၂၅ ဇူလိုင် ၂၀၂၄ - ၀၈:၅၃
ဗလီကို စီးနင်းဝင်ရောက်ကာ အစ္စလာမ်မစ် စင်တာများ ပိတ်ခြင်း အတွက် ဂျာမနီသံအမတ်အား အီရန်နိုင်ငံခြား ရေးရုံးက ဆင့်ခေါ်

ဂျာမနီနိုင်ငံရှိ အစ္စလာမ္မစ်စင်တာ အများအပြားကို ပိတ်ပစ်ရန် အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဂျာမန်သံ အမတ်အား ဆင့်ခေါ်ခြင်းဖြင့် ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahrnews သတင်းဌာန ၏ သတင်း အထောက်အထားများအရ အစ္စလာမ့်စင်တာအများအပြားကို ဂျာမန် ရဲတပ်ဖွဲ့က ပိတ်ပစ်ပြီးနောက်တွင် အီရန်နိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကြီး Hans Odo Motsel အား အနောက် ဥရောပ ၏ ညွှန်ကြားရေးမှူးချုပ် က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ပါတယ်။

ဂျာမနီရဲတပ်ဖွဲ့၏ ရန်လိုမှုနှင့် လူ့အခွင့်အရေး ချိုးဖောက် သည့် လုပ်ရပ်ကို အီရန်က ရှုတ်ချခဲ့ပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အသိပေးခဲ့ပါတယ်။

အနောက်ဥရောပနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ယနေ့ ဂျာမနီတွင် ဖြစ်ပျက်နေ သည့်အရာသည် အစ္စလာမ် နှင့် အီဗရာဟီး (အ.စ) ၏ ဘာသာဝင်များအပေါ် ရန်လိုမုန်းတီးမှု၏ ရှင်းရှင်းလင်းလင်း ဥပမာ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များထံ ချက်ခြင်းအကြောင်းကြားမည်ဟု ဂျာမန်သံအမတ်က ဆင့်ခေါ်စာ တွင် ပြောကြားခဲ့ပါတယ်။

အစောပိုင်းတွင် ဂျာမန်ပြည်ထဲရေးဝန်ကြီး နန်စီ ဖက်ဆာက ဟမ်းဘတ်အစ္စလာမ္မစ်စင်တာကို အစွန်း ရောက် လှုပ်ရှားမှုများကြောင့် ပိတ်ထားကြောင်း အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဟမ်းဘတ်မြို့ရှိ ဗလီတစ်ကျောင်းကို ဂျာမနီ ရဲ ဒါဇင်ပေါင်းများစွာက ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက ဝင်ရောက် စီးနင်းခဲ့ပါတယ်။

အေမာမ် အလီ (အ.စ) မတ်စ်ဂျစ်ဒ် သည် ဂျာမနီတွင် ရှေးအကျဆုံး ဗလီများထဲမှ တစ်ခုဖြစ်ကြောင်း သတိပြု သင့်ပါ တယ်။

.......................................................

END / 251