သက် မြတ်နိုး တော်မူ ခဲ့ပါ သည်။ »[1]


အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော်မူသည်။

« အီးဒ်ဒေ ဂဒီးရ် သည် အကြီးမြတ်ဆုံး နှင့် ဂုဏ်အရှိဆုံး မွတ်စလင်မ်များ ၏အီးဒ် ဖြစ်ပါသည်။ ထိုကြောင့်ထိုနေ့ တွင် အချိန်တိုင်း အလ္လာဟ် ဟို အရှင် မြတ် အား ကျေးဇူးတင်ရှိထိုက်ပါသည်။ လူထုအနေဖြင့် ဤနေ့ တွင် ရိုဇဟ် ထားသင့်ပါသည်။အကြောင်းမှာ ဤနေ့ ၏ ရိုဇဟ် ၏ ဆဝါးဗ် မှ နှစ် ၆၀ အေဗါဒသ် နှင့် အတူတူ ဖြစ်ပါသည်။ »[2]

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော်မူသည်။

« ဂဒီးရ်နေ့ သည်  အလ္လာဟ် ဟို အရှင်မြတ် ထံတော် တွင် ကြီးမားမြင့်မြတ်သည့် နေ့များ မှ တစ်နေ့ ဖြစ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ်သည် နဘီတမန်တော်မြတ် (ဆွ) တိုင်း အား အီးဒ်‌ဒေ ဂဒီးရ် ပြုလုပ်ပြီး ဤနေ့ ၏ ကြီးကျယ် မြင့်မြတ်မှုကို နားလည်သိရှိ သည့် အတွက် နဘီအဖြစ် ဖူးပွင့်စေခဲ့ပါသည်။  ကောင်းကင် တွင် ဤနေ့ သည် ပဋိညာဉ် နေ့  နှင့် ပထဝီ မြေပြင်တွင် ခိုင်မာသည့် ပဋိညာဉ် နေ့  နှင့် လူသားအားလုံးစုဝေးသည့်နေ့  ဖြစ်ပါသည်။ »[3]

အေမာမ်ရေဇာ (အ.စ) မိန့်တော် မူသည်။

«  ဂဒီးရ်နေ့ သည် မြေပထဝီ ရှိလူသားများ ထက် ကောင်းကင်ရှိသူများ ကြားတွင် ပို၍ကျော်ကြားပါသည်။ ... အကယ်၍ လူသား အနေဖြင့် ဤနေ့ ၏ တန်ဖိုးအမှန်အကန် အား သိရှိမည်ဆိုလျင်  ဧကန်မုချ ထိုသူ နှင့် နေ့စဥ်  ဆယ်ကြိမ် ကောင်းကင်တမန်များ  လက်ဆွဲ နှုတ်ဆက်မည် ဖြစ်ပါသည်။  »[4]

.......................................................

END / 251


[1] شیخ صدوق، الامالی، مؤسسة البعثه، ص۱۸۸.

[2] حر عاملی، وسائل الشیعه، ۱۴۱۶ق، ج۱۰، ص۴۴۳.

[3] حرعاملی، وسائل الشیعه، ۱۴۱۶ق، ج۸، ص۸۹.

[4] طوسی، تهذیب الاحکام، ۱۳۶۵ش، ج۶، ص۲۴.