အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သိုဟ်ဖိုလ်အူကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الهادی علیه السلام:
مَنْ اَطاعَ الخالِقَ لَمْ یُبالِ سَخَطَ المَخْلُوقینَ وَ مَنْ اَسْخَطَ الخالِقَ فَلْیَیْقَنْ اَنْ یَحِّلَ بِهِ سَخَطُ المَخْلُوقینَ.
အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင်မည်သူမဆို အလ္လာဟ် ဟို အရှင်မြတ် ၏ မိန့်တော် အား နားခံမည် ၊ ကျင့်သုံးမည် ဆိုလျင် အဖန်ဆင်းခံ များ ၏ စိတ်ဆိုးမှု ကို ဂရု ပြုမည် မဟုတ်ချေ။ အကြင်မည်သူမဆို အလ္လာဟ်ဟို အရှင်မြတ်အား အမျက်ထွက်အောင် (စိတ်ဆိုးအောင်) ပြုလုပ်မည် ဆိုလျင် ဤင်းအနေဖြင့် သိထားရမည် မှာ လူများသည်လည်း ၎င်းအပေါ် အမျက်ထွက် စိတ်ဆိုး ကြပေလိမ့်မည်။ ( လူများ အနေဖြင့် ၎င်း နှင့်မည်သည့် အခါမှ ကျေနပ်နှစ်မြို့ ကြလိမ့်မည် မဟုတ်ချေ။ »
ကျမ်းကိုး ။ ။ သိုဟ်ဖိုလ်အူကူးလ် ကျမ်း ၊ စာမျက်နှာ ၄၈၂
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ဘာဘဲ လုပ်လုပ် မဂျ်လစ်လုပ်လုပ်၊ ဂျရှ်န်လုပ်လုပ် ၊ ဘယ်အဖွဲ့အစည်းတွင်ပါပါ ၊ အလ္လာဟ်ဟို အရှင်မြတ် နှစ်မြို့ ကျေနပ်မှု အတွက်သာ လုပ်တာ ဖြစ်ရပါမည်။ အနှစ်ချုပ် အား ဖြင့် လူတွေ ကို မကြောက်ဖို့ ၊ လူတွေမျက်နှာ ထက် အလ္လာဟ် ၏ မျက်နှာတော် အား ကြည့်ရမည် ဖြစ်ပါတယ်။ လူတွေသဘောကြကျေနပ်ဖို့ ထက် အလ္လာဟ် သဘောကျ ကျေနပ်ဖို့ အရေးကြီး ပါတယ်။
****************************************************************
END / 251