၂၈ ဇူလိုင် ၂၀၂၄ - ၁၄:၃၅
 ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အား အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အဖြစ်  တာဝန် စတင်ထမ်းဆောင် ရန် ခန့်အပ်

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ရွေးကောက်ပွဲမှာ အီရန်ပြည်သူအများစု ၏ မဲဆန္ဒကို လက်တွေ့ အကောင်အထည်ဖော် နိုင်ရန် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အား အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အဖြစ် တာဝန် စတင်ထမ်းဆောင် ရန် ခန့်အပ်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ   မှ ယနေ့နံနက်ပိုင်းတွင် အီရန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၀၊ အပိုဒ် ၉ ကိုအခြေခံ၍ အခမ်းအနားတစ်ခု ၌ အီရန်ပြည်သူများ၏ ဆန္ဒမဲဖြင့် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အား အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အဖြစ်  တာဝန် စတင်ထမ်းဆောင် ရန်ခန့်အပ် ခဲ့ပါတယ်။

ဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ   မှ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အား အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အဖြစ်  တာဝန် စတင်ထမ်းဆောင် ရန် ခန့်အပ်သည့် သမ္မတရာထူး အမှုဆောင်အမိန့်စာမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

بسم‌ الله الرحمن الرحیم

والحمدُاللهِ ربِ العالمینَ و صلی‌الله علی محمدٍ و آلِه ‌الطّاهرین سیّما بقیة‌اللهِ فی العالمین .

တစ်ဖန် အစ္စလာမ့်အီရန် ကို ဂုဏ်ယူ၍ ကြီးကျယ်သည့် လူမျိုးကြီး၏ မျက်နှာကို ထွန်းလင်းစေသော အကြွင်းမဲ့ သိမြင်ပြီး တန်ခိုးကြီးတော်မူသော အလ္လာဟ် ဟို အရှင်မြတ် ကို ကျေးဇူးတင်ပါသည်။ သမ္မတရွေးကောက်ပွဲ၏ အဆုံး အဖြတ်စမ်းသပ်မှုမှာ ပြည်သူများနှင့် တာဝန်ရှိသူများ၊ ခက်ခဲသောအခြေအနေများတွင် တည်ငြိမ် အေးဆေးပြီး သိက္ခာရှိရှိ ကြိုးပမ်းမှုဖြင့် ပြီးမြောက်ခဲ့ပြီး နိုင်ငံအတွက် ရွေးချယ်ထားသော ကိုယ်ရည်ကို ယ်သွေးသည် ကြီးမားသောတာဝန်ကို ကျေပွန်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်။

ရှဟီးဒ် သမ္မတ (ဟောင်း) ၏ သက်တမ်း မပြီးဆုံးသေးခင်  ၁၄ ကြိမ်မြောက် အီရန် သမ္မတ ရွေးကောက်ပွဲသည် အီရန်နိုင်ငံ ၏ ဂုဏ်ထူးဆောင်များထဲမှ တစ်ခုဖြစ်ပြီး တည်ငြိမ်သော အစ္စလာမ္မစ်စနစ် ထူထောင်ခြင်း၏ လက္ခဏာတစ်ခု ဖြစ်ပြီး နိုင်ငံ၏ နိုင်ငံရေး အငွေ့အသက် ၏ ကျိုးကြောင်းဆီလျော်မှုနှင့် သိမ်မွေ့မှုကို ညွှန်ပြနေပါသည်။  ကမ္ဘာ့ဒေသအချို့ရှိ အလားတူစမ်းသပ်မှုများတွင် မနှစ်မြို့ဖွယ်ဖြစ်ရပ်အချို့ကို ကြည့်ပါက အီရန်နှင့် အီရန်နိုင်ငံသားများ၏ ထင်ရှားကျော်ကြားမှုကို ပြသနေပါသည်။

အခု ဒီဂုဏ်ကိုဖန်တီးရာမှာ ကြီးကျယ်သည့် လူမျိုးကြီးများနောက်ကလိုက် ရန် ပညာရှိ၊ ရိုးသား၊ လူကြိုက်များပြီး ပညာတတ်ကိုယ်ရည်ကိုယ်သွေး ပိုင်ရှင် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အား မဲပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အဖြစ်  တာဝန် စတင်ထမ်းဆောင် ရန် သမ္မတရာထူးကို ကျွန်တော် ခန့်အပ်ပါသည်။ ပြီးတော့ လူကြီးမင်း ၏ အောင်မြင်မှုအတွက် စိတ်ရင်းမှန်နဲ့ ဆုတောင်းဆန္ဒများပြုရင်း ဖြောင့်မတ်မှန်ကန်သည့် အစ္စလမ်ဘာသာ နှင့်  တော်လှန်ရေး ၏ မူဝါဒကို ဆက်လက်ထိန်းသိမ်းထားသရွေ့ နိုင်ငံတော်၏ ဆန္ဒမဲ နှင့် ကျွန်ပ် ၏ ယုံကြည်ချက်သည်  လူကြီးမင်းအပေါ် ဆက်လက် ရှိနေမှာဖြစ်ကြောင်း သတိပေးပါလိုပါသည်။

والسلامُ علی عبادِاللهِ الصّالحین

ဆယက်ဒ် အလီ ခါမေနာအီ   

ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ ၂၈ ရက်နေ့

.......................................................

END / 251