၁၈ ဇူလိုင် ၂၀၂၄ - ၁၅:၀၁
အိုမန်တွင် အဇါဒါရီ ပြုလုပ်နေသူများအပေါ်  အကြမ်းဖက်တိုက်ခိုက်မှုအား အာယာသွလ္လာဟ် စစ်သာနီ မှ ရှုတ်ချ

အိုမန်တွင် အဇါဒါရီ ပြုလုပ်နေသူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် ရှဟီးဒ် ဖြစ်သွားသည့် ရှီအဟ်များ ဝမ်းနည်းကြောင်း သဝဏ်လွှာ အား အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ ပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ အိုမန် နိုင်ငံ  ၏ မတ်စကတ် မြို့ ဆင်ခြေဖုံးရှိ အလ်ဝဒီယိုလ်ကဘီးရ် ဧရိယာတွင်  အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် အဇါဒါရီ ပြုနေသူများ အား အကြမ်းဖက်တိုက်ခိုက်မှု ကို ရှုတ်ချကြောင်း အိုမန် နိုင်ငံ ၏  ရှီအဟ်များ ဗလီ ၏ ရှေ့ဆောင် နမာဇ်  ရှိက်ခ် အဲဟ်စာန် အလ်လဝါသီ အား မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ မှ ဆက်လက်ပြီး အိုမန်နိုင်ငံရှိ  ဂျန္နသ် ၏ လုလင်ပျိုများ၏ ခေါင်းဆောင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏  အဇါဒါရီ ပြုလုပ်နေကြသည့် မွတ်စလင်မ် ညီအစ်ကို များ အား ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှု သတင်းကို ကြီးစွာသော ဝမ်းနည်းကြေကွဲစွာဖြင့် ကြားသိ ခဲ့ရကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် မှ ဤအကြမ်းဖက်မှုအား ရှုတ်ချစဉ်တွင် ရှဟီးဒ် (အာဇာနည် ) များ ၏ မိသားစုဝင်များ နှင့် မိုအ်မင်များ အားလုံး ကို ဝမ်းနည်းကြောင်းဖော်ပြပြီး ရှဟီးဒ် (အာဇာနည်) များအတွက် ကရုဏာ၊ ကျေးဇူးတော်နှင့် ဒဏ်ရာရသူများအတွက် အမြန်ပြန်လည်ကျန်းမာလာစေရန်အတွက် အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် ထံ ဆုတောင်း ခဲ့ပါတယ်။

အိုမန် နိုင်ငံ  ၏ မတ်စကတ် မြို့ ဆင်ခြေဖုံးရှိ အလ်ဝဒီယိုလ်ကဘီးရ် ဧရိယာ ၏ ဗလီတစ်ဝိုက်တွင် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် အဇါဒါရီ ပြုနေသူများ အား အကြမ်းဖက်တိုက်ခိုက်မှုကြောင့်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက်နောက်သား ၅ ဦး ရှဟီးဒ် (အာဇာနည် ) ဖြစ်ခဲ့ပြီး၂၈ ဦး ဒဏ်ရာ ရခဲ့ကြောင်း မီဒီယာ သတင်းရင်းမြစ်များက ဖော်ပြ ထားပါတယ်။

သက်ဖီးရီ  အဖွဲ့ ISIS သည် ဤ အကြမ်းဖက်တိုက်ခိုက်မှုအတွက် တာဝန်ယူ ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

.......................................................

END / 251