၆ ဇူလိုင် ၂၀၂၄ - ၀၃:၃၇
မဲပေးခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွန်အရေးကြီးပါတယ် / H.I  မိုရ်သဒွါ မိုသွီးအီ

အီရန်နိုင်ငံ စစ်မ်နန် ပြည်နယ် ဆိုင်ရာ ဝလီယေ ဖကီးဟ် ၏ ကိုယ်စားလှယ်တော် မှ ၁၄ ကြိမ်မြောက် အီရန် သမ္မတသစ် ရွေးကောက်ပွဲမှာ ပါဝင်ရတာဟာ အီရန်ပြည်သူအားလုံးရဲ့ ဘာသာရေး နဲ့ အစ္စလာမ်မစ် တော်လှန် ရေး၏ တာဝန် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ သတင်းထောက် အဆိုအရ အီရန်နိုင်ငံ စစ်မ်နန် ပြည်နယ် ဆိုင်ရာ ဝလီယေ ဖကီးဟ် ၏ ကိုယ်စားလှယ်တော်  ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  မိုရ်သဒွါ မိုသွီးအီ မှ အေမာမ် ဇါဒေ ယဟ်ယာ  Imam(အ.စ) ၌ ကျင်းပသော ၁၄ ကြိမ်မြောက် အီရန်သမ္မတ သစ် ဒုတိယအဆင့် ရွေးကောက်ပွဲ တွင် ပါဝင်ပြီးနောက် စကားပြောဆိုမှုအတွင်း ပြောကြားခဲ့သည်မှာ - မြင့်မြတ်သောကာကွယ်ရေးကာလ( အီရန် ၊အီရန် စစ်ပွဲ ကာလ ) တွင်ပင် အချို့သောစစ်ဆင်ရေးများသည် ပထမအဆင့်တွင် ရလဒ်မဖြစ်ထွန်းခဲ့ဘဲ ဤ စစ်ဆင်ရေး ၏ ဒုတိယအဆင့်သည် အလွန်အရေးကြီးကြောင်း ဖြစ်ပါတယ်။

အလားတူပင် ကျွန်ုပ်တို့နိုင်ငံတွင် ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ဒုတိယအဆင့်သည်လည်း အလွန် အရေးကြီးပြီး အဆုံးအဖြတ်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  မိုရ်သဒွါ မိုသွီးအီ မှ  ဆက်လက်ပြီး မဲပေးခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးတက်မှုအတွက် အလွန်အရေးကြီးကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အတိုက်အခံများသည် ရွေးကောက်ပွဲတွင် အီရန် ပြည်သူ များ အနေဖြင့် အစ္စလာမ်မစ် စနစ်အတွက် တက်ရောက်မှု နှင့် ကြီးမားသော ပူးပေါင်းပါဝင်မှု ပြုခြင်းကို  အလွန်စိုးရိမ်နေကြကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251