၃၀ ဇူလိုင် ၂၀၂၄ - ၀၄:၂၀
   အစ္စလာမ်မစ် စင်တာကို ပိတ်သိမ်းခြင်းသည် ဇီယွန်ဝါဒီအစိုးရ၏ အကျိုးစီးပွား အတွက်ဖြစ်ကြောင်း အီရန်ကြား ဖြတ် နိုင်ငံခြားရေး ဝန်ကြီး မှ  ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး သို့ ပြောကြား

ဟမ်းဘတ် အစ္စလာမ်မစ်စင်တာကို ပိတ်လိုက်ခြင်းသည် ဇီယွန်ဝါဒီအစိုးရအတွက် အလီဘာကရီကနီ အကျိုးရှိစေမည့် နိုင်ငံရေးဆုံးဖြတ်ချက်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မှ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး နှင့် တယ်လီဖုန်းပြောဆိုမှုတွင် ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘေယာဘော့ နှင့် ဖုန်းဖြင့် စကားပြောစဉ်တွင် အီရန်နိုင်ငံ ယာယီနိုင်ငံခြားရေးဝန်ကြီး အလီဘာကရီကနီ မှ ဟမ်းဘတ်မြို့ရှိ အစ္စလာမ်မစ်စင်တာ ကို တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု Maher သတင်းဌာန၏ ဖော်ပြချက်အရ သိရပါတယ်။

အစ္စလာမ္မစ်စင်တာကို ပိတ်ပစ်ရန် ဂျာမန်အစိုးရ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးသက်သက်ဖြစ်ပြီး အစ္စလာမ်ကြောက်မုန်းတီးမှု၏ လက္ခဏာဖြစ်ပြီး ဇီယွန်အစိုးရအတွက် အကျိုးရှိစေမည်ဟု အီရန်နိုင်ငံခြား ရေးဝန်ကြီး မှ ပြောကြားခဲ့ပါတယ်။

အလီဘာကရီကနီ မှ အဆိုပါဖြစ်ရပ်၏တာဝန်မှာ ဂျာမန်အစိုးရတွင်သာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအခါမှာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးမှ  အစ္စလမ်မစ်စင်တာပိတ်သိမ်းရေးကိစ္စတွေကို ဥပဒေကြောင်းအရ ဆောင်ရွက်သွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါအခက်အခဲများကို သံတမန်နည်းလမ်းဖြင့် အကောင်းဆုံးဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြား ရေးဝန်ကြီး အန်နာလီနာ ဘေယာဘော့ မှ ပြောကြားခဲ့ပါတယ်။

...................................................

END / 251