၂၇ ဇွန် ၂၀၂၄ - ၂၀:၂၈
မိမိအလှည့် မဟုတ်ဘဲသူတစ်ပါး အလှည့်ကို ကျော်ခြင်း

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ မိမိအလှည့် မဟုတ်ဘဲသူတစ်ပါး အလှည့်ကို ကျော်ခြင်း ကိစ္စ နှင့်ပတ်သက် သည့် ရရှီအီ ဥပဒေ ကိစ္စနှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency  ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  မှ မိမိအလှည့် မဟုတ်ဘဲ သူတစ်ပါး အလှည့်ကို ကျော်ခြင်း  ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါ တယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။

မေးခွန်း

နံပြားဝယ်ချိန် သို့မဟုတ် ဆရာဝန် ကိုပြဖို့ နံပါတ် ယူချိန် စသည်ဖြင့်  တန်းစီ ရသည့်အခါ သို့မဟုတ် နံပါတ်ယူရသည့်အခါ သူများအလှည့်ကို  ဂရုမပြုဘဲ ကျော်ပြီး နေရာယူခြင်းသည် ဟရာမ် ဖြစ်ပါသလား ?  

အဖြေ

အကယ်၍ အခြားသူများ၏ ရပိုင်ခွင့် တွင် ဇူလ်မ် လုပ်ခြင်း ဖြစ်မည်ဆိုလျင် ဟရာမ် ဖြစ်ပါတယ်။

မှတ်ချက်  ။ ။ ဤ အတွက်ကြောင့် ကျနော်တို့ အနေဖြင့် ဂရုမပြုသည့် အသေးအမွှားကိစ္စများ ကိုပင် အစ္စလာမ် မှ သတိပေး ပြီး စည်းမျဉ်း စည်းကမ်းများကို ပြထားကြောင်း ထင်ရှားစွာ သိရှိရမှာ ဖြစ်ပါတယ်။ ဤ အတွက် ကြောင့် ဤကဲ့သို့ အသေးစိတ် အလုပ်များ ကိုလည်း အထူးဂရုပြုရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ဗလီများ အေမာမ် ဘာရာ များ တွင်လည်း နမာဇ် ဝတ်ပြုချိန် အရင်ရောက်သူ မှ အရင် ထိုင်ရမည်ဖြစ်ပါတယ်။ ဗလီနှင့် အေမာမ် ဘာရာ ကို မိမိ အိမ်ကဲ့သို့ အပိုင်စီးထားပြီးနေရာကို အတည်တကျသတ်မှတ်ခြင်းမျိုးကို ရှောင်ကြဥ်ရမည် ဖြစ်ပါတယ်။

 

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251