၂၇ ဇူလိုင် ၂၀၂၄ - ၁၈:၅၇
ကောင်းချီးမင်္ဂလာများ တိုးပွားအောင် ပြုနည်း

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကောင်းချီးမင်္ဂလာများ တိုးပွားအောင် ပြုနည်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

 

بِالعَدلِ تَتَضاعَفُ البَرَكاتُ.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  တရားမျှတခြင်း ၊ကျောသားရင်သား မကွဲခြား ခြင်းကြောင့် ကောင်းချီးမင်္ဂလာများ နှစ်ဆ တိုးပွားလာမည် ဖြစ်ပါသည်။ »


ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ၄၂၁၁

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ကောင်းချီးမင်္ဂလာများ (ခ) ဘရကသ်များ ကို  နှစ်ဆ တိုးပွားလာရန် ကိစ္စတိုင်း တွင် တရားမျှတခြင်း ၊ကျောသား ရင်သား မကွဲခြား ရှိဖို့ လိုပါတယ်။ ပမာအား ဖြင့် ဖေ့ဘုတ်တွင်  မိမိ တွေ့မြင်နေရသည့် ဘာသာရေး ပို့စ်တင်သူ  အာလင်မ်များ အား အတူတူ ရှယ်ပေးခြင်း အတူတူ အားပေးကွန့်မန်များ ရေးပေးခြင်း ၊ မဂျ်လစ်တွင် လာသူ ၊ သူဌေး ဖြစ်စေ သူဆင်းရဲဖြစ်စေ အား သဗ်ရွတ်က် တူတူ ဝေငှခြင်း အာလင်မ် ခြင်း တူနေလျင် ကိုယ်သဘောကျသည် ဖြစ်စေ မကျသည် ဖြစ်စေ တန်းတူ အရိုအသေ ပြုခြင်း လူကြီးချင်း တူနေလျင် ဆင်းရဲသား ဖြစ်စေ ချမ်းသူဖြစ်စေ အား  အတူတူစလာမ် ပေးခြင်း စသည်တို့  သည် ကောင်းချီးမင်္ဂလာများ (ခ) ဘရကသ်များ ကို  နှစ်ဆ တိုးပွားလာ စေမည် ဖြစ်ပါတယ်။ မတရားဆက်ဆံလျင် ကျောသား ရင်သားခွဲခြား ဆက်ဆံ လျင် ကောင်းချီးမင်္ဂလာများ (ခ) ဘရကသ်များ ပျက်စီးသွား မည် ဖြစ်ပါတယ်။

****************************************************************

END / 251