အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည် ယနေ့နံနက် ၈ နာရီတွင် ၁၄ ကြိမ်မြောက် သမ္မတ သစ် ရွေးကောက်ပွဲ ဒုတိယအဆင့် အတွက် မိမိ ၏ မဲအား မဲသေတ္တာ အမှတ် ၁၁၀ တွင် မဲ ပေးချိန် အစတွင် မဲပေးခဲ့ပါတယ်။
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိမိ ၏ မဲအား မဲသေတ္တာ အမှတ် ၁၁၀ တွက် ထည့်ပြီးနောက် မဲပေးရ သည့် နေ့ အား ကောင်းသည့်နေ့ နှင့် အရေးကြီးသော နိုင်ငံရေး အကြောင်းရင်းတစ်ခုအဖြစ် ပြည်သူများ ၏ လှုပ်ရှားမှု နေ့ အဖြစ် သတ်မှတ်ပြီး မိန့်ကြားတော်မူသည်မှာ - အင်န်ရှာအလ္လာဟ် ၊ ကျွန်ုပ်တို့ ၏ ချစ်လှစွာသော ပြည်သူ လူထု အနေဖြင့် ဒုတိယအဆင့်တွင် ပိုမိုအားစိုက်ထုတ်ကာ မဲရုံများသို့ လာ ရောက်ကြပြီး အကောင်း တကာအကောင်းဆုံသူ ကို သမ္မတ အသစ် အဖြစ် ရွေးချယ် ပြီး ဤ အဆင့်ကို အဆုံး သတ်ကြမည် ဖြစ်ကြောင်း ဤသို့ ဖြင့် မနက်ဖန် စနေနေ့ တွင် ကျွန်ုပ်တို့သည် သမ္မတ သစ် ရရှိမည် ဖြစ် ကြောင်း ဖြစ်ပါတယ်။
ဤသမ္မတရွေးကောက်ပွဲအဆင့်တွင် လူအများ၏ စိတ်အားထက်သန်မှုနှင့် စိတ်ဝင်စားမှု တိုးလာခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာအချို့ကို ကိုးကား၍ ရဲဟ်ဗရ် အင်န်ကေလာဗ် မှ ဤသို့ဆိုပါက ကျေနပ်စရာဖြစ်ပြီး၊ အနန္တတန်ခိုးရှင် အလ္လာဟ် ဟိုအရှင်မြတ် သည် ပြည်သူလူထု အား အောင်မြင်စေမှု ၊ နိုင်ငံတော်ကို ကြီးပွားတိုးတက်စေမှု ချီးမြှင်းမည်ဟု မျှော်လင့်ကြောင်း မည်သူမဆို ဤလမ်းပေါ်၌ရှိသော သူအပေါင်းတို့ သည် အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေးဇူးတော်နှင့် ကရုဏာတော် ရရှိကြမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အီရန်အစ္စလာမ်မစ် ပြည်သူသမ္မတ နိုင်ငံတွင် အခု အချိန် သည် နွေရာသီ ဖြစ်၍ အပူချိန် ၄၃ ဒီဂရီ ရှိနေသည့် အချိန် တစ်ဘက်မှာလည်း အမေရိကန် ၊ အစ္စရေး နှင့် မဟာမိတ်များ မှ ဒေါ် လာ သန်းပေါင်းများစွာ သုံး၍ သစ္စာဖောက်များ ကို အသုံးချပြီး မဲ သွားမပေးကြဖို့ အစွမ်းကုန် ကြိုးစားနေတဲ့အချိန် ဖြစ်ပါတယ်။
၁၄ ကြိမ်မြောက် သမ္မတသစ် ရွေးကောက်ပွဲ ပထမ အဆင့် တွင်လည်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရန်သူများ မှ အီရန် ပြည်သူ အနေဖြင့် ၈သန်း ခန့် မဲလာပေးလျင် ကံကောင်းဟု တစ်လ အရင် ကတည်းကဆိုခဲ့ရာ သန်း၂၀ ကျော် မဲလာပေးခဲ့ကြောင်း မှတ်သား သင့်ပါတယ်။
.......................................................
END / 251