အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ရုရှားစာရေးဆရာနှင့် လေ့လာသုံးသပ်သူ အလက်ဇန်းဒါး တီမိုခင်က ရုရှားမဂ္ဂဇင်း Vzglyad တွင် ထုတ်ဝေခဲ့သည့် ၎င်း၏ဆောင်းပါး၌ အီရန်နှင့် စစ်ပွဲသည် အမေရိကန်ရေတပ်၏ အခြေခံအားနည်းချက်များစွာကို ထင်ရှားစွာ ဖော်ထုတ်ပေးခဲ့ကြောင်း ပြောဆိုထားပါတယ်။
တီမိုခင်၏ အဆိုအရ အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂ ရက်တွင် လနှင့်ချီကြာမြင့်သည့် တပ်ဖြန့်တာဝန်ထမ်းဆောင်မှု ပြီးဆုံးပြီးနောက် ထိုင်းနိုင်ငံ ပတ္တယား ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ယင်းသည် ရှည်လျားသော တာဝန်ထမ်းဆောင်မှုအပြီး အဆိုပါ လေယာဉ် တင်သင်္ဘော ပထမဆုံး ဝင်ရောက်ရပ်နားသည့် ဆိပ်ကမ်းဖြစ်ပြီး သင်္ဘော၏ အခြေအနေအပေါ်တွင်လည်း မေးခွန်း များ ထွက်ပေါ်လာခဲ့ပါတယ်။
ရုရှားလေ့လာသုံးသပ်သူက ထိုရှည်လျားသော တပ်ဖြန့်တာဝန်အတွင်း အမေရိကန် ရေတပ်သားများ သည် အစာရေစာမလုံလောက်မှု၊ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဖိအားများနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းမှု များအထိ ပြဿနာများကို ရင်ဆိုင်ခဲ့ရကြောင်း ပြောဆိုထားပါတယ်။ ယင်းကိစ္စများသည် အမေရိကန် ရေတပ်အတွက် အကြီးအကျယ် အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုပါတယ်။
ဆောင်းပါးအရ အဆိုပါပြဿနာများ၏ အဓိကအကြောင်းရင်းမှာ အမေရိကန်ရေတပ်၏ မဟာဗျူဟာ မအောင်မြင်မှု ဖြစ်သည်။ တီမိုခင်က အမေရိကန်အနေဖြင့် အနာဂတ်တွင် ဖြစ်ပွားနိုင်သည့် အကြီးစား စစ်ပွဲ တစ်ရပ်၌ မိမိတို့၏ ရေတပ်အင်အားကို မည်သို့အသုံးချရမည်ကို ရှင်းလင်းစွာ မသိရှိသေးကြောင်း၊ ထို့အပြင် မိမိတို့လိုအပ်သည့် ရေတပ်၏ သဘောသဘာဝနှင့် ဖွဲ့စည်းပုံကိုလည်း မှန်ကန်စွာ သတ်မှတ်နိုင်ခြင်း မရှိ သေးကြောင်း ဆိုသည်။ ယင်းကြောင့် အနာဂတ် ရေတပ်စီမံကိန်းများကိုလည်း ထိခိုက်စေကြောင်း ၎င်းက ပြောပါတယ်။
၎င်းက အမေရိကန်တွင် အနာဂတ်ရေတပ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများစွာ ပြုလုပ်နေကြသော်လည်း ယခုအချိန် အထိ ရှင်းလင်းသော မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာခြင်း မရှိသေးကြောင်း ရေးသားထားပါတယ်။ ထို့အပြင် အမေရိကန်ရေတပ်၏ Network Warfare သဘောတရားဆိုင်ရာ ကျွမ်းကျင်သူ ရေတပ်ဗိုလ်ချုပ် အာသာ ဆီဘရိုစကီ ၏ စကားကို ကိုးကား၍ နိုင်ငံတစ်နိုင်ငံက မိမိ၏အနာဂတ်ကို ကိုယ်တိုင်မဖန်တီးပါက အခြားသူများ ဖန်တီးထားသည့် အနာဂတ်ကို ရင်ဆိုင်ရမည် ဟု ပြောကြားခဲ့ပါတယ်။
တီမိုခင်၏ အဆိုအရ အမေရိကန်ရေတပ်သည် လက်ရှိတွင် ထိုအခြေအနေနှင့် ရင်ဆိုင်နေရသည်။ အီရန်နှင့် စစ်ပွဲသည် ယခင်စစ်ပွဲများကဲ့သို့ပင် အမေရိကန်ရေတပ်ကို အချိန်ကြာမြင့်စွာ ဖိအားနှင့် ပင်ပန်း နွမ်းနယ်မှုများ အောက်တွင် ရှိစေခဲ့ပြီး ယင်း၏ အခက်အခဲများသည် အမေရိကန်မီဒီယာများနှင့် ကွန်ဂရက်တွင် ဆွေးနွေး ငြင်းခုံစရာ အကြောင်းအရာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
သို့သော် ရုရှားစာရေးဆရာက ပြိုင်ဘက်ကို အပြစ်တင်ခြင်းသည် အကျိုးမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်း၏အဆိုအရ အမေရိကန်တွင် ပေါ်ပေါက်လာနေသော အဆိုပါပြဿနာများသည် ပြောင်းလဲမှုများ ဖြစ်ပေါ် လာရန် အခြေအနေများကို ဖန်တီးပေးနေပါတယ်။
၎င်းက လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ အာဏာရရှိရေးအတွက် ပြင်းထန်သော နိုင်ငံရေးအပြိုင်အဆိုင် ဖြစ်ပွားနေပြီး ဒီမိုကရက်တစ်ပါတီနှင့် ဆက်နွှယ်သူအချို့က USS Abraham Lincoln လေယာဉ်တင်သင်္ဘောနှင့် ပတ်သက်သည့် ဖြစ်ရပ်များကို ထင်ရှားစွာ ထုတ်ဖော်ပြောဆိုလာကြကြောင်းလည်း ဆိုပါတယ်။
တီမိုခင်၏ အဆိုအရ အဆိုပါပြဿနာများကြောင့် သမ္မတ ဒေါ်နယ်လ် ထရမ့် အပေါ် ဖိအားများ ပိုမိုမြင့် တက်လာနိုင်ပါတယ်။ သို့သော် ယင်းပြဿနာများသည် ဒီမိုကရက်တစ်ပါတီ အစိုးရအုပ်ချုပ်ခဲ့သည့် ကာလများ တွင်လည်း ရှိခဲ့ကြောင်း ၎င်းက ထောက်ပြပါတယ်။
နောက်ဆုံးတွင် ၎င်းက အမေရိကန်လူ့အဖွဲ့အစည်းအတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် အပြောင်း အလဲတစ်ရပ် ဖြစ်ပေါ်လာနိုင်ခြေ ပိုမိုမြင့်တက်လာနေကြောင်း ညွှန်ပြနေပြီး ထိုအပြောင်းအလဲသည် နည်းလမ်းအမျိုးမျိုးဖြင့် ပေါ်ပေါက်လာနိုင်သည်** ဟု သုံးသပ်ထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment