၆ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၈
အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုနှင့် စစ်သင်္ဘောတစ်စင်းကို အီရန်က တုံ့ပြန်တိုက်ခိုက်

အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ကလေးများကို သတ်ဖြတ်နေသော အမေရိကန် စစ်တပ်၏ ရန်လိုတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့်၎င်းတို့၏ လေယာဉ် တင်သင်္ဘော အုပ်စုတစ်ခု နှင့် စစ်သင်္ဘော တစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက အီရန် ရေတပ်သင်္ဘောများ၏ သွားလာမှုကို တားဆီးရန် ကြိုးပမ်းခဲ့သည့် လေယာဉ်တင်သင်္ဘောအုပ်စုနှင့် စစ် သင်္ဘော တစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တော်လှန်ရေးအစောင့်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနသည် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အီရန်ပြည်သူများထံသို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်း၏ အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

بسم اللہ قاصم الجبارین

အီရန်ပြည်သူများခင်ဗျာ ...

တော်လှန်ရေးအစောင့်တပ်၏ အာကာသနှင့် လေကြောင်းတပ်ဖွဲ့ဝင်များသည် ရေကြောင်းပိတ်ဆို့ဝိုင်းရံမှုတွင် ပါဝင်နေသော အမေရိကန်စစ်တပ်၏ လေယာဉ်တင်သင်္ဘောအုပ်စုတစ်ခုနှင့် စစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ ပါတယ်။ အဆိုပါသင်္ဘောများသည် အီရန်ရေတပ်သင်္ဘောများကို တားဆီးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှု ကြောင့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ပြီးနောက် အမေရိကန်၏ အဆိုပါ စစ်သင်္ဘောနှစ်စင်းသည် စစ်ပွဲဖြစ်ပွားရာဒေသမှ ထွက်ပြေးဆုတ်ခွာသွားခဲ့ပါတယ်။

နှစ်ပေါင်းများစွာ မမှန်ကန်သော မာနနှင့် အခြေအမြစ်မရှိသော ကြွေးကြော်မှုများဖြင့် ဤဒေသကို မိမိတို့ စစ်တပ် ၏ စစ်ရေးလှုပ်ရှားရာနေရာအဖြစ် အသုံးပြုခဲ့သော ရန်လိုသူသည် ယနေ့တွင် မိမိတို့၏ စစ်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံခဲ့ရကြောင်း တရားဝင် ဝန်ခံရသည့်အခြေအနေသို့ ရောက်ရှိခဲ့ပါတယ်။

CENTCOM ၏ ဤဝန်ခံချက်သည် ရန်သူ၏ မဟာဗျူဟာမြောက် ရှုံးနိမ့်မှု  နှင့် တော်လှန်ရေးအစောင့်တပ်၏ တိုက်ခိုက်မှုစွမ်းအားကို သက်သေပြနေပါတယ်။

တော်လှန်ရေးအစောင့်တပ်နှင့် အီရန်၏ လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် အစ္စလာမ်မစ် အီရန်နိုင်ငံ၏ ခိုင်မာသော ကာကွယ်ရေးကို အခိုင်အမာ ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြပါတယ်။

စစ်မြေပြင်တွင် အစ္စလာမ်ဘာသာဝင် လူထု၏ ခမ်းနားထည်ဝါသော ပါဝင်မှုနှင့် အစ္စလာမ်၏ ရဲရင့်သော တိုက်ပွဲဝင်များ၏ ဆက်လက်လုပ်ဆောင်နေသော စစ်ရေးစစ်ဆင်ရေးများကြောင့် ရန်သူသည် မိမိတို့၏ ရည်မှန်းချက်ဆိုးများကို အောင်မြင်နိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

ရန်လိုတိုက်ခိုက်မှုများနှင့် ရန်သူဆန်သော လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေပါက အမေရိကန်အစိုးရသည် အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များထံမှ ပြင်းထန်ပြီး ဖျက်ဆီးနိုင်စွမ်းရှိသော တုံ့ပြန်တိုက်ခိုက်မှုများကို မျှော်လင့်ထားရမည်။

ကျွန်ုပ်တို့သည် ယခင်ကထက် ပိုမိုခိုင်မာစွာ ရပ်တည်နေကြပါတယ်။အောင်ပွဲသည် အမြဲတည်မြဲသော အစ္စလာမ်ဘာသာဝင် လူထု၏ အဖို့ဖြစ်ပြီး၊ ရှုံးနိမ့်မှုနှင့် နောင်တသည် ရန်လိုသူများ၏ ကံကြမ္မာဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha