အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ သတင်းထောက် အဆိုအရ အီရန်နိုင်ငံ စစ်မ်နန် ပြည်နယ် ဆိုင်ရာ ဝလီယေ ဖကီးဟ် ၏ ကိုယ်စားလှယ်တော် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုရ်သဒွါ မိုသွီးအီ မှ အေမာမ် ဇါဒေ ယဟ်ယာ Imam(အ.စ) ၌ ကျင်းပသော ၁၄ ကြိမ်မြောက် အီရန်သမ္မတ သစ် ဒုတိယအဆင့် ရွေးကောက်ပွဲ တွင် ပါဝင်ပြီးနောက် စကားပြောဆိုမှုအတွင်း ပြောကြားခဲ့သည်မှာ - မြင့်မြတ်သောကာကွယ်ရေးကာလ( အီရန် ၊အီရန် စစ်ပွဲ ကာလ ) တွင်ပင် အချို့သောစစ်ဆင်ရေးများသည် ပထမအဆင့်တွင် ရလဒ်မဖြစ်ထွန်းခဲ့ဘဲ ဤ စစ်ဆင်ရေး ၏ ဒုတိယအဆင့်သည် အလွန်အရေးကြီးကြောင်း ဖြစ်ပါတယ်။
အလားတူပင် ကျွန်ုပ်တို့နိုင်ငံတွင် ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ဒုတိယအဆင့်သည်လည်း အလွန် အရေးကြီးပြီး အဆုံးအဖြတ်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုရ်သဒွါ မိုသွီးအီ မှ ဆက်လက်ပြီး မဲပေးခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးတက်မှုအတွက် အလွန်အရေးကြီးကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အတိုက်အခံများသည် ရွေးကောက်ပွဲတွင် အီရန် ပြည်သူ များ အနေဖြင့် အစ္စလာမ်မစ် စနစ်အတွက် တက်ရောက်မှု နှင့် ကြီးမားသော ပူးပေါင်းပါဝင်မှု ပြုခြင်းကို အလွန်စိုးရိမ်နေကြကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251