၁၄ ဇူလိုင် ၂၀၂၄ - ၂၀:၂၇
ပါလက်စတိုင်းသားများအား ဘယ်တော့မှ တစ်ယောက်တည်း ထားခဲ့မှာမဟုတ် ကြောင်း ဘေဇစ်ရှ် ဂီယန်း မှ အီစ္စမာအီ ဟနီယေဟ်  အား တယ်လီဖုန်း နှင့် ပြောကြား

ပါလက်စတိုင်း နိုင်ငံ ဟားမတ်စ်အဖွဲ့ ၏ ထိပ်တန်းခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ် မှ အသစ် ရွေးချယ်ခံ ရသော အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းအား ဖုန်း နှင့် ဆက်သွယ် ပြီး ရွေးကောက်ပွဲ တွင် အနိုင် ရခဲ့မှု အတွက်မိုဘာရတ်က် စကား ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါလက်စတိုင်း နိုင်ငံ ဟားမတ်စ်အဖွဲ့ ၏ ထိပ်တန်းခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ်  မှ အသစ် ရွေးချယ်ခံ ရသော အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းအား ဖုန်း နှင့် ဆက်သွယ် ပြီး ရွေးကောက်ပွဲ တွင် အနိုင် ရခဲ့မှု အတွက်မိုဘာရတ်က် စကား ပြောကြားခဲ့ကြောင်း Maher သတင်းဌာနမှ Shahab News ကို ကိုးကား တင်ပြထားပါတယ်။

စကားပြောကြားချိန် တွင်  အီစ္စမာအီ ဟနီယေဟ်  မှ  အီရန် နိုင်ငံ အနေဖြင့် သမ္မတရွေးကောက်ပွဲများ  အတွင်း ခိုင်မာအားကောင်းသော ဒီမိုကရေစီစနစ် ၏ အကောင်းဆုံး စံနမူနာကို ကမ္ဘာ ကို ပြသ ခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့၏ နိုင်ငံရေးရုံးအကြီးအကဲ မှ ဇီယွန်ဝါဒီအစိုးရ၏  အယ်လ်ရှာတီနှင့် အယ်လ်မာဝါစီ ဒုက္ခသည် စခန်းများ အပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ထောက်ပြခဲ့ပြီး အပစ် အခတ် ရပ်စဲရေး အတွက် အလေး အနက်ထားကြောင်း ပြောကြား ခဲ့ပါ တယ်။

နားလည်မှုစာချွန်လွှာတွင်ဖော်ပြထားခြင်းမရှိသောအချက်များကိုဇီယွန် ၀န်ကြီးချုပ်ကတင်ပြခဲ့ပါတယ်။ ဤသည် မှာ နေတန်ယာဟုသည် စစ်ပွဲကို ဆက်လက်ဆင်နွှဲရန် ငြင်းချက်ဖြစ်ပါတယ်။

ဆက်လက်ပြီး အီစ္စမာအီ ဟနီယေဟ်   မှ ပါလက်စတိုင်း တော်လှန်ရေးကို ထောက်ခံအားပေးသည့်  အီရန်ကို ကျေးဇူးတင်ကြောင်း နှင့် ပါလက်စတိုင်းအရေးကို နိုင်ငံရေးအရ အဖြေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါတယ်။

ဟားမတ်စ်၏ ထုတ်ပြန်ချက် အရ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းသည် အယ်လ်မာဝါစီ စခန်းတွင် ဇီယွန်ဝါဒီများ၏ လူမဆန် စွာ တိုက်ခိုက်မှု အား  ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဇီယွန်အစိုးရသည် ပါလက်စတိုင်း လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက် လိုလားကြောင်း အကြောင်းမှာ မိမိ  ရည်ရွယ်ချက်များ အောင်မြင်  ရန် ဖြစ်ကြောင်း ဖြစ်ပါတယ်။

အသစ်ရွေးချယ်ခံရသော အီရန်သမ္မတ မှ  ပါလက်စတိုင်းပြည်သူများကို  ခက်ခဲသောအချိန်များတွင် တစ်ယောက် တည်း ထားထား မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ ဖိုရမ်များတွင် အီရန် သမ္မတ သစ် အစိုးရအဖွဲ့သည် ပါလက်စတိုင်း ပြဿနာကို ထပ်မံ မီးမောင်းထိုးပြမည်ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းတွေ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရပ်တန့်သွားအောင် အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း  ပြောဆိုခဲ့ပါတယ်။

.......................................................

END / 251